အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
သောကြာနေ့

၈ ဇန်နဝါရီ ၂၀၁၆

၀၆:၅၉:၀၁
729418

စပ်ဆေး ၉ မျိုး မသုံးရန် ကျန်းမာရေးဌာန အသိပေး

စပ်ဆေး ၉ မျိုးမှာ ဘေးထွက်ဆိုးကျိုးနဲ့ ဆေးယဉ်ပါးမှုအန္တရာယ် ခံစားရနိုင်တဲ့အတွက် ၀ယ်ယူသုံးစွဲတာ မလုပ်ကြဖို့ ကျန်းမားရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်လိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
စပ်ဆေး ၉ မျိုးမှာ ဘေးထွက်ဆိုးကျိုးနဲ့ ဆေးယဉ်ပါးမှုအန္တရာယ် ခံစားရနိုင်တဲ့အတွက် ၀ယ်ယူသုံးစွဲတာ မလုပ်ကြဖို့ ကျန်းမားရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်လိုက်ပါတယ်။

ပြည်တွင်းထုတ် ကျောက်ဆူး၊ ရွှေစင်၊ သုံးရာသီ စတဲ့ အမှတ်တံဆိပ်ပါ ဆေးဝါးတွေကို ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးခဲ့ရာမှာ ဆေးဝါးတွေကို စပ်ဆေးအဖြစ် ပြန်လည် ထုတ်ပိုးရောင်းချနေကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဥပမာ ရွှေစင်အကိုက်အခဲပျောက်ဆေးဆိုရင် ဆေးတောင့်တတောင့်နဲ့ ဆေးပြား ၅ ပြားကို ပလတ်စတစ်အိတ်နဲ့ ထုတ်ပိုး ရောင်းချနေတာ ဖြစ်ပါတယ်။

ဆေးဝါးလုပ်ငန်းတွေ၊ ဆေးဆိုင်တွေမှာ ကိုယ်ပိုင်အမှတ်တံဆိပ်အမျိုးမျိုးနဲ့ အနောက်တိုင်း ဆေးဝါးတွေကို ထုတ်လုပ်ထုတ်ပိုးဖြန့်ဖြူးရောင်းချတာ မလုပ်ကြဖို့နဲ့ လုပ်ခဲ့ရင် ဥပဒေနဲ့ အရေးယူမယ်လို့လည်း အသိပေး ဖော်ပြထားပါတယ်။

ရန်ကုန်မြို့မှာ ဆေးခန်းထိုင်တဲ့ ဒေါက်တာမြင့်ဦးက မြန်မာပြည်မှာ စပ်ဆေးယဉ်ကျေးမှု ထွန်းကားနေတာ နှစ် ၂၀ လောက်ရှိသွားပြီ၊ ရှိပြီးသား ဥပဒေနဲ့အညီ အရေးယူလုပ်ဆောင်သင့်ပြီ လို့ ပြောပါတယ်။

“စပ်ဆေးယဉ်ကျေးမှုကြီးဟာ ကျနော်တို့ တိုင်းပြည်မှာ အနှစ် ၂၀လောက် ရှိနေပြီ၊ ဆရာဝန်တွေက အဲ့ဒါကို ဆောင်းပါးတွေ ရေးကြတယ်၊ ပြောကြ၊ ဟောကြတယ်။ သို့ပေမယ့်လည်း ဆရာဝန်တွေကို အန်တုပြီး အထူးသဖြင့်တော့ ဆေးရောင်းတဲ့သူတွေနဲ့ ၀ိသမလောဘသား ခေါ်မှာပေါ့ဗျာ၊ ဒီအပေါ်မှာ အမြတ်ထုတ်ပြီးတော့ ငါအကျိုးရှာလိုက်မယ်ဆိုတဲ့ လူတွေပေါ့ဗျာ၊ ဥပဒေကရှိပြီးသား၊ အဲ့ဒီဥပဒေအတိုင်း အရေးယူရမယ်၊ ဆေးဆိုင်ကို အရေးယူရမယ်။”

စပ်ဆေးသောက်သုံးသူတွေဟာ ဆေးခန်းပြဖို့ ပိုက်ဆံ မလုံလောက်တာကြောင့် အလွယ်တကူ ၀ယ်ယူသောက်သုံးနေကြတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဟာ စားသုံးရန်မသင့်ကြောင်း အသိပေးကြေညာတဲ့အဆင့်မှာပဲ ရပ်နေပြီး အရေးယူတဲ့အဆင့်အထိ မလုပ်သေးတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

==============================================

251 / End