အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
စနေနေ့

၂၆ ဒီဇင်ဘာ ၂၀၁၅

၂၀:၀၈:၁၂
727069

မဟာ တမန်တော်မြတ် (ဆွ) မွေးဖွား သန့်စင်နေ့ အထိမ်း အမှတ်ပွဲ မြေနီကုန်း တွင် ခြိမ့်ခြိမ့် သဲသဲ ကျင်းပ

မဟာတမန်တော်မြတ်(ဆွ) မွေးဖွားသန့်စင်နေ့အထိမ်းအမှတ်ပွဲကူဝသွလ်အစ္စလာမ် ရာသစ်ဗ်အဖွဲ့မှ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာတမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ) မွေးဖွားသန့်စင်နေ့ အထိမ်းအမှတ် အန္တရာယ်ကင်းတရားစာ ရွတ်ဖတ်လှည့်လည်ပွဲကို ဒီဇင်ဘာ ၂၄ရက်တွင် နေ့လယ် ၂ နာရီမှ စတင်ပြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မဟာတမန်တော်မြတ်(ဆွ) မွေးဖွားသန့်စင်နေ့အထိမ်းအမှတ်ပွဲကူဝသွလ်အစ္စလာမ် ရာသစ်ဗ်အဖွဲ့မှ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မဟာတမန်တော်မြတ် မုဟမ္မဒ်သခင်(ဆွ) မွေးဖွားသန့်စင်နေ့ အထိမ်းအမှတ် အန္တရာယ်ကင်းတရားစာ ရွတ်ဖတ်လှည့်လည်ပွဲကို ဒီဇင်ဘာ ၂၄ရက်တွင် နေ့လယ် ၂ နာရီမှ စတင်ပြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပခဲ့သည်။

 

ကူဝသွလ်အစ္စလာမ် ရာသစ်ဗ်အဖွဲ့မှ ဦးဆောင်ပြီး ကျန်အဖွဲ့များဖြစ်သည့် မအူကုန်းမှ ဦးမူဆာ ဦးဆောင်သောအဖွဲ့၊ ကမာရွတ်၊ မင်္ဂလာတောင်ညွန့်နှင့် တောင်ဒဂုံမြို့နယ်တို့မှ သွရီကာအဖွဲ့ဝင်များက အန္တရာယ်ကင်း တရားစာများရွတ်ဖတ်ပြီး အမှတ် ၅၀၊ ရှမ်းကုန်းလမ်း၊ မြေနီကုန်းမြောက်ရပ်ကွက်မှ စတင်ကာ မြေနီကုန်း တောင်ပိုင်း၊ မြောက်ပိုင်း ရပ်ကွက်ရှိ လမ်းများကို လူပေါင်း တစ်ထောင်ကျော် ပါဝင်ပြီး လှည့်လည်ခဲ့ကြောင်း ဦးဆောင် ဆောင်ရွက်နေသူ ခလီဖွာဟ် ဦးမောင်မောင်စိုးက Myanmar Muslim Media သို့ပြောသည်။

 

ကူဝသုလ်အစ္စလာမ် ရာသစ်ဗ်အဖွဲ့မှ မဟာတမန်တော်မြတ်နေ့ အထိမ်းအမှတ်ပွဲများကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ၄၇ ကြိမ်မြောက်ရှိပြီ ဖြစ်သည်။ ၁၄၉၀ နှစ်မြောက် မဟာတမန်တော်မြတ် မွေးနေ့ကို ကမ္ဘာ့အရပ်ရပ်တွင် ကျင်းပနေပြီး မြန်မာနိုင်ငံတွင်လည်း မြို့အသီးသီးတွင် အထိမ်းအမှတ်ပွဲတော်များကျင်းပနေကြောင်း သိရသည်။

 

မေဦး

 

Myanmar Muslim Media

Photo- မိုးလုံးဟိန်း၊ မေဦး

 

==================================

251/ End