အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၁၉ ဒီဇင်ဘာ ၂၀၁၅

၂၀:၁၆:၅၄
725872

အမေရိကန်က စစ်ရေးအရ မိမိတို့အား ရန်စနေသည်ဟု တရုတ်ပြော

ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်ဗုံးကြဲလေယာဉ် B-52 များမှာ ပိုင်နက်အငြင်းပွာမှုများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့တည်ရှိရာ ကျွန်းအနီးမှ ဖြတ်သန်းသွားခြင်းကို တရုတ်နိုင်ငံက ယနေ့တွင် ရှုတ်ချလိုက်ပြီး “စစ်ရေးအရ ပြင်းပြင်းထန်ထန်ရန်စခြင်း” ဖြစ်သည်ဟု ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ပြီးခဲ့သည့်တစ်ပတ်က အမေရိကန်ဗုံးကြဲလေယာဉ် B-52 များမှာ ပိုင်နက်အငြင်းပွာမှုများဖြစ်ပွားနေသည့် တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့တည်ရှိရာ ကျွန်းအနီးမှ ဖြတ်သန်းသွားခြင်းကို တရုတ်နိုင်ငံက ယနေ့တွင် ရှုတ်ချလိုက်ပြီး “စစ်ရေးအရ ပြင်းပြင်းထန်ထန်ရန်စခြင်း” ဖြစ်သည်ဟု ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက နန်ရှာကျွန်းစုဟုခေါ်သည့် စပရက်တလေကျွန်းစုအနီးမှ B-52 ဗုံးကြဲလေယာဉ် ၂ စင်းမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက ဖြတ်သန်းသွားခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီလများအတွင်း အဆိုပါ ပရက်စလေကျွန်းစုအနီးမှ အမေရိကန်လေယာဉ်များက ဖြတ်သန်းသွားမှုကြောင့် တရုတ်မှာ ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် အဆိုပါပျံသန်းမှုတွင် B-52 လေယာဉ်တစ်စီးမှာ တရုတ်နိုင်ငံက ကျွန်းတုများဆောက်လုပ်နေသည့် အဆိုပါကျွန်းစုမှ ရေမိုင် ၂ မိုင်အတွင်းသို့ ၀င်ရောက်ပျံသန်းခဲ့သည်။ ပင်တဂွန်မှ တာဝန်ရှိသူများကမူ ထိုသို့ပျံသန်းခြင်းမှာ ရာသီဥတုအခြေအနေ မကောင်းသောကြောင့် အမှတ်တမဲ့ ၀င်ရောက်ပျံသန်းမိခဲ့ခြင်းဟု ပြောကြားခဲ့သည်။

“ဒီအပြုအမူဟာ စစ်ရေးအရ ပြင်းပြင်းထန်ထန် ရန်စတာဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်းက ပုံမှန်အခြေအနေကို ရှုပ်ထွေးအောင်လုပ်တာပါ။ ပြီးတော့ ဒေသတွင်းကို စစ်ရိပ်စစ်ငွေ့သန်းအောင် လုပ်တာလည်းဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်မှာ စစ်သင်္ဘောများ၊ လေယာဉ်များကို စေလွှတ်ကာ အင်အားပြနေပြီး ရေပြင်နှင့် ဝေဟင်တို့တွင် တင်းမာမှုများ ဖန်တီးနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

Ref: Channelnewsasia

=======================
251 /End