အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၉ ဇန်နဝါရီ ၂၀၁၆

၁၉:၁၆:၁၁
729723

ဒုံးကျည်ကိစ္စနဲ့ ကျူးဘားရဲ့ ကတုံးပေါ်ထိပ်ကွက်မှု ခံလိုက်ရတဲ့ အမေရိကန်

၂၀၁၄ ခုနှစ်အတွင်းက စပိန်ကနေ အမေရိကန်ကို ပြန်ပို့စဉ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန် ဝေဟင်ကနေ မြေပြင်ပစ် Hellfire ဒုံးကျည်ဟာ ကျူးဘားကို ရောက်သွားခဲ့ပြီး အဲဒီကနေတစ်ဆင့် ဒုံးကျည်မှာ အသုံးပြုထားတဲ့နည်းပညာဟာ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား ဒါမှမဟုတ် မြောက်ကိုရီးယားကို ရောက်သွားမလားဆိုပြီး အမေရိကန် အာဏာပိုင်တွေက စိုးရိမ်နေတယ်လို့ Wall Street Journal (WSJ) က မနေ့မှာ ဖွင့်ချလိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

၂၀၁၄ ခုနှစ်အတွင်းက စပိန်ကနေ အမေရိကန်ကို ပြန်ပို့စဉ်အတွင်း ပျောက်ဆုံးသွားခဲ့တဲ့ အမေရိကန် ဝေဟင်ကနေ မြေပြင်ပစ် Hellfire ဒုံးကျည်ဟာ ကျူးဘားကို ရောက်သွားခဲ့ပြီး အဲဒီကနေတစ်ဆင့် ဒုံးကျည်မှာ အသုံးပြုထားတဲ့နည်းပညာဟာ ပြိုင်ဘက်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ရုရှား ဒါမှမဟုတ် မြောက်ကိုရီးယားကို ရောက်သွားမလားဆိုပြီး အမေရိကန် အာဏာပိုင်တွေက စိုးရိမ်နေတယ်လို့ Wall Street Journal (WSJ) က မနေ့မှာ ဖွင့်ချလိုက်ပါတယ်။

အဲဒီဒုံးကျည်ဟာ ထိပ်ဖူးတပ်မထားပေမယ့်လည်း ဥရောပကနေ ပြန်ပို့တဲ့အချိန် စိုးရိမ်စရာကောင်းတဲ့ လမ်းကြောင်းပြောင်းပြီး ကွန်မြူနစ်ကျူးဘားကို ရောက်သွားမှုဟာ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုကြောင့်လား၊ ဒါမှမဟုတ် အဖြစ်နည်းတဲ့ မှားယွင်းမှုတွေကြောင့်လား ဆိုတာကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်အာဏာပိုင်တွေကို တိုက်တွန်းလိုက်သလို ဖြစ်စေခဲ့တယ်လို့လဲ သတင်းစာက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကျူးဘားနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ သမိုင်းဝင်လောက်အောင် ကောင်းမွန်ခဲ့ပေမယ့်လည်း ပျောက်ဆုံးသွားတဲ့ ဒီဒုံးကျည်ကို ပြန်ရအောင်တော့ အမေရိကန်တို့ မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ အမည်မဖော်လိုသူ ရင်းမြစ်တွေက WSJ ကို ပြောကြားခဲ့ပါတယ်။

ရဟတ်ယာဉ်တွေမှာ မကြာခဏအသုံးပြုတဲ့ ဒီ Hellfire ဒုံးကျည်ကို ကျူးဘားက ပိုင်ဆိုင်တာ အမေရိကန်က မစိုးရိမ်ပေမယ့် ဒုံးကျည်နည်းပညာကို ကျူးဘားက အမေရိကန်ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကို မျှဝေလိုက်လားဆိုတာကိုတော့ အမေရိကန်က စိုးရိမ်နေပါတယ်။

ဒီဒုံးကျည်ကို ၂၀၁၄ ခုနှစ်မှာ လက်နက် ကုမ္ပဏီ Lockheed Matin က အော်လန်ဒို နိုင်ငံတကာလေဆိပ်ကနေ စပိန်နိုင်ငံကို ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး နေတိုးအဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ အသုံးပြုခဲ့ပါတယ်။

စပိန်ကနေ အမေရိကန်ကို ပြန်ပို့ဖို့လို့ ယူဆရတဲ့ ခရီးစဉ် ပထမအကျော့မှာ ဒုံးကျည်ဟာ ပစ္စည်းပို့တဲ့ လုပ်ငန်းတော် တော်များများကို ဖြန်သန်းခဲ့ရပါတယ်။

ဟာဗားနားသို့ ရောက်ခြင်း

မက်ဒရစ်က သယ်ဆောင်သွားမယ့် လေယာဉ်ပေါ်ကို ဒုံးကျည်တင်နေစဉ်အတွင်းမှာ အာဏာပိုင်တွေဟာ ဒုံးကျည်ပျောက်ဆုံးကြောင်းကို သတိပြုမိသွားတာဖြစ်တယ်လို့ ဂျာနယ်က ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဒုံးကျည်ဟာ ပြင်သစ်လေကြောင်းက အသုံးပြုနေတဲ့ ထရပ်ကားတစ်စီးနဲ့ ပါသွားပြီး ပဲရစ်က ချားလ်စ်ဒီဂေါလ်လေယာဉ်ကွင်းကို ရောက်ရှိခဲ့ကာ အဲဒီကနေတစ်ဆင့် ကျူးဘားကိုသွားမယ့် လေယာဉ်ပေါ် တင်ဆောင်မိခဲ့တာဖြစ်မယ်လို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒုံးကျည်ကို ခြေရာခံမိတဲ့အချိန်မှာတော့ လေယာဉ်ဟာ ဟာဗားနားကို သွားနေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပြီး ရောက်ရှိတဲ့အခါမှာ ကျူးဘား အာဏာပိုင်တစ်ဦးက သေတ္တာမှာကပ်ထားတဲ့ တံဆိပ်ကိုတွေ့လို့ သိမ်းယူခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဇွန်လ၀န်းကျင်လောက်မှာ ဒုံးကျည်ပျောက်ဆုံးသွားကြောင်းကို Lockheed Martin က သိရှိသွားပြီးနောက်ပိုင်း ဒီအဖြစ်အပျက်ကို အမေရိကန်အစိုးရထံ အကြောင်းကြားခဲ့တာဖြစ်တယ်လို့ WSJ က ဆိုပါတယ်။

အမေရိကန်တရားရေးဌာနကတော့ ဒီကိစ္စကို စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တကယ်လို့များ ဒီဒုံးကျည်ဟာ ဟာဗားနာကို ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်းသွားတာဆိုရင်တော့ ဒါဟာ လက်နက်ခဲယမ်း တင်ပို့မှု ထိန်းချုပ်ရေး အက်ဥပဒေနဲ့ ကျူးဘားအပေါ်ပြုလုပ်ထားတဲ့ ပိတ်ဆို့မှု ဥပဒေတွေကိုချိုးဖောက်တာဖြစ်ပါတယ်။

ဝါရှင်တန်နဲ့ ဟာဗားနားအကြား ပြည့်ဝတဲ့ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့အတွက် ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ စတင်ကြေငြာခဲ့ပြီး ဆက်လက်ကြိုးစားနေတဲ့အချိန် ဒီ ဒုံးကျည်မှားယွင်းပေးပို့မှုပြဿနာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်မှာ သူတို့ နှစ်နိုင်ငံဟာ တရားဝင် သံတမန်အဆက်အသွယ် ပြန်စခဲ့ပြီး မြို့တော်တွေမှာ သံရုံးတွေကိုလည်း အသီးသီး ပြန်လည်ဖွင့်လှစ်ခဲ့ကြပါတယ်။

နှစ်ပေါင်း ၅၀ လောက် ကျူးဘားနဲ့ သီးခြားဖြစ်နေတဲ့အချိန် ကျူးဘားနိုင်ငံအတွင်း ဒီမိုကရေစီနဲ့ စီးပွားရေးပြောင်းလဲမှုတွေဖြစ်လာဖို့ အားပေးတိုက်တွန်းမှုတွေဟာ မအောင်မမြင်ဖြစ်ခဲ့တယ်လို့ သုံးသပ်တာကြောင့် သံတမန်ဆက်ဆံရေး ပြန်စဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အိုဘားမားက ပြောကြားခဲ့ပါတယ်။

ဒီပြဿနာဟာ ဒီလအတွင်း ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်က မြောက်ကိုရီးယားကို ဖိအားပိုမိုပေးနေတာ၊ ဆီးရီးယားပြည်တွင်းစစ်၊ ယူကရိန်းပဋိပက္ခ၊ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှု စတာတွေအတွက် ရုရှား၊ တရုတ်တို့နဲ့ အတိုက်အခံလုပ်နေရတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref: Channelnewsasia

(Channelnewsasia တွင်ဖော်ပြသည့် US missile disappears, turns up in Cuba: WSJ ဆောင်းပါးကို လေးေ
မာင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

=============================

251/End