အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၉ ဇန်နဝါရီ ၂၀၁၆

၁၉:၄၂:၄၉
729732

ဤ ခေါင်းစဉ် နှင့် ဆက်နွယ်ပြီး အာယာသွလ္လာဟ် မကာရေမ် မို ရှီး ရာဇီး ၏ ဟောပြော ချက် ကို အေက်ပါအတိုင်း မှတ် သား နိုင်ပါတယ်။


    အရွယ်ရောက်လူငယ်လူရွယ်တိုင်းသည် ဤအခက်အခဲ ပြဿနာနှင့် ရင်ဆိုင်ကြရပေသည်။

    ကျွန်တော်တို့သိရှိထားသည့်အတိုင်း လက်ထပ်ထိမ်းမြားခြင်းစာရင်း သည် ဂရုပြုရမည့်အတိုင်း အတာအထိ ကျဆင်းလာပြီး ၄င်းနှင့်ဆန့်ကျင်ဖက် လက်ထပ်ထိမ်းမြားရမည့်အသက်အရွယ်တွင် ထိမ်းမြားခြင်း(အသက်ကြီးမှ အိမ်ထောင်ပြုခြင်း) သည်အထူးသဖြင့် မြို့ကြီးပြကြီးများတွင် နေထိုင်ကြ သူများ၊ ယဉ်ကျေးမှုများ ဆက်ခံသည့်မြို့ များနေသူများအတွင်း များပြားလာ သည်ကိုတွေ့ရပေသည်။

    မည်မျှအထိ အသက်အရွယ်ကြီးပြင်းမှ လက်ထပ်ထိမ်းမြားကြသည် ဆိုလျှင် လူငယ်၊လူရွယ်တို့၏ ပျော်ရွှင်ကြည်နူးမှု၊ နုပျိုလန်းဆန်းမှု၊ အရွယ်ကောင်းမှု၊ လူငယ်လူရွယ် သဘာဝရှိမှုကို ယေဘုယျအားဖြင့် ဆုံးရှုံး ရသည့်အချိန်၊ သဘာဝတရား အရအကောင်း တကာ့အကောင်းဆုံး အိမ်ထောင်ပြုရမည့် အချိန် ကုန်ဆုံးသွားချိန်တို့၌ ဖြစ်ကြပါသည်။
    အိမ်ထောင်ပြု၊ လက်ထပ်ထိမ်းမြားရာတွင် နောက်ကျ၊ အချိန်ကုန် ရခြင်း၏ အကြောင်းအရာ အမြောက်အမြားရှိလေသည်။ အောက်ဖော်ပြပါ အချက် လေးချက် သည် အရေးကြီးဆုံးအချက်များပင်ဖြစ်ပါသည်။

အကြောင်းအရာ(၁)  -  ပညာဆည်းပူးချိန် အချိန်များကြာရှည်ရခြင်း

အကြောင်းအရာ(၂)   -  တရားမ၀င်ဆက်သွယ်မှု (သမီးရည်းစားဘ၀ဖြင့်)ကို
                          အလွယ်တကူပုံဖော်နိုင်ခြင်း

အကြောင်းအရာ(၃) - (နှလုံးသား၏ တောင်းဆိုမှုနှင့်အညီ) ဘ၀အတွက်
                အရေးကြီးလိုအပ်ချက်များကို ဖန်တီးပေးနိုင်ခြင်းနှင့်
                လက်ထပ်ထိမ်းမြားဖို့ စရိတ်ကြီးမားခြင်း။

အကြောင်းအရာ(၄)   - လူငယ်၊ လူရွယ် ယောက်ျားနှင့် မိန်းကလေးများ
တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စိတ်မချ မယုံကြည်       ကြခြင်း၊ တို့ဖြစ်ပါသည်။

      ကျွန်တော်အနေဖြင့် ဤနေရာ၌ အရေးအကြီးဆုံး အခန်းကဏ္ဍတွင် ပါဝင်နေသည်ဖြစ်သည့်ပထမအကြောင်းအရာနှစ်ခုကိုအသေအချာဆွေးနွေးတင်ပြမည်ဖြစ်ပါသည်။

     လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၏ အချို့အကြီး အကဲ၊ လူကြီးသူမများ အနေဖြင့် ဤအန္တာရာယ် ကြီး၏ အကြောင်းအရာများကို လေ့လာ၊ စီစစ်မှုမပြုဘဲရင်ဆိုင်ဖြေရှင်းဖို့နည်းလမ်းကိုမရွေးချယ်တော့ဘဲ “အတင်းအဓမ္မ လက်ထပ်ထိမ်းမြားမှု” စနစ်ကို တင်ပြကြလေသည်။

    ဤသို့ဖြင့် တစ်နည်းအားဖြင့် (သာဓက) အနေဖြင့် ဆိုရလျှင် လက်မ ထပ်သေးသူများ ၊အိမ်ထောင်မရှိသေးသူများထံမှ အသပြာ အခွန် ကောက်ခံခြင်း၊၄င်းတို့ အားအတင်း အဓမ္မလက်ထပ် ပေးပြီး အိမ်ထောင် သည်ဆိုသည့် အင်္ကျီကို ၀တ်ဆင်ပေးခြင်းကို ပြုပေမည်။

     သို့မဟုတ်ပါက ဌာနဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ အသီးသီး၌ လူငယ်၊ လူရွယ်များ ကိုအထူး သတ်မှတ်ထားသည့်အသက်အရွယ်အပိုင်း အခြားနှင့် အညီ အလုပ် ပေးခြင်း၊ ၄င်းတို့အား လက်ထပ်ထိမ်းမြားမှု ဆိုင်ရာ အခက် အခဲအကြပ်အတည်းမှကယ်တင်ပေးခြင်း (သို့မဟုတ်) (အပြစ်ကျူးလွန်သူ အဖြစ်)ကြီးမား လေးလံသည့် ပြစ်ဒဏ်များချမှတ်ခြင်းတို့ကိုသတ်မှတ်ကျင့်သုံး ခြင်းကို ပြုရပေမည်။

   အချို့ လူငယ်၊လူရွယ်များ အနေဖြင့်လည်းပဲ ကျွန်တော်တို့အား မေးမြန်းကြလေ၏ (မေးခွန်းသည်ကား-) “လူကြီးမင်းတို့၏ အယူအဆ၊ လမ်းညွှန်မှုအရ ဤလှုပ်ရှားမှု၊ လုပ်ဆောင်ချက်များကို၊ ကြိုးပမ်း ဆောင်ရွက်ခြင်း သည် မှန်ကန်ပါသလားခင်ဗျား” ? ( ဖြစ်လေ၏ ။)

    ကျွန်ုပ်တို့၏ ယုံကြည်ချက်အရ အကယ်၍ အတင်း အဓမ္မလက်ထပ် ထိမ်းမြားခြင်းဆိုသည်မှာ လူငယ်၊ လူရွယ် များ ဌာနများ၊ အဖွဲ့အစည်း အမျိုးမျိုး များ၌ အလုပ်ရရန် အတွက်မဖြစ်မနေ ပြုရသည့် သဘောကို ဆောင်မည်ဆို လျှင် အကြမ်းအားဖြင့် လတ်တလောအခြေအနေ တစ်ခုခု အထိ ထိရောက်အကျိုးရှိသည်ဟု ဆိုနိုင်လေသည်။

     သို့သော်လည်း “လက်ထပ်ထိမ်းမြားခြင်းအတွက် အန္တရာယ်များ ဖြေရှင်းခြင်း ” ဆိုသည့် အခြေခံတရား အဓိက ဖြေရှင်းပေးသည့်နည်းလမ်း လုံးဝဖြစ်နိုင်မည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် မဖြစ်နိုင်ချေ။ မတော်တဆ မမျှော်လင့် မထင်မှတ်သည့် မလိုလားအပ်သည့် အရာများနှင့်လည်း ရင်ဆိုင်ရတတ်ပေသည်။

       အခြေခံကျကျပြောရလျှင် “လက်ထပ်ထိမ်းမြားခြင်း”နှင့် “အတင်းအဓမ္မ” ဆိုသည့် စကားစုနှစ်ခုမှာ ဆန့်ကျင်ဖက် စကားစုများဖြစ်ပေသည်။ မည်သည့်အခါမျှ ၄င်းစကားနှစ်လုံး တွဲဖက်ပေါင်းစည်းရန် အဆင်ပြေမည် မဟုတ်ချေ။အတင်းအဓမ္မလက်ထပ်ထိမ်းမြားခြင်းသည်အတင်းအဓမ္မမိတ်ဆွေ ဖွဲ့ခြင်း၊ သူငယ်ချင်းလုပ်ခြင်း၊ချစ်ခြင်း နှင့်ပမာတူလေ၏ ။
   မနုဿလူသား၊ ပုထုဇဉ် လူသား နှစ်ဦးနှစ်ယောက် အားအတင်း အဓမ္မစနစ်၊ ဥပဒေ၊ အာဏာစက်အားဖြင့် ချစ်ခင်မှု မေတ္တာရှိမှုကို ပြုလုပ်ဖို့ ဖြစ်နိုင်ပါသလား?

   လက်ထပ်ထိမ်းမြားခြင်း၏ ဆိုလိုချက်အဓိပ္ပါယ် အစစ်အမှန်မှာ- အေးချမ်းစွာ အတူတကွလက်တွဲနေထိုင် ရမည့် ဘ၀ခရီးတစ်ခုအတွက်နှင့် သန့်ရှင်း ကြည်လင်သည့် စိတ်များဖြင့် အောင်မြင်မှုကို ဆွတ်ခူးနိုင်ရန်အလို့ငှာ ခန္ဓာကိုယ်နှင့် ရူးဟ် (၀ိညာဉ်) တို့ ပေါင်းစပ်ခြင်းကိုခေါ်ဆို ပါသည်။

    ဤအတွက်ကြောင့် လက်ထပ်ထိမ်းမြားမှုလုပ်ရန် လုံးဝလွတ်လပ် နေသည့် အခြေအနေရှိဖို့ဆိုသည့်အထောက်အထား၊ သက်သေကိုမလွဲမသွေ ရရှိမည်ဖြစ်ပါ သည်။ မည်ကဲ့သို့သော အတင်းအဓမ္မ အကြပ်ကိုင်မှုမျှ မရှိဖို့ လိုအပ်ပေသည်။

   ထိုအတွက်ကြောင့် အစ္စလာမ်တရားတော်မှနှစ်ဦး နှစ်ဖက်သဘောတူညီ ကျေနပ်နှစ်မြို့မှု လုံးဝမရှိသည့် လက်ထပ်ထိမ်မြား နေကာဟ်ပြုခြင်းကို တရားမ၀င်သည့် လက်ထပ်ထိမ်းမြားမှုအဖြစ် ပြဌာန်းထားလေသည်။

     လက်ထပ်ထိမ်မြားခြင်းသည် (နိုင်ငံတစ်ခုခု၏) တပ်မတော်တာဝန်ကို ထမ်းဆောင်ရသကဲ့သို့  မဟုတ်ချေ။ သာဓကအားဖြင့်( အသက် (၁၈) နှစ်ပြည့်လျှင် တပ်မတော် ထဲမ၀င်မနေရ ဥပဒေပြဌာန်းထားသည့် နိုင်ငံများကဲ့သို့) တစ်ဦးတစ်ယောက်အား ဥပဒေအင်အား၊ အမိန့်အင်အား ဖြင့်တပ်မတော် အတွင်းသို့ ၀င်ခိုင်းပြီး အထူးထိန်းချုပ် ကွပ်ကဲမှု တစ်ခုခု၏ အောက်၌ထားကာစစ်ပညာကို(လိုအပ်လာလျှင်နိုင်ငံတော်အားကာကွယ်ပေးရန်) သင်ကြားပေးရသကဲ့သို့ လုပ်၍မရပေ။

    ဤ နေရာ၌ အံ့သြဖွယ် ကောင်းလှ ပေသည်။ အကြောင်းမှာ- ဤ ပြဿနာ အခက်အခဲ အကြပ်အတည်းကိုဖြေရှင်းရန်၊ ရှင်းလင်းနိုင်ရန် လူမှုပတ်ဝန်း ကျင်၌မကောင်းမှု ရလာဒ်များကိုမြောက်စေ သည့် အခက်အခဲ များ အားလုံးကို ရှင်းထုတ်ပစ်ရန် အစီအစဉ်ဆွဲသူလူကြီးများ အနေဖြင့်ဤ အခြေ အနေ အကြောင်းအရင်း အစစ်အမှန်ကို အနည်း တကာ့ အနည်းဆုံး လေ့လာစူးစမ်းမှု မပြုဘဲ ကြိုးပမ်းနေခြင်း ပင်ဖြစ်ပေသည်။

  ကျွန်တော်၏ လေ့လာသုံးသပ် ချက်အရ ဤဆွေးနွေးမှုများ အစီအစဉ်များသည် လက်တွေ့အကောင် အထည် အဖြစ်လည်း ဖော်ဆောင် မည်ဆိုခဲ့လျှင်လည်းမလွဲမသွေ၎င်း အခက်အခဲ အကြပ်အတည်း များ၏ ရေသောက်မြစ်များ၊ ဤရေသောက်မြစ်များ ၏ အကိုင်းအခက်များကို သိရှိရန် လိုအပ်ပေသည်။

   ဤအတွက်ကြောင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်၌ မလွဲဧကန်ဖြစ်စေမည့် အထက်ဖော်ပြပါ လက်ထပ်ထိမ်းမြား မှု နောက်ကျအချိန်လွန်ခြင်းဆိုင်ရာ အချက်လေးချက်ကို တိုက်ရိုက် ဆွေးနွေး စီစစ်ပြမည် ဖြစ်ပါသည်။
ပညာဆည်းပူးချိန်၊ အချိန်များကြာရှည်ရခြင်း

    လူငယ်၊ လူရွယ်များအတွက် လက်ထပ်၊ ထိမ်းမြားရာတွင် ပထမ အကြီးမားဆုံးအခက်အခဲ၊ အကြပ်အတည်းပြဿနာမှာ ဤပညာဆည်းပူးချိန်၊ အချိန်များကြာရှည်ရခြင်းပင်တည်း။

    အမှန်တကယ် ဤအတွက်ရှင်းပြ တင်ပြရန်မလိုအပ်ချေ။ လူငယ်၊ လူရွယ်တိုင်းသည် ပညာဆည်းပူးနေချိန်ဆိုသည့် အကြောင်းပြချက်ဖြင့် အိမ်ထောင်မပြုနိုင်ကြချေ။ အိမ်ထောင်သည်၊ အိမ်ထောင်ရှင်ဘ၀ကို မပိုင်ဆိုင် နိုင်ကြချေ ဖြစ်ပေသည်။

    တနည်းအားဖြင့် မြောက်များစွာသော လူငယ်၊ လူရွယ်များသည် ပညာသင်ယူ ပြီးဆုံးပြီးသည့်တိုင်အောင် လူပျိုဘ၀၊အပျိုဘ၀၌ ရှိနေပေသည်။ (သို့မဟုတ်)အချို့ လူငယ်၊လူရွယ်များသည်လုံးဝပညာ သင်ယူပြီး ဆုံးချိန် ကာလကြာမြင့်သည့် တိုင်အောင် ဘွဲ့ရပြီးနှစ် အတော်ကြာမြင့် သွားသည့် အထိ အခြေအနေသို့ရောက်နေသော်လည်းလူပျိုဘ၀၊အပျို ဘ၀နှင့်သာဘ၀ တည်ဆောက်နေ ကြ လေသည်။

    သို့သော်လည်းပဲ၊ ပညာဆည်းပူး သင်ယူချိန် အချိန်ကြာမြင့် ခြင်းကြောင့် မြောက်များစွာသော လူငယ်၊ လူရွယ်များ၏ အိမ်ထောင်ရေး လမ်းကြောင်းကို ဟန့်တား တားဆီးမှုကြီးတစ်ခု ဖြစ်နေကြောင်းကိုလည်း ငြင်းမရ နိုင်ပေ။

    ပညာသင်ကြားဆည်းပူးရန် မြောက်မြားစွာသော ဘာသာဆိုင်ရာ များအတွက် ယေဘုယျအားဖြင့် (၁၈) နှစ် (သို့မဟုတ်) (၁၈)နှစ်အောက်လို အပ်ပါသည်။ ဤအတွက်ကြောင့် လူငယ်၊ လူရွယ်တစ်ယောက်ကို            (ဘွဲ့တစ်ခုခုရသည်အထိ) ပညာရေးဆုံးခန်းတိုင်သည်အထိ ခန့်မှန်းခြေ (၂၅)နှစ်လိုအပ်ပါသည်။ ဖွာရစီ စကား သုံးအရ “ လူငယ်၊ လူရွယ်ဆိုသည်မှာ အကျိုးအမြတ်ရှိပြီး၊ ကြိုးပမ်း အားထုတ် ရှာဖွေရမည့်၊ ခေါ်ဆိုရမည့် အမည်ကို  ခေါ်ခြင်းဖြစ်လေ၏။

   ဤအချိန်၌ ကျွန်တော်အနေဖြင့် လူငယ်၊ လူရွယ်ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်အစစ်အမှန်နှင့်ဆိုလိုချက်အဓိပ္ပါယ် အစစ်အမှန်ကို သုံးစွဲမည်ဆိုလျှင် မှန်မည်ဟုမထင်ချေ။အကြောင်းမှာတစ်နည်းဆိုရလျှင်လူငယ်၊လူရွယ်ဘ၀၏အကောင်းတကာအကောင်းဆုံးအချိန်ကိုလက်လွတ်ပြီး၎င်းဘ၀၏အချို့အချိန်သာကျန်တော့သည်အတွက်ကြောင့်ပင်တည်း။ ”

    အနာဂတ်ကမ္ဘာသည် သုတေသီဂုဏ်ထူးတန်း၊ အထူးတန်းဖြစ် သဖြင့် ပညာရပ်တစ်ခုခုအား ဂုဏ်ထူးတန်း၊ အထူးတန်းအထိ ထိရောက် ဆည်းပူး နိုင်ရန် ယေဘုယျအားဖြင့် (၃၅) နှစ်ခန့် လိုအပ်ပေသည်။

    ယခုမေးခွန်း မေးစရာ ရှိပေသည် -

    ပညာရေးခရီး မပြီးဆုံးမခြင်း အိမ်ထောင်ပြုခြင်း၊ လက်ထပ်ထိမ်းမြား ခြင်းကို တားမြစ်ထားရမည်လော? (ပညာရေးခရီးဆုံးရန် မည်မျှပင်ကြာမြင့် လျှင်ကြာမြင့်ပါစေ။) (သို့မဟုတ်) ပညာရေးခရီးမပြီးမခြင်း အိမ်ထောင်မပြုရ ဆိုသည့် ဤဆက်နွယ်မှုစနစ်ကို ဖျက်ဆီးရမည်လော? ပြီးနောက် လူငယ်၊ လူရွယ်များ သည်းမခံ၊ မအောင့်အီးနိုင်သည့် (အထက်ပါ) စည်းကမ်းမှ လူငယ်၊ လူရွယ်များကို လွတ်မြောက်အောင် လုပ်ပေးရမည်လော? ဆိုသည့် မေးခွန်းများပင်တည်း …..

    သို့သော် အခြားတဖက်၌လည်း ပညာသင် လူငယ်၊ လူရွယ် တစ် ယောက်၏ အခြေအနေသည် (သုံးစွဲသူ) နှင့် (စရိတ်များကို လိုလားသူ) သာဖြစ်လေသည်။ တစ်နည်းအားဖြင့် (၀င်ငွေရှိသူ) တစ်ယောက်မဟုတ်ချေ။

    ဤအတွက်ကြောင့် ဤလူငယ်၊ လူရွယ် အနေဖြင့် ကြီးမားလေးလံ သည့်ဝန်ထုပ်၊ ၀န်ပိုးဖြစ်ပြီး ခါးကိုချိုးပစ်မည့် လက်ထပ်ခြင်းကို အဘယ်သို့ ပြုနိုင်မည်နည်း?

    ပြီးနောက် ပညာခရီးပြီးဆုံးပြီးမှ အိမ်ထောင်ပြုရမည် ဆိုသည့် စနစ်ကို ချေမှုန်း၊ တော်လှန်နိုင်မည်နည်း?

    ကျွန်တော်၏ လေ့လာတွေ့ရှိမှု အမြင်အရ တင်ပြရမည်ဆိုလျှင် ကျွန်တော်တို့အနေဖြင့် အနည်းငယ်လွတ်လွတ်လပ်လပ် တွေးခေါ်၊ စဉ်းစား၊ ဆင်ခြင်မည်၊ လမ်းကြောင်းအမှားအယွင်းများမှ ရှောင်ကြဉ်မည် ဆိုလျှင် ဤပြဿနာ ပုဒ်စ္ဆာအတွက် အဖြေအလွန်တရာ မခဲယဉ်းချေ။

    အစ ပထမတွင် တရားဝင်ဆက်နွယ်လိုရမှု တစ်ခုခုတရားဝင် ရှရီအီ စေ့စပ်ကြောင်းလမ်းခြင်းဆိုသည့် (သာသနာတရားတော်မှ ပြဌာန်းချက်နှင့် အညီ နေကာဟ်ပြုခြင်း ဧည့်ခံပွဲမပါဘဲ) နှင့် ဧည့်ခံပွဲအတွက် အမြောက်အများ ဧည့်သည်လာရောက်မှု၊ အစီအစဉ်များ၊ အကုန်အကျအများအပြား မလိုချေ ဆိုသည့် အချက်ကို ဆောင်ရွက်ထားရမည်။

    လူငယ်၊ လူရွယ် ယောင်္ကျားလေးနှင့် မိန်းကလေးအကြားတစ်ဦးနှင့် တစ်ဦး ငါတို့သည် တရားဝင် နေကာဟ်ဖတ်သူများဖြစ်ပြီး နောင်တွင် (ကျောင်းပြီး၊ ပညာခရီးပြီးသည်နှင့်) အတူတူ အေးအတူ ပူအမျှ ဘ၀ကြင်ဖော် အဖြစ်ဘ၀ တည်ဆောက်ရဦးမည် ဆိုသည့် အချက်ကို သိထားရန်သာ လိုအပ်ပေသည်။
    ပြီးနောက်အဆင်ပြေတတ်နိုင်သည့် အခြေအနေသို့ ရောက်သည်နှင့် ပထမဦးဆုံး အခွင့်အလမ်းအဖြစ် ကျန်ရှိနေသည့် မင်္ဂလာအခမ်းအနား အစီအစဉ်ကို ရိုးရိုးအေးအေး သိက္ခာရှိရှိဖြင့် ဆောင်ရွက်အကောင်အထည် ဖော်သွားရန်သာ ဖြစ်ပေသည်။

    ဤနည်းစနစ်၏ ပထမဆုံးအကျိုးအမြတ်သည်ကား လူငယ်၊ လူရွယ် တို့၏ နာမ်ပိုင်းဆိုင်ရာ ချမ်းမြေ့သာယာမှုတစ်ခုကို ရရှိမှာဖြစ်ပြီး၊ ၄င်းတို့၏ဘ၀ တွင် မျှော်လင့်ချက်ဆိုသည့် လင်းတန်း ထွန်းတောက်သွားမည်ဖြစ်ပါသည်။

    ဤ အကျိုးအမြတ် နှင့် အတူ အိမ်ထောင်မပြုရသေးသည့် လူပျို လူလွတ်များကို အနာဂတ်ဘ၀ တည်ဆောက်ရာတွင် အန္တာရာယ်ဖြစ်စေမည့် ရှိုင်တွာန်နီ လုပ်ရပ်များမှလည်း လွတ်မြောက်မှုကို ပေးဆောင်ကြောင်း သိရပေမည်။

    အခြားတဖက်တွင်လည်း ဤနည်းစနစ်လမ်းစဉ်သည် လူငယ်၊ လူရွယ် များ၏ အမြောက်အများသော စာရိတ္တပျက်လာမှု၊ မကောင်းမှု ဒုစရိုက်များ ထိန်းသိမ်းပေးလေသည်။ အိမ်ထောင်ပြုနိုင်သည့် အခြေအနေသို့ တတ်စွမ်း ရောက်ရှိပြီးနောက် အိမ်ထောင်ဖက်ရွေးရသည့် အချိန်ကို အချိန်ပို အဖြစ်ရရှိလေသည်။ (အချိန်မကုန်တော့ချေ။) လွတ်မြောက်သည့်ဘ၀၊ လွတ်လပ်သည့် ဘ၀ကိုပိုင်ဆိုင်ရလေသည်။ ၄င်းတို့၏ ဘ၀တည် ဆောက်မှု သည် သဘာဝ လမ်းကြောင်းတစ်ခုအသွင်သို့ ဆောင်သွားလေသည်။

    ဤနည်းလမ်းစနစ်သည် မြောက်များစွာသော လူငယ်၊ လူရွယ်များ အတွက်ဖြစ်နိုင်ပါသည်။

    အကယ်၍ မိဘများ သတိဂရုပြုမည်၊ လူငယ်၊ လူရွယ်များကိုယ်တိုင် စစ်မှန်တည်ငြိမ်သည့် စဉ်းစားဆင်ခြင်မှုဖြင့် ဆောင်ရွက်မည်။ ဤနည်းစနစ် အား လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်မည်ဆိုလျှင် လူငယ်၊ လူရွယ် များနှင့်ပတ်သက်ဆက်နွယ်နေသည့် အခက်အခဲ၊ အကြပ်အတည်း၊ ဒုက္ခမှန် သမျှသည် ပြေလည်၊ ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။

    အကျဉ်းချုပ်အနှစ်ချုပ်အားဖြင့် တင်ပြရမည်ဆိုလျှင် တရားတော်အရ စေ့စပ်ကြောင်းလမ်းထားခြင်း (နေကာဟ်ဖတ်ထားပေးခြင်း) သည် ယောင်္ကျား လေးနှင့် မိန်းကလေးအား တရားဝင်ဖွဲ့ နှောင်မှုကိုဖြစ်စေပြီး လူငယ်၊ လူရွယ် တို့၏လိုအပ်သည့် ကာမ၊ ရာဂ လိင်တောင်းတမှုကိုလည်း (တရားဝင်) ဖြည့်ဆီး နိုင်ကြမည် ဖြစ်ပေသည်။

    ဤအတွက်ကြောင့် ရှရ်အီစေ့စပ်ကြောင်းလမ်းထားမှု ဘ၀သည် အိမ်ထောင်သည်ဘ၀၏ မြောက်များစွာသော အကျိုးအမြတ် အာနိသင်များကို ပိုင်ဆိုင်ရလေသည်။ ရှင်းပြဖို့ မလိုအပ်သည့် လူငယ်၊ လူရွယ်တို့၏ ကာမ၊ ရာဂလိင်တောင်းဆိုမှုကိုလည်းတစ်ထောင့်တစ်နေရာကနေအစားထိုးဖြည့်ဆီး ပြီး ဖြစ်လေသည်။

    ဤသို့ဖြင့် လူငယ်၊ လူရွယ်တို့၏ မသန့်စင်သည့်နည်းဖြင့် ကာမဖြည့် ဆီးမှု၊ မကောင်းသည့် နည်းလမ်းများဖြင့် အာသာဖြေမှု၊ တရားမ၀င် လိင်ဆက်ဆံမှု တို့ကို ဖယ်ရှားပြီး ဖြစ်လေသည်။

    ယောင်္ကျားလေး (သို့မဟုတ်) မိန်းကလေးတို့၏ အိမ်ထောင်စုဝင်များ အတွက် အပိုငွေလည်းကုန်ကျမည် မဟုတ်တော့ချေ။ ကလေးမွေးဖွားရန်နှင့် ရှေ့လျှောက်ဆက်လက် ပညာဆည်းပူးရန်ဆိုသည့် အခက်အခဲအကြပ် အတည်းများမှလည်း လွတ်မြောက်ပြီးဖြစ်သွားလေသည်။

    အခြားနည်းလမ်းတစ်ခုသည်ကား - လူငယ်၊ လူရွယ်တို့၏ ပညာ သင်ယူဆည်းပူးနေချိန်၌ပင် လက်ထပ်ထိမ်းမြားမှု အခမ်းအနားကို အစအဆုံး ပြုလုပ်ပေးခြင်းဆိုသည့် နည်းလမ်းပင်တည်း။

    သို့သော် နည်းလမ်း အထူးသီးသန့်လည်းဖြစ်ပြီး ယနေ့ခေတ်တွင် အများသုံးနေသည့် နည်းစနစ်ကို သုံးရပေမည်။ (ထိုနည်းလမ်းများမှ နည်းလမ်း အမြောက်အများသည်လည်း ရှရ်အီအရ ခွင့်ပြုချက်ရှိပေသည်။) ထိုနည်းလမ်း များမှ တစ်နည်းမှ သန္ဓေတားခြင်း ပင်ဖြစ်ပါသည်။

    အကြောင်းမှာ အိမ်ထောင်ပြုခြင်း၏ အသီးအပွင့် ရလာဒ်ဖြစ်ပြီး လူငယ်၊ လူရွယ်များကို ဤအသက်အရွယ်၌ ပညာသင်ကြားမှုကို အဟန့် အတားဖြစ်စေသည့် အခက်အခဲ၊ အကြပ်အတည်း ဒုက္ခဖြစ်စေသည့် အရာမှာ သားမွေးခြင်း၊ ကလေးယူခြင်းပင် ဖြစ်ပေသည်။

    ဤနည်းလမ်း အစီအစဉ် စနစ်များအားလုံးသည် လူအထင်ကြီး အောင်ကျင်းပသည့် မင်္ဂလာပွဲ၊ လက်ရှိခေတ်ကာလ အရ ၊ ခါးကိုချိုးစေသည့် စရိတ်အများအပြား ကို သုံးစွဲရသည့် လော်ဂျစ်မဆန် လုံးဝအရူးဆန်ဆန် ဖြစ်သည့် မင်္ဂလာပွဲများကို ရှောင်ကြဉ်ပြီး ရိုးရိုးယဉ်ယဉ်လေး အဆောင် အယောင်၊ အမော်အကြွား၊ ဂုဏ်ပကာသန ကင်းသည့်မင်္ဂလာပွဲများ ကျင်းပနိုင် မှသာ အကျိုးအမြတ်ရရှိမည်ဖြစ်ပေသည်။

    အမှန်တစ်ကယ် မိဘများ ထိုနည်းတူစွာ အောင်မြင်ပျော်ရွှင်မှုကို နှစ်သက်မြတ်နိုး လိုလားသည့် လူငယ်၊လူရွယ်များ အနေဖြင့် ဤ (အထက်ဖော်ပြပါ) လမ်းစဉ်ကိုသာ လိုက်နာသင့်ပေသည်။

    အဆင့်မြင့် ဂုဏ်ထူးတန်းပြီးဆုံးသည် အထိ စောင့်စားခြင်း ပြီးနောက် သင့်လျော်ပြီး ဂုဏ်သိက္ခာရှိကာ လစာ အတော်ကောင်းသည့် အလုပ်တစ်ခုခု အစီအစဉ်၊ အိမ်၊ ကား နှင့် အခြားအသုံးအဆောင် ပစ္စည်းများ အသုံးစရိတ် ကြီးပြီး အမော်အကြွားကိုဖြစ်စေသည့် မင်္ဂလာဧည့်ခံပွဲ တို့ကို မျှော်လင့် စောင့်စားမှု၏ ရလာဒ်မှာ လူငယ်၊ လူရွယ်အား (ရုပ်နှင့်နာမ်၏) အလွန်တရာ ညစ်ပတ်၊ နွမ်းနယ်မှု၊ ထောင်ပေါင်းများစွာသော လမ်းလွဲ၊ လမ်းမှား၊ လမ်းချော် မှုမှ အပ အခြားရလာဒ် ရရှိမည် မဟုတ်ချေ။

    ဤကဲ့သို့ စောင့်မျှော် စောင့်စားခြင်းဖြင့် ယေဘုယျအားဖြင့် လူငယ်၊ လူရွယ်၏ အသက်သည် ၃၇ နှစ် (သို့မဟုတ်) ၄၀ နီးပါးသို့ ရောက်ရှိသွားပြီး အရွယ်ကျသည့် အရွယ်ရောက်က တဖြည်းဖြည်းနှင့် လက်ထပ်ထိမ်းမြားမှုကို ယူကြလေ၏။

    ဤ ကဲ့သို့သော် လက်ထပ်ထိမ်းမြား၊မင်္ဂလာ ဆောင်နှင်းခြင်း များသည် ၁၀၀ ရာခိုင်နှုန်းပြည့် သဘာဝ မဆန်မှု၊ နာမ်ပိုင်းဆိုင်ရာ မအောင်မြင်မှု နှင့် စစ်မှန် သည့် မင်္ဂလာ မဖြစ်မှုကို ဖြစ်ထွန်း စေလေသည်။

    အကြောင်းမှာ - ဤကဲ့သို့သော် မင်္ဂလာ ဆောင်နှင်းခြင်းသည် လူအခွင့်အရေးနှင့် မနုဿ လူသား၏ အရေးကြီးလိုအပ်မှုကို မဖြည့်ဆီးနိုင် တော့ချေ။ ထို့ပြင် မင်္ဂလာဆောင်နှင်းမှု ၏ အစစ်အမှန်တရား နှင့် သတ်မှတ် ထားသည့် ရည်ရွယ်ချက်ကို မဆွတ်ခူးနိုင်တော့ချေ ဖြစ်လေသည်။

* * * * *

“ အကြင် မည်သူ မဆို  သောကြာနေ့တိုင်း စူရဟ်အေ နေစာ အား သေလာဝသ် ပြုလုပ်မည်ဆိုလျှင် ကဗဲရ် ညှပ်ခြင်းမှ လုံခြုံ ပေမည်။ ” (အေမာမ်အလီ (အ.စ) )

သဖ်စီးရေဗိုရ်ဟန်ကျမ်း အတွဲ ၂ ၊ စာမျက်နှာ ၁၅၃

* * * * *

“ အကြင်မည်သူမဆို  လစဉ် လတိုင်း စူရဟ်အေ အန်ဖါလ် နှင့် စူရဟ်အေ သောင်ဗာ  အား သေလာဝသ် ပြုလုပ်မည်ဆိုလျှင် ၎င်း၏ နှလုံးသား ၌ နေဖာက် (သစ္စာမဲ့မှု၊အရေခြုံမှု) ဖြစ်ထွန်းမည် မဟုတ်ချေ။ ပြီးနောက် အမီးရွလ်မိုမေနီ (အေမာမ်အလီ (အ.စ)) ၏ ရှီအာများ စာရင်းတွင်ပါဝင်ခြင်း ခံရပေလိမ့်မည်။ ” (အေမာမဂျအ်ဖရ်ဆွာဒစ်က် (အစ))

စဝါးဗ်ဗိုလ် အအ်မါလ် ကျမ်း ၊ စာမျက်နှာ ၉၆

========================

251 / End