အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
တနင်္လာနေ့

၁၄ ဒီဇင်ဘာ ၂၀၁၅

၁၄:၅၅:၅၆
724867

အမေရိကန်စစ်သားတစ်ယောက်ရဲ့ အိတ်ဖွင့်ပေးစာ

ကျွန်တော်က အမေရိကန်နိုင်ငံသား၊ ခရစ်ယန်ဘာသာဝင် စစ်သားတစ်ယောက်၊ တောင်ပိုင်းမှာကြီးပြင်းခဲ့တဲ့ လူဖြူတစ်ယောက်ဖြစ်ပြီး သခင်ယေရှု၊ လွတ်လပ်မှုနဲ့ နိုင်ငံတော်က ပေးအပ်ထားတဲ့ ကြွယ်ဝမှုစည်းစိမ်တွေကို လေးစားတန်ဖိုးထားသူဖြစ်ပါတယ်။ အီရတ်စစ်ပွဲမှာ ပါဝင်ခဲ့ပြီး မိတ်ဆွေကောင်းများစွာကို အသက်ပေးဆုံးရှုံးခံခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အမေရိကန်စစ်သားတစ်ယောက်ရဲ့ အိတ်ဖွင့်ပေးစာ

ခင်မင်ရပါသော မွတ်စ်လင်မ်များခင်ဗျား ……

ကျွန်တော်က အမေရိကန်နိုင်ငံသား၊ ခရစ်ယန်ဘာသာဝင် စစ်သားတစ်ယောက်၊ တောင်ပိုင်းမှာကြီးပြင်းခဲ့တဲ့ လူဖြူတစ်ယောက်ဖြစ်ပြီး သခင်ယေရှု၊ လွတ်လပ်မှုနဲ့ နိုင်ငံတော်က ပေးအပ်ထားတဲ့ ကြွယ်ဝမှုစည်းစိမ်တွေကို လေးစားတန်ဖိုးထားသူဖြစ်ပါတယ်။ အီရတ်စစ်ပွဲမှာ ပါဝင်ခဲ့ပြီး မိတ်ဆွေကောင်းများစွာကို အသက်ပေးဆုံးရှုံးခံခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။

ကျွန်တော်က အသင်တို့မွတ်စ်လင်မ်တွေကို မုန်းတီးကြောက်ရွံ့ခြင်းမရှိသလို ဒီအမေရိကန်နိုင်ငံကနေ ထွက်ခွါသွားမှာကိုလည်း မလိုလားပါဘူး။ ကျွန်တော်က အသင်တို့ရဲ့ ခံစားမှု၊ ရုန်းကန်မှု၊ ပျော်ရွှင်မှုအပါအဝင် အသင်တို့အကြောင်းကို သိချင်သူပါ။ အသင်တို့နဲ့အတူ ကျွန်တော့အိမ်မှာ ဘာဘီကျုလေးလုပ်စားရင်း ထွေရာလေးပါးစကားပြောချင်ပါတယ်။ အသင့်ကလေးတွေနဲ့ ကျွန်တော့သားသမီးတွေ မိတ်ဆွေတွေဖြစ်စေချင်ပြီး ကျွန်တော့ခြံထဲမှာ အတူကစားတာကို မြင်တွေ့ချင်ပါတယ်။ အသင်နဲ့အတူ အပြန်အလှန်လေးစားမှုနဲ့ ဘောလုံးပွဲထိုင်ကြည့်ချင်ပါတယ်။

ကျွန်တော်နဲ့အသင်တို့အတွက် ဘုံရန်သူက အစ္စလာမစ်အစွန်းရောက်(IS)တွေပါ။ သူတို့က အသင်နဲ့ ကျွန်တော်တို့ကို စိတ်ဝမ်းကွဲစေပြီး အပြန်အလှန်ကြောက်ရွံ့နေစေချင်သူတွေပါ။ သူတို့က ကျွန်တော်တို့သားသမီးတွေကိုလည်း အမုန်းတရားနဲ့ ကြီးပြင်းလာစေချင်သူတွေပါ။ အသင်တို့မှအပ အခြားကိုးကွယ်ရာတွေကို မိစ္ဆာဝါဒအဖြစ် ယုံကြည်စေချင်ပြီး အဲဒီအတွက် အပြစ်ပေးရမယ်လို့ အသင်တို့စိတ်ထဲ ထင်မှတ်စေချင်သူတွေပါ။ အသင့်သားသမီးတွေကို အင်တာနက်စာမျက်နှာတွေကတဆင့် အခြားသူတွေအပေါ် အမုန်းမှိုင်းတွေတိုက်ရင်း သူတို့အတွက် အဖွဲ့ဝင်သစ်တွေ စုဆောင်းနေသူတွေပါ။ အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းနေတဲ့ပုံမှန်ဘဝတွေကို ပျက်သွားအောင်လုပ်နေတာပြီး သူတို့ကို ပြင်းပြင်းထန်ထန် ပြန်တုန့်ပြန်လိုက်တာနဲ့ ကျွန်တော်တို့အကြားက အမုန်းတရားကို ဆပွါးစေချင်သူတွေပါ။

ဝမ်းနည်းစရာကောင်းတာက သူတို့ဖြစ်စေချင်သလို တကယ်ဖြစ်လာတာပါပဲ။ အာရဗ်ရုပ်ဆင်သူတွေကို တွေ့ရင်ကို သံသယတွေပွါး၊ မယုံကြည်တဲ့အကြည့်တွေကတဆင့် အစ္စလာမ်ကြောက်စိတ်၊ လူမျိုးခွဲခြားစိတ်တွေဖြစ်လာနေတာကို မမြင်ချင်ပဲ ကြည့်နေရတယ်။ ခရိယာန်ဘာသာဝင်တွေအနေနဲ့ ခရစ်တော်ရဲ့ထုံးကို နှလုံးမူပြီး အသင်နဲ့ ဆီရီးယားဒုက္ခသည်တွေကို ကျွန်တော်တို့ရဲ့ အမေရိကန်လူ့အဖွဲ့အစည်းက နွေးထွေးစွာလက်ခံချင်ပေမဲ့ အစွန်းရောက်တွေရဲ့ အမုန်းမီးတိုက်မှုကြောင့် ကြောက်စိတ်နဲ့ မယုံကြည်မှုတွေက အဟန့်အတားဖြစ်လာစေပါတယ်။ အကျိုးဆက်အနေနဲ့ အသင်နဲ့ ကျွန်တော်တို့ ပိုဝေးလာပြီး အစွန်းရောက်တွေအဖို့တော့ လူသစ်စုဆောင်းဖို့ ပိုလွယ်သွားတာပေါ့။

အခု ဒီစာကိုဖတ်နေသူ ….. ခရိယာန်၊ မွတ်စ်လင်မ်၊ ဂျူး၊ ဘာသာမဲ့များခင်ဗျား
….. အသင်တို့အားလုံအနေနဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေကို လုပ်ချင်ရာလုပ်ခွင့်မပေးဖို့ တောင်းဆိုချင်ပါတယ်။ သူတို့ကြောင့် ကျွန်တော်တို့အကြားမှာ အမုန်းမပွါးပါစေနဲ့။ အကြောက်တရားနဲ့ အမုန်းတရားဟာ သူတို့ရဲ့ အစွမ်းအထက်ဆုံး လက်နက်တွေပါ။ ဒီဖြစ်စဉ်ကြီးကို ကျွန်တော်တို့အားလုံး ရပ်တန့်လိုက်ဖို့လိုပါတယ်။ အကယ်၍ အသင်တို့အနေနဲ့ အမှန်တကယ်ငြိမ်းချမ်းမှုကို လိုချင်ရင် မတူကွဲပြားသူတွေအကြား မိတ်ဆွေဖြစ်အောင်လုပ်ဖို့ တိုက်တွန်းလိုပါတယ်။ ခရိယာန်ချာ့ခ်ျကျောင်းနဲ့ မွတ်စ်လင်မ်ဗလီတွေ ရင်းနှီစွာဆက်ဆံရင်း ကျွန်တော်တို့ကလေးတွေကို အတူဆော့ကစားပါစေဗျာ။ သူတို့ထင်သလို ကျွန်တော်တို့အကြားမှာ ကွာဟချက်များများမရှိလှပါဘူး။ လူတိုင်းဟာ သူ့မိသားစုဘဝကို ငြိမ်းငြိမ်းချမ်းချမ်လေး တည်ဆောက်ချင်ကြသူတွေပါ။
စိတ်မကောင်းစရာအချက်ကတော့ အစွန်းရောက်အကြမ်းဖက်သူတွေဟာ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးဖို့ အမြဲချောင်းနေတာပါပဲ။ လူမျိုး၊ ဘာသာ၊ အသားအရောင်မခွဲခြားပဲ အကြမ်းဖက်ခံရနိုင်သူတွေကို ကျွန်တော်နဲ့ ကျွန်တော့ရဲဘော်တွေကတော့ အစွမ်းကုန်ကာကွယ်သွားမှာပါ။ ကျွန်တော်တို့ အကာအကွယ်ပေးမဲ့အထဲမှာ အသင်တို့မွတ်စ်လင်မ်တွေလည်းပါဝင်ပါတယ်။ စစ်ပွဲဆိုတာ မကောင်းပေမဲ့ Edmund Burke ပြောခဲ့သလိုပဲ ” လူကောင်းတွေဘက်က ဘာမှတုန့်ပြန်မှုမရှိလို့ မိစ္ဆာဆိုးတွေ အောင်ပွဲခံနေတာပါ။”

အကယ်၍ ဒီစာကိုဖတ်နေသူဟာ အစွန်းရောက်မွတ်စ်လင်မ်တစ်ယောက်များဖြစ်နေခဲ့ရင် အသင်ဟာ အလိမ်ခံနေရပြီဆိုတာကို ဝမ်းနည်းစွာနဲ့ အသိပေးလိုပါတယ်။ သူတို့ အသင့်ကိုပေးခဲ့တဲ့ အကြမ်းဖက်မှုရဲ့ဆုလာဘ်တွေဟာ အမှန်မဟုတ်တဲ့ အလိမ်အညာတွေပါ။ တရားမဲ့မှုကို အားပေးတဲ့ဘာသာတရားဆိုတာ ဘယ်မှာမှမရှိပါဘူး။ အသင်ဟာ သူတို့စကားကို နားယောင်နေပြီဆိုရင် အသင့်ဘာသာတရားကို အသင်ကိုယ်တိုင် မသိသေးလို့ပါ။ ကျွန်တော်တို့အနေနဲ့ (ISIS/ISIL) ကို အနည်းဆုံး အားပျော့သွားအောင်လုပ်ရမှာပါ။ သူတို့ရဲ့မိသားစုတွေ သူတို့ကြောင့် ဝမ်းနည်းကြေကွဲမှုဖြစ်ရမှာတော့ စိတ်မကောင်းပါဘူး။

ဘုရားသခင် ကောင်းခြီးပေးပါစေ။
David Swan
US Army

ဘာသာပြန်ဆိုသူ၊ ဆရာဦးကျော်ဝင်း

========================
251 / End