အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၇ ဒီဇင်ဘာ ၂၀၁၅

၁၂:၂၈:၅၆
727145

အမေရိကန်နိုင်ငံသူ ၊ အမျိုးသမီး ဖရော်ဖက်ဆာ ဟေဂျာဗ် ကြောင့် တက္ကသိုလ်မှ ထုတ်ခံရ

အမေရိကန် နိုင်ငံသူ နိုင်ငံရေးသိပ္ပံ ဆိုင်ရာ အမျိုးသမီး ဖရော်ဖက်ဆာ သည် ဟေဂျာဗ် ဝတ်ဆင်သည့် အကြောင်းပြချက် ဖြင့် တက္ကသိုလ်မှ ထုတ်ခံခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
IRINN သတင်းဌာန၏ သတင်းအရ အမေရိကန် ပြည်ထောင်စု တက္ကသိုလ်တစ် ခုရှိ နိုင်ငံရေးသိပ္ပံ ဆိုင်ရာ အမျိုးသမီး ဖရော် ဖက်ဆာ အား မွတ်စလင်မ်များ နှင့် ခရစ်ယာန်တို့ ၏ အလ္လာဟ် တစ်ပါးတည်း ဖြစ်ကြောင်း အမြင်ထုတ်ဖော်ခဲ့ခြင်း နှင့် ခေါင်းပေါ်တွင် ဟေဂျာဗ် ဝတ်ဆင် ထားခြင်းကြောင့် သူမ ကို တက္က သိုလ် မှ ထုတ်ပယ်လိုက်ကြပါတယ်။
အမျိုးသမီး Professor Larysya Hawking အနေဖြင့် ဟေဂျဗ် ဝတ်ရခြင်း အထောက်အထား မှာ ဟေဂျာဗ် ဆန်ကျင့် ဖက် ဝါဒပြန့်ချိနေမှုများကို ရင်ဆိုင်နေသည့် မွတ်စလင်မ် အမျိုးသမီး များဘက်မှ ကိုယ်ချင်း စာ စိတ် ထားသည့် အတွက် ကြောင့် ဖြစ်ကြောင်း ဖွင့်ဟ ခဲ့ပါတယ်။
ဤအတွက်ကြောင့် ယခု အချိန်အထိ ဖရော်ဖက်ဆာ အား တက္ကသိုလ် အတွင်း ဝင်ခွင့် မပေးသေးပဲ ကော်လိပ်မှ ထုတ် ပစ်လိုက် ခြင်း ဖြစ်ပါတယ်။
အမျိုးသမီး ဖရော် ဖက်ဆာ လာရီဆာ အနေဖြင့် ကိုယ်ချင်းစာစိတ်ထားတယ်ဆိုတာ မလွဲ မသွေ အလွယ်လေး နှင့် မပြီးသင့် ကြောင်း ကျမ အနေဖြင့်ခရစ်ယာန် ဘာသာဝင် တစ်ဦး ဖြစ်နေလျက် ဟေဂျာဗ်ဝတ်ဆင်ထား ပါတယ်။ ဟေဂျာဗ် ဝတ်ဆင်မှု ကိစ္စ အတွက်လည်း နောက်ဆုတ် လိမ့် မည် မဟုတ် ကြောင်း သူမ မှ ပြော ကြား ခဲ့ပါတယ်။
ဤအတွက်ကြောင့် တက္ကသိုလ်ကျောင်းသား များကလည်း ဤ ဆရာမ ဘက်မှ ထောက်ခံ ရပ်တည်ဖို့ ကြေငြာချက်ထုတ်ခဲ့ ကြပါတယ်။ဤ ဆရာမ ကို မိမိတို့ တက္ကသိုလ်မှ မထွက်သွားဖို့လည်း  လိုလားကြ ပါတယ်။
အခြားတက္ကသိုလ်ကျောင်းသားများ အနေဖြင့် လည်း ကိစ္စဟာ ဓမ္မ ကိစ္စ မဟုတ်ကြောင်း ၊ ဖရော် ဖက်ဆာ အနေဖြင့် မိမိ၏ အချစ်မေတ္တာ ကို မနုဿလူသားတွေအပေါ် ဖော်ပြလို ကြောင်း၊ ဘာသာပေါင်း စုံ ကိုးကွယ်မှုသူများ အနေဖြင့် မလွဲ မသွေ အတူ တကွ ချစ်ခင်စွာ ပေါင်းသင်း ဆက်ဆံကြ ဖို့ လူသားပီသ ကြဖို့ လုပ်တာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဤအတွက်ကြောင့် ပရော်ဖက်ဆာ အနေဖြင့် မိမိ စာသင်ကြားပေးရမှု ပယ်ချခံရမှုအတွက် စိတ်မဆိုး  ကြောင်း ၊စာသင်ခွင့် အပိတ်မခံရမည် အရင် တက္ကသိုလ်ကျောင်းသားများ ကို တခြား ဘာသာရေး ဆိုင်ရာ ယုံကြည်ချက်များ ကို အရို အသေ ပေး လေးစားတတ်ဖို့ လက်တွေ့  သင်တန်းပေးထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

==========================================

251 / End