အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mmedianews
ဗုဒ္ဓဟူးနေ့

၆ ဇန်နဝါရီ ၂၀၁၆

၁၉:၂၉:၃၄
729171

သေနတ်ထိန်းချုပ်ရေး အစီအစဉ်ကို အိုဘားမား ထုတ်ပြန်

အမေရိကန်သမ္မတ ဘာရက် အိုဘားမားမှာ နိုင်ငံအတွင်း လက်နက်ထိန်းချုပ်ရေးအတွက် ၎င်း၏အစီအစဉ်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်ဟု သိရသည်။




အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အမေရိကန်သမ္မတ ဘာရက် အိုဘားမားမှာ နိုင်ငံအတွင်း လက်နက်ထိန်းချုပ်ရေးအတွက် ၎င်း၏အစီအစဉ်ကို ယမန်နေ့က ထုတ်ပြန်လိုက်သည်ဟု သိရသည်။

၎င်း၏ သေနတ်ထိန်းချုပ်ရေးအစီအစဉ်မှာ အထက်လွှတ်တော်၏ ထောက်ခံမှုမရဘဲ အိုဘားမားကမူ သေနတ်လော်ဘီများမှာ အထက်လွှတ်တော်အား ဓားစားခံလုပ်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့မှာ အမေရိကကို ဓားစားခံမလုပ်နိုင်ဟု ဆိုသည်။

အိုဘားမား၏ အဆိုပါ သေနတ်ထိန်းချုပ်ရေးအစီအစဉ်မှာ ပြည်သူများထံမှ သေနတ်များကို ပြန်လည်သိမ်းဆည်းခြင်း မဟုတ်ဘဲ သေနတ်ရောင်းချရာတွင် ပိုမိုတင်းကျပ်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ အိုဘားမားကလည်း မိမိမှာ ဖွဲ့စည်းပုံ ဒုတိယမြောက် ပြင်ဆင်ချက်ကို ထောက်ခံပြီး မိမိ၏ဆောင်ရွက်မှုမှာ အမေရိကန်တွင် အစုလိုက်အပြုံလိုက် သေနတ်ပစ်ခံရမှု ပမာဏကို ဟန့်တားရန်ဖြစ်သည်ဟု ဆိုသည်။

အမေရိကန် ဖွဲ့စည်းပုံ၏ ဒုတိယမြောက်ပြင်ဆင်ချက်မှာ နိုင်ငံသားတိုင်း လက်နက်ကိုင်ဆောင်ခွင့်ရှိရေး ဖြစ်ပြီး ရလဒ်အဖြစ် နှစ် ၂၀ အတွင်း သေနတ်ပစ်ခတ်မှုများကြောင့် အမေရိကန်ပြည်သူ တစ်သိန်းကျော် သေဆုံးခဲ့သည်။

“‘ဒါဟာ လူတိုင်းဆီက သေနတ်တွေကို ဖယ်ရှားဖို့ အစီအစဉ် မဟုတ်ပါဘူး။ နောက်ကြောင်းရာဇ၀င်စစ်ဆေးမှုကို ခင်ဗျားကျော်ဖြတ်နိုင်ရင် လက်နက်ဝယ်လို့ရပါတယ်။ ပြဿနာက အချို့သော လက်နက်ကုန်သည်တွေဟာ မတူညီတဲ့ စည်းမျဉ်းတွေနဲ့ အရောင်းအ၀ယ် လုပ်နေကြတာပါပဲ” ဟု အိုဘားမားက ထပ်လောင်းပြောကြားခဲ့သည်။

အထက်လွှတ်တော်က မထောက်ခံသော်လည်း သမ္မတအာဏာဖြင့် ဆောင်ရွက်သည့် အိုဘားမား၏ အဆိုပါ သေနတ်ထိန်းချုပ်ရေး အစီအစဉ်ကို ရီပက်ဘလစ်ကန်အမတ်များက မနှစ်မြို့ပဲ ၎င်းတို့ပါတီ အာဏာရရှိပါက ပယ်ဖျက်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် အိုဘားမားမှာ အကောက်ဉာဏ်ဖြင့် အသာစီးရအောင် လုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ကိုယ်စားပြု သမ္မတလောင်းဖြစ်မည်ဟု တစ်ပြေးနေသည့် ဟီလာရီကလင်တန်ကမူ အိုဘားမား၏ ထိုအားထုတ်မှုအတွက် ဂုဏ်ယူမိပြီး ထိုအစီအစဉ်အား ထိန်းသိမ်းသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

လက်နက်ထိန်းချုပ်ရေးဥပဒေကို ထုတ်ပြန်ရာတွင် အိုဘားမားမှာ ၂၀၁၂ ခုနှစ်က ကွန်နက်တီကတ်ပြည်နယ် နယူးတောင်းရှိ ဆန်ဒီဟုက် မူလတန်းကြောင်းတွင် သေနတ်ပစ်ခံရမှုကြောင့် ကလေးငယ် ၂၀ သေဆုံးခဲ့မှုကို ထည့်သွင်းပြောကြားခဲ့ပြီး မျက်ရည်များပင် ကျခဲ့သည်။

“ဒီကလေးတွေအကြောင်း စဉ်းစားတိုင်း ကျွန်တော်ဟာ ရူးမတတ်ပါပဲ”

Ref: Aljazeera

============================
251/End