အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၃ ဒီဇင်ဘာ ၂၀၁၅

၁၉:၅၇:၁၀
724740

နိုင်ဂျီးရီးယား ရှီအာ ခေါင်းဆောင် ရှိက်္ခဇက်ဇာကီ နှင့် ဖုန်း ဖြင့် စကား ပြောခြင်း

နိုင်ဂျီးရီးယား ရှီအာ ခေါင်းဆောင် ရှိက်္ခဇက်ဇာကီ ၏သား နှင့် ဇနီးရှဟီးဒ် ဖြစ်

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ ထိပ်တန်း အရာ ရှိများမှ တစ်ဦး သည် ယနေ့ မနက်တွင် နိုင်ဂျီးရီးယားနိုင်ငံ၏ ရှီအာ ခေါင်းဆောင် ရှိက်္ခဇက်ဇာကီ အားဖုန်းဆက်ပြီး နိုင်ဂျီးရီးယား အခြေ အနေ ကို မေးမြန်း ခဲ့ပါတယ်။ဖုန်းတွင် ရှိက်္ခဇက်ဇာကီ မှ ၎င်းရဲ့ အိမ် ကို စစ်တပ် ဝိုင်းထားကြောင်း ပြောပြခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ ထိပ်တန်း အရာ ရှိများမှ တစ်ဦး မှ အဗ်နာ သတင်းဌာန နှင့်ဖုန်းဖြင့် စကားပြောဆိုရင်း ပြောကြားခဲ့ပါတယ်။

ကျနော်တို့တွေ ဒီနေ့ (တနင်္ဂနွေနေ့) မနက်ပိုင်းမှာပဲ နိုက်ဂျီးရီးယား နိုင်ငံ ဇာရီယာ မြို့ ရှိ ရှီအာ မွတ်စ လင်မ်များ အပေါ် တိုက်ခိုက်မှု သတင်း နှင့်ပတ်သက်၍ ကြားပြီး ဟွဂ်ျဂျသွလ်အစ္စလာမ် ရှိက်္ခ အီဗရာဟီးမ် ဇက်ဇာကီ ဆီ ဖုန်းဆက်ပြီး သတင်းယူခဲ့ပါတယ်။

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ စိတ်ချယုံကြည်ရသည့် ဤအရာ ရှိမှ ဆက်လက်ပြီး ပြောပြပါတယ်။ ဖုန်း နှင့်စကားပြောနေချိန် ရှိက်္ခဇက်ဇာကီ မှပြောပါတယ် ။ ယခုထိ ကျနော် အိမ်ကို စစ်တပ်က ဝိုင်းထားပါတယ် ။ အိမ်ကိုလည်း ပစ်မှတ်အဖြင့်ထားတာပါတယ်။ တိုက်ခိုက်မှု ဟာ အရှိန်း ပြင်း လာနေပါတယ်လို ပြောပြပါတယ်။

အီရန်အရာရှိမှ မိမိအမည်ကို မထုတ်ဖော်ရန် မေတ္တာ ရပ်ခံပြီး အဗ်နာ သတင်း ဌာန ကို ဆက်လက် ပြောပြပါတယ်။ ရှိက်္ခဇက်ဇာကီ မှ မနေ့ည က ၈ ဦး ယနေ့မနက်ကနေ ယခု (ဖုန်းပြောနေချိန် )အထိ အ၄၀ ဦး ခန့် ရှဟီးဒ် ဖြစ်သွားပြီး ဖြစ်ကြောင်း ပြောပြပါတယ်။

၎င်းမှဆက်လက်ပြီး ပြောပြပါတယ် ။ လက်ရှိအခြေအနေမှာ ရှိက်္ခဇက်ဇာကီ ရဲ့ အခြေအနေ ဘယ်လို ရှိတယ် ဆိုတာ သတင်းမရှိသေးပါဘူး ၊ ဘာကြောင့်ဆိုရင် နောက်တစ်ကြိမ် ဖုန်းထပ် ဆက်တာ ရှိက်္ခ ဇာက်ဇကီ နှင့် မိသားစု ဝင်တွေ ၊ဘယ်သူ မှ ဖုန်းမကိုင်ကြလို့ ဖြစ်ပါတယ် ဟု ပြောပါတယ်။

အီရန်အရာ ရှိမှ ဆက်လက်ပြီး ပြောကြားပါတယ်။ရှိက်္ခဇက်ဇာကီ၏ သား အလီဇက်ဇာကီ နှင့်၎င်း၏ ဇနီး ဇိုနသ် အီးဗရာဟီးမ် တို့ ရှဟီးဒ် ဖြစ်သွားကြောင်းလည်း ကြားနေရပါတယ်လို့ ပြောပြခဲ့ပါတယ်။

ဆက်လက်၎င်းအရာ ရှိမှ အီရန် နိုင်ငံ ဘက်မှ နိုင်ငံရေး အရ ဆက်သွယ်မှု ကို ပြောပြရင်း ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဇရီးဖ် အနေဖြင့် နိုင်ဂျီးရီးယား နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ကိုဖုန်းနှင့်ဆက်သွယ်ပြီး မိမိနိုင်ငံအတွင်း ရှီအာ မျိုးပြုတ် သတ်ဖြတ်နေမှု ကို ချက်ချင်း ရပ်ပေးရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။

======================

251 / End