အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၄ ဒီဇင်ဘာ ၂၀၁၅

၁၁:၂၆:၂၄
724824

နိုင်ဂျီးရီးယား အစိုးရ အနေဖြင့် မွတ်စလင်မ် များ ၏ အသက် လုံခြုံ မှု အတွက် ခြေလှမ်းပါလေ / မိုဟမ္မဒ် ဇရီးဖ်

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဇရီးဖ် အနေဖြင့်မိမိ နှင့် ရာထူးတူ နိုင်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး အား နိုင်ဂျီးရီးယား အစိုးရ ဘက်မှ မိမိနိုင်ငံ သား မွတ်စ လင်မ် များ ၏ အသက် လုံခြုံ မှု အတွက် ခြေလှမ်း ၊ လှမ်းပေးပါရန် တောင်းဆို ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ မိုဟမ္မဒ် ဇရီးဖ် အနေဖြင့်မိမိ နှင့် ရာထူးတူ နိုင်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဂျဖ်ရီအူနီအီမာ နှင့် လက်ရှိ ဖြစ်ပွားခဲ့သည့် နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း ကာဒူနာ ပြည်နယ်ရှိ ဇာရီယာမြို့ (ရှီအာ) မွတ်စလင်မ်များ ပစ်သတ်ခံရမှု ဖြစ်ရပ်ဆိုး နှင့်ပတ် သက်ပြီး ဖုန်း ဖြင့် ဝမ်းနည်း ကြေကွဲ ရကြောင်း ပြောကြားခဲ့ကြပါတယ်။

နိုင်ဂျီးရီးယား စစ်တပ် မှ မနေ့က ဒီဇင်ဘာလ ၁၃ရက်နေ့ တနင်္ဂနွေနေ့ တွင် နိုင်ဂျီးရီးယား ရှီအာ မွတ်စလင်မ်များ ၏ ခေါင်းဆောင် ထိပ်တန်း အာလင်မ် ဟဇရသ် အာယာသွလ္လာဟ် အီဗရာဟီးမ် ရှိက်္ခဇက်ဇာကီ ၏နေအိမ် ကို တိုက်ခိုက်ခဲ့ပါတယ်။ ပြီးနောက် အာယာသွလ္လာဟ် ကို ဖမ်းချုပ် ခဲ့ကြပါတယ်။ အာယာသွလ္လာဟ် ကို ကာကွယ်ဖို့ လုပ်တဲ့ သူအချို့ ကို သေနတ် နှင့် ရက်စက် စွာ ပစ်သတ်ခဲ့ပါတယ်။

နိုင်ဂျီးရီးယား စစ်တပ်အနေဖြင့် ဇာရီယာမြို့ ရှိ ဗကီးယသွလ္လာဟ် အမည်ရှိ အေမာမ်ဘရ်ဂါ ကိုလည်း စနေနေ့ ကတိုက်ခိုက်ခဲ့ပါ တယ်။စစ်တမ်း အရ စနေနေ့မှယနေ့ အထိ (ရှီအာ ) မွတ်စလင်မ် အယောက် ၅၀ ခန့် ရှဟီးဒ် ဖြစ်သွား ကြောင်း သိရပါတယ်။

ဒေါက်တာဇရီးဖ် မှ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရေးကို တိုက်တွန်းပြောကြားပြီး ဤဖြစ်ရပ်ဆိုးအ တွက် မိမိအနေဖြင့် အလေးအနက် စိုးရိမ် မှုရှိ လာကြောင်း နှင့် ဝမ်းနည်း ကြောင်း ပြောကြား ခဲ့ပါ တယ်။

မိမိနေဖြင့် နိုင်ဂျီးယား အစိုးရ ဘက်မှ အကြမ်းဖက်မှု ကို ရှောင်နိုင် ဖို့ ၊တည်ငြိမ် အေးချမ်းမှုကို ဆောက်တည် ပေးဖို့ နှင့် (ရှီအာ၊စွန်နီ ) မွတ်စလင်မ်များ၏ အသက်ကို လုံခြုံမှု ရှိစေဖို့ လေးလေး နက်နက်နှင့် မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်မည် ဟုမျှော်လင့် ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဂျဖ်ရီအူနီအီမာ မှလည်း မျှော်လင့်ချက်ထားဖို့ ပြောကြားခဲ့ပါတယ်။ ဒေသဆိုင်ရာတည်ငြိမ် အေးချမ်းမှုကို ပြန်တည်ဆောက်ပေးနိုင်ရန် ၊ အကြမ်းဖက် ပဋိပက္ခ ဖြစ်မှုများ နှင့်တင်းမာ မှုများကို ထိန်းချုပ် နိုင်ရန် မြန်နိုင်သမျှအမြန် ဆောက်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ၏ ပြည်သူ့ သံတမန်ရေး နှင့် ပြန်ကြားရေး ဌာန ဥက္ကဋ္ဌ နှင့် ပြောရေးဆိုခွင့် ရှိသူ ဟိုစိန် ဂျာဗေရ် အန်ဆွာရီ မှ တနင်းလာနေ့ တွင်ကျင်းပသည့် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် မကြာသေမီက အဇာဘိုင်ဂျန် နိုင်ငံ နှင့် နိုင်ဂျီးရီးယား နိုင်ငံတို့တွင် ဖြစ်ပွား ခဲ့သည်အဖြစ်ဆိုး ရှီအာ မွတ်စလင်မ်များ ကို နိုမ်နင်း မှုနှင့် သတ်ဖြတ်မှု နှင့်ပတ်သက်ပြီး အီရန် နိုင်ငံဘက်မှ အဇာဘိုင်ဂျန် အစိုးရ နှင့်သံတမန်ရေး အရ ကြိုးစားမှုများ ပြုခဲ့သည့် အတွက် မတော်တဆ ဖြစ်ခဲ့အထိ အဇာဘိုင်ဂျန် အစိုးရမှပြောကြားလာကြောင်း ယခု တဖန် နိုင်ဂျီးရီးယား ဖြစ်ရပ်ဆိုးသည် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် အတွက် ပြင်းထန် သည့် ဝမ်းနည်းကြေကွဲ မှု ကို ဖြစ်စေ ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

======================

251 / End