အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
အင်္ဂါနေ့

၂၂ ဒီဇင်ဘာ ၂၀၁၅

၂၀:၁၆:၃၁
726392

နေမျိုးဝေအား တရားစွဲထားသည့် ရွေးကောက်ပွဲဝင် တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်အား မွတ်စလင်မ် ဆန့်ကျင်ရေးသမားများ လုပ်ကြံတိုက်ခိုက်

၂၀၁၅ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) မှ တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်၏ ဓါတ်ပုံကို မုဒိန်းမှု သတင်းတခုနှင့် ယှဉ်တွဲပြီး ပြစ်မှု ကျူးလွန်သူဟု “အောင်မျိုးကျော်” အမည်ဖြင့် Facebook အကောင့်တခုမှ လုပ်ကြံဝါဒဖြန့် ရေးသားထားတာကိုတွေ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



၂၀၁၅ ရွေးကောက်ပွဲတွင်  သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) မှ  တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်၏ ဓါတ်ပုံကို မုဒိန်းမှု သတင်းတခုနှင့် ယှဉ်တွဲပြီး ပြစ်မှု ကျူးလွန်သူဟု “အောင်မျိုးကျော်” အမည်ဖြင့် Facebook အကောင့်တခုမှ လုပ်ကြံဝါဒဖြန့် ရေးသားထားတာကိုတွေ့ရပါတယ်။

အဆိုပါ လုပ်ကြံသတင်းအား လွန်ခဲ့တဲ့ ၃ နာရီက Facebook စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ “အောင်မျိုးကျော်” အကောင့်မှာ အစ္စလာမ်ဆန့်ကျင်ရေးလှုံ့ဆော်သည့် ပိုစ်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ရိုင်းစိုင်းစွာ စော်ကားထားသည့် ပိုစ်အများအပြား တင်ထားတာ ကိုလည်း ၄င်းရဲ့ အကောင့်မှာတွေ့ရပါတယ်။


တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်မှာ အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ နှင့် အစ္စလာမ်ဘာသာဝင်တို့အား ယုတ်ညံ့တဲ့ အသုံးအနှုန်းများဖြင့် စော်ကားရေးသားခဲသည့် ဦးနေမျိုးဝေအား ပြီးခဲ့သည့် စက်တင်ဘာလက တရားစွဲဆိုခဲ့သူဖြစ်ပါတယ်။
.
ဆိုရှယ် မီဒီယာတွင် အမုန်းတရားများ နှစ်ချီရေးသား လှုံဆော်ရေးသားနေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ အား တရားစွဲဆိုမှုကြောင့် အမျိုးသားရေး အမည်ခံ အစ္စလာမ် ဆန့်ကျင်ေ၇း အုပ်စုများမှ လုပ်ကြံ တိုက်ခိုက်တာ ဖြစ်ကြောင်း ဦးရန်နိုင်၏ မိတ်ဆွေတစ်ဦးမှ သုံးသပ်ပြောဆိုပါတယ်။

ဝါဒဖြန့်နေသည့် လင့်ခ်
https://www.facebook.com/myochit.thitser/posts/1730216407212847

ဆက်စပ်သတင်းများဖတ်ရန်
————————–
ဘာသာရေး လူမျိုးရေး စော်ကား လှုံ့ဆော်နေသည့် နေမျိုးဝေအား UNC ပါတီမှ တရားစွဲ အမှုဖွင့်ပြီ
http://www.m-mediagroup.com/news/48262

စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်
http://www.m-mediagroup.com/news/46444

======================================
251/ End