အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၈ ဇန်နဝါရီ ၂၀၁၆

၁၉:၁၅:၁၄
729545

အီရန် နိုင်ငံ နှင့် သံတမန် အဆက်အသွယ် ဖြတ်လျှင် ဆော်ဒီ ကိုဆုံးရှုံးမှု ဖြစ်စေမည်

ဆော်ဒီ နိုင်ငံ အနေဖြင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ နှင့် သံတမန် နည်း အရ အဆက်အသွယ် ဖြတ်လျှင် ဆော်ဒီ နိုင်ငံ အတွက် ဒေါ်လာ ပေါင်းဘီလီယံ များစွာ ဆုံးရှုံးမှု ဖြစ် စေမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဆော်ဒီ နိုင်ငံ အနေဖြင့် ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ နှင့် သံတမန် နည်း အရ အဆက်အသွယ် ဖြတ်လျှင် ဆော်ဒီ နိုင်ငံ အတွက် ဒေါ်လာ ပေါင်းဘီလီယံ များစွာ ဆုံှးုံးမှုကို ဖြစ်စေ မည် ဖြစ်ပါတယ်။

မဂ်ျမအ်ယေ ဂျဟာနီ ရှီအာ ရှနာစီ သတင်းဌာန ၏ သတင်း အရ အီရန် နိုင်ငံသူ နိုင်ငံသားပေါင်း အယောက် ၁သိန်းခန့် နှစ်စဉ် ဟဂ်ျပြုရန် သွားလေ့ ရှိပါတယ်။ထိုပြင် နှစ်စဉ် ၅သိန်း မှာလည်း အိုမရာ လုပ်လေ့ ရှိပါတယ်။ ဤသို့အား ဖြင့် မက္ကာဟ်ရွှေမြို့တော်သို့ လာရောက်သူများ ၏ ၅ % သည် အီရန် နိုင်ငံသူ ၊ နိုင်ငံသားများ ဖြစ်ကြပါတယ်။

ဆော်ဒီ အာရေဗျား ၏ ဝင်ငွေများ တွင် ဟဂ်ျ အစီအစဉ် သည်လည်း အရေးကြီး ကဏ္ဍ တစ်ခု ဖြစ်ပါတယ်။ ဆော်ဒီ နိုင်ငံ အတွက် ၂၀၁၄ ခုနှစ်တွင် ဟဂ်ျ နှင့် အိုမရာ ဝင်ငွေ မှ ဒေါ်လာ ၁၈ ဘီလီယံ နှင့် သန်း ၆၀ တစ်နည်းအားဖြင့် ဒေါ်လာ စုစုပေါင်း သန်း ၁၈၀၆၀ ဖြစ်ကြောင်း သိရှိရပါ တယ်။

စိစစ်မှု အရ သိရသည်မှာ - ဟဂ်ျ နှင့် အိုမရာ ပြုသူ ယောက်တိုင်း တစ်ယောက် ကို ဒေါ်လာ ၅ထောင် ဆော်ဒီ အာရေဗျား ကို အကျိုး အမြတ် သက်ရောက်စေပါတယ်။ ဤအတွက်ကြောင့် နှစ်စဉ် နှစ်တိုင်း အီရန် နိုင်ငံမှာ လာရောက်သူများ ကို စရင်းပြုမည်ဆိုလျှင် နှစ်စဉ် နှစ်တိုင်း ဆော်ဒီ ကို အီရန် နိုင်ငံမှ ဒေါ်လာ ၃ဘီလီယံ (ဒေါ်လာ သန်း ၃၀၀၀ ) အကျိုးပြုနေကြောင်း သိရပါတယ်။

==============================

251 / End