အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၃၁ ဒီဇင်ဘာ ၂၀၁၅

၁၈:၀၅:၅၈
727875

ကျောင်းသူများ လွတ်မြောက်ရေး ဘိုကိုဟာရမ်တို့နှင့် ဆွေးနွေးရန် နိုက်ဂျီးရီးယားအစိုးရ လိုလား

နိုက်ဂျီးရီးယား သမ္မတ မူဟာမာဒူ ဘူဟာရီ။ ဘိုကိုဟာရမ် စစ်သွေးကြွများ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောင်းသူမိန်းကလေးများ လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးသွားမည်ဟု နိုက်ဂျီးရီးယားအစိုးရက ကြေညာခဲ့သည်။ နိုက်ဂျီးရီးယား သမ္မတ မူဟာမာဒူ ဘူဟာရီက ဘိုကိုဟာရမ် ခေါင်းဆောင်ပိုင်းက ယုံကြည်စိတ်ချရလောက်သည့် အနေအထားမျိုးဖြင့် ဆွေးနွေးရန် လမ်းဖွင့်ပေးလာပါက မိမိတို့ဖက်ကလည်း တုံ့ဆိုင်းနေမည် မဟုတ်ဟု ပြောကြားခဲ့သည်။ လတ်တလောတွင်မူ ပျောက်ဆုံးနေသည့် မိန်းကလေး ၂၀၀ ဝန်းကျင်နှင့် ပတ်သက်၍ ထောက်လှမ်းရေး သတင်းအချက်အလက်များ မရရှိသေးသလို သူမတို့၏ အခြေအနေကို အတိအကျ မသိရသေးဟု ဘူဟာရီက ဆိုသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဘိုကိုဟာရမ် စစ်သွေးကြွများ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောင်းသူမိန်းကလေးများ လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးသွားမည်ဟု နိုက်ဂျီးရီးယားအစိုးရက ကြေညာခဲ့သည်။

နိုက်ဂျီးရီးယား သမ္မတ မူဟာမာဒူ ဘူဟာရီက ဘိုကိုဟာရမ် ခေါင်းဆောင်ပိုင်းက ယုံကြည်စိတ်ချရလောက်သည့် အနေအထားမျိုးဖြင့် ဆွေးနွေးရန် လမ်းဖွင့်ပေးလာပါက မိမိတို့ဖက်ကလည်း တုံ့ဆိုင်းနေမည် မဟုတ်ဟု ပြောကြားခဲ့သည်။ လတ်တလောတွင်မူ ပျောက်ဆုံးနေသည့် မိန်းကလေး ၂၀၀ ဝန်းကျင်နှင့် ပတ်သက်၍ ထောက်လှမ်းရေး သတင်းအချက်အလက်များ မရရှိသေးသလို သူမတို့၏ အခြေအနေကို အတိအကျ မသိရသေးဟု ဘူဟာရီက ဆိုသည်။

ဘိုကိုဟာရမ်တို့သည် နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်း ချီဘော့ခ်မြို့ အထက်တန်းကျောင်းမှ မိန်းကလေးများကို ၂၀၁၄ ခုနှစ်၊ ဧပြီလကတည်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။ မိန်းကလေးအချို့ ပြန်လည်လွတ်မြောက်လာသော်လည်း အများစုသည် သတင်းအစအန ပျောက်ကွယ်နေဆဲ ဖြစ်သည်။

ယခုအခါ ဘိုကိုဟာရမ်တို့သည် အစိုးရစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ဆက်တိုက်အရေးနိမ့်လာနေရာ ဘူဟာရီက မိန်းကလေးများ လွတ်မြောက်ရေး ဆွေးနွေးရန် အရိပ်အမြွက် ပြောဆိုလာခြင်း ဖြစ်သည်။

“ဘိုကိုဟာရမ် ခေါင်းဆောင်ပိုင်းနဲ့ အတိအလင်း စကားပြောပြီး သူတို့က မိန်းကလေးတွေ ဘယ်မှာရှိနေတယ်ဆိုတာကို ခိုင်ခိုင်မာမာပြသနိုင်ရင် ကျွန်တော်တို့ဖက်ကလည်း ဆွေးနွေးဖို့ ခြွင်းချက်မရှိ သဘောတူပါတယ်”ဟု ဘူဟာရီက ဆိုသည်။

ယခင်က အဆိုပါကိစ္စအတွက် ဆွေးနွေးရန်ညှိနှိုင်းမှုများ ပျက်ပြယ်ခဲ့ဖူးသော်လည်း လက်ရှိအခြေအနေတွင် နိုက်ဂျီးရီးယားအစိုးရက အစွန်းရောက်အစ္စလာမ်မစ် စစ်သွေးကြွများအပေါ် အသာစီးအနေအထားသို့ ရောက်ရှိလာသည်။

နိုက်ဂျီးရီးယား စစ်တပ်သည် ဘိုကိုဟာရမ်တို့ ထိန်းချုပ်ထားသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်ကာ လူသူမနီးသော တောနက်များထဲ ဆုတ်ခွာသွားရအောင် တိုက်ထုတ်နိုင်ခဲ့သော်လည်း ချီဘော့ခ်မှ မိန်းကလေးများကို ရှာမတွေ့ခဲ့ချေ။ ဘူဟာရီသည် ပြီးခဲ့သည့် သီတင်းပတ်က မိမိတို့သည် ဘိုကိုဟာရမ်တို့နှင့် တိုက်ခိုက်နေသော စစ်ပွဲတွင် အနိုင်ရခဲ့ပြီဟု ယူဆနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ခဲ့သည်။


======================
251 / End