အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၀ ဇန်နဝါရီ ၂၀၁၆

၁၈:၁၉:၁၃
729914

အမှန်တရား(ခ)ဟက်ခ်၏ ဗဟိုအချက်အချာဆိုတာ မည်သူတွေပါနည်း ?

အဲဟ်လေ့ဘိုက်(သ်)(အ.စ) သည် အမှန်တရား(ခ)ဟက်ခ်၏ ဗဟိုအချက်အချာ ဖြစ် လေ၏။ اَلْحَقُ مَعَنٰا قَلَنْ يُوْحِشَنٰا مَنْ قَعَدَ عَنّٰا، وَنَحْنُ صَنٰا ئِعُ رَبِّنٰا، وَالْخَلْقُ بَعَدُ صَنٰا ئِعُنٰا စကားပြေအဓိပ္ပာယ် ဟက်ခ်(ခ)အမှန်တရားသည် ကျွန်ုပ်တို့ အဟ်လေ့ဘိုက်(သ်)(အ.စ)နှင့်အတူ ရှိလေသည်။ အချို့သည် ကျွန်ုပ်တို့နှင့် ဝေးကွာကြလေရာ ကျွန်ုပ်တို့အတွက် လုံးဝကြောက်စရာ၊ လန့်စရာ အကြောင်းမဖြစ်ပေ။ အကြောင်းမှာ- ကျွန်ုပ်တို့သည် မြတ်အလ္လာဟ်၏ ကျောင်းတော်ဆင်းများ ဖြစ်ကြပြီး အခြားအဖန်ဆင်းခံများသည် ကျွန်ုပ်တို့၏ ကျောင်း တော်ဆင်းများ ဖြစ်လေသည်။

 

အဲဟ်လေ့ဘိုက်(သ်)(အ.စ) သည် အမှန်တရား(ခ)ဟက်ခ်၏ ဗဟိုအချက်အချာ ဖြစ် လေ၏။

 

اَلْحَقُ مَعَنٰا قَلَنْ يُوْحِشَنٰا مَنْ قَعَدَ عَنّٰا، وَنَحْنُ صَنٰا ئِعُ رَبِّنٰا، وَالْخَلْقُ بَعَدُ صَنٰا ئِعُنٰا

 

စကားပြေအဓိပ္ပာယ်

 

ဟက်ခ်(ခ)အမှန်တရားသည် ကျွန်ုပ်တို့ အဟ်လေ့ဘိုက်(သ်)(အ.စ)နှင့်အတူ ရှိလေသည်။ အချို့သည် ကျွန်ုပ်တို့နှင့် ဝေးကွာကြလေရာ ကျွန်ုပ်တို့အတွက် လုံးဝကြောက်စရာ၊ လန့်စရာ အကြောင်းမဖြစ်ပေ။ အကြောင်းမှာ- ကျွန်ုပ်တို့သည် မြတ်အလ္လာဟ်၏ ကျောင်းတော်ဆင်းများ ဖြစ်ကြပြီး အခြားအဖန်ဆင်းခံများသည် ကျွန်ုပ်တို့၏ ကျောင်း တော်ဆင်းများ ဖြစ်လေသည်။

 

ရှင်းလင်းချက်

 

ဤဟဒီးစ်တော်အား ဟဇရတ်(သ) ရှိက်ခ်သူဗီ(ရ.ဟ)အနေဖြင့် ခိုင်လုံသည့် စနဒ် (အထောက်အထား)ဖြင့် အဗူအမရ်အိုမရီ ထံမှတစ်ဆင့် အေမာမ်မဟ်ဒီ (အ.ဂျ) မိန့်တော်မူ ထားကြောင်း တင်ပြသီကုံးထားလေ၏။ အေမာမ်()အနေဖြင့် ဤဟဒီးစ်တော် စာသား များအတွင်း ပွိုင့် ၃ ခုကို ညွှန်ပြထားလေ၏။

 

ပထမပွိုင့် အမှန်တရားမှန်သမျှနှင့် အစစ်အမှန်မှန်သမျှ အားလုံးသည် အဟ်လေ့ ဘိုက်(သ်)နှင့်အတူ ရှိလေ၏။

 

သတိမပြုမနေပြုရမည်မှာ اَلْحَقُ مَعَنٰاဆိုသည့် ၀ါကျတော်နှင့်أهل البيت مع الحقဆိုသည့် ၀ါကျတော်သည် ကွဲပြားခြားနားနေကြောင်းပင်တည်း။

အကြောင်းသည်ကား . . .

ပထမ၀ါကျတော်၏ ဆိုလိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဆန့်ကျင်ဘက်ဖြစ်လေ ၏။ ဟက်ခ်(ခ)အမှန်တရား နှင့်ဗာသွေလ်(ခ)အမှားမတရားအား ခွဲခြားပြသည့် စံ မှတ်ကျောက် အဟ်လေ့ဘိုက် (သ်)၏ စွန္နတ်တော်များ၊ ဘ၀တည်ဆောက်မှုများ ဘက် သို့ မျက်နှာမူ ရပေမည်။

ဒုတိယ၀ါကျတော်၏ ဆိုလိုသည့်အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဆန့်ကျင်ဘက် ဖြစ်လေ ၏။ ဒုတိယ၀ါကျတော်မှာ အဟ်လေ့ဘိုက်(သ်) ဟက်ခ်(ခ)အမှန်တရားနှင့်အတူ ရှိတော် မူသည်ဟူ၍ ဖြစ်လေ၏။

ဤအဓိပ္ပာယ်ဖွင့်ဆိုချက်နည်းတူ ဟဒီးစ်တော်များမှ တစ်ပါးဖြစ်သည့်

على مح الحق والحق مع علّى

ကိုလည်းပဲ အဓိပ္ပာယ်ဖွင့်ဆိုနိုင်လေသည်။

ဒုတိယပွိုင့် မည်သူမဆို ဟက်ခ်(ခ)အမှန်တရားသည် ၎င်းနှင့်အတူတကွ ရှိနေမည်ဆို လျှင် အခြားသူများ၏ ဥပေက္ခာပြုခြင်းနှင့် အထီးကျန်မှုအပေါ် ကြောက်ရွံ့ ဖို့(လုံးဝ)မလိုအပ်ချေ။ ပြီးနောက် မိမိ၏အဖွဲ့သား၊ ဘက်တော်သား၏ အနည်း အများ အရေအတွက် အပေါ်၌လည်း ဂရုပြုဖို့ မလိုအပ်ချေ။

ဟဇရတ်(သ)အေမာမ်ဂျအ်ဖရ်(အ.စ)အနေဖြင့် ဟရှမ်(မ်)အား မိန့်တော်မူလေ၏။

"အို-ဟရှာမ်(မ်)၊ အကယ်၍ အသင်၏လက်ထဲ၌ သစ်ကြားသီးရှိမယ်၊ နောက် အားလုံးကပြောမယ်။ မင်းလက်ထဲမှာ ပုလဲလုံးဆိုလျှင် ဘာမျှ အကျိုးအမြတ်ရှိမည် မဟုတ်ချေ။ အကြောင်းမှာ အသင်ကိုယ်တိုင် သစ်ကြားသီးဖြစ်ကြောင်း သိနေလေ၏။

 

အကယ်၍ အသင်၏လက်ထဲ၌ ပုလဲလုံးဖြစ်ပြီး လူထုအနေဖြင့် သစ်ကြားသီးဟုပင် ပြော ကြလျှင်လည်း အသင့်အတွက် ဆုံးရှုံးမှု မရှိချေ။ အကြောင်းသည်ကား အသင်၏လက်၌ ရှိသောအရာမှာ ပုလဲလုံးဖြစ်ကြောင်း အသင်သိနေသည့်အတွက်ကြောင့်ပင်တည်း။"

 

ထိုနည်းတူစွာ အေမာမ်အလီ(အ.စ) မိန့်တော်မူထားသည်မှာ-

(အမှန်တရား)အတွက် လမ်းညွှန်လမ်းပြမှု လမ်းစဉ်၌ လူဦးရေနည်းမှုကြောင့် မတုန်လှုပ်၊ မကြောက်ပါလေနှင့်။

 

နေရာတကာ၌ အထူးသဖြင့် ဘာသာရေးကိစ္စများ၌ အများနှင့်ဆိုပြီး “ဤ” ကို “ကျွဲ”ဟု ဖတ်နေကြသူများ အထူးသတိထား အရှက်ရှိသင့်ပေသည်။(ဘာသာပြန်သူ)

တတိယပွိုင့် ဤဟဒီးစ်တော်၏ တတိယ၀ါကျတော်အဖြစ် လာရှိသောဝါကျတော်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ နှစ်မျိုးနှစ်စား လာရှိလေသည်။

 

ဤဖွင့်ဆိုချက် နှစ်ခုအား တစ်နေရာတည်း ပေါင်းစပ်လျှင်လည်း ပြဿနာမဟုတ်ချေ။ ကျွန်တော့် အနေဖြင့် အောက်ဖော်ပြပါအတိုင်း ညွှန်ပြပေမည်။

 

ဧကန်မုချ အဟ်လေ့ဘိုက်(သ်)(အ.စ)သည် အကီဒဟ်ယုံကြည်မှုများနှင့် ဒီးန်သာသနာ့ ဆိုင်ရာ လုပ်ဆောင်မှုများတွင် လူထု၏အကူအညီ မလိုလားအပ်ချေ။ အလ္လာဟို အရှင် မြတ် ဘက်တော်မှ မဟာတမန်တော်ကြီး()အပေါ် ချမြန်းပေးသမျှ အရာအားလုံးသည် ပင် အနွယ်တော်မွန်များအတွက် လုံလောက်ပေသည်။

 

အခြေအနေမှန်ဆိုရလျှင် အွမ္မသ် (ကိုယ်တော်မြတ်(ဆွ)၏နောက်လိုက်နောက်သား များ)သာလျှင် အထက်ဖော်ပြပါအရာများနှင့် အဟ်လေ့ဘိုက်(သ်)လိုအပ်ပေသည်။

 

ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နတ်သာလျှင် အွမ္မသ်အတွက် မလုံလောက်ချေ။ အဟ် လေ့ဘိုက်(သ်)ဘက်သို့ မျက်နှာမမူဘဲ၊ မလှည့်ဘဲနေလျှင် လုံးဝဥဿုံ လမ်းလွဲ လမ်း မှားသို့ ရောက်သွားပေမည်။

 

(ခ) မြတ်အလ္လာဟ်၏ နေအ်မသ်တော်များသည် အဟ်လေ့ဘိုက်(သ်)အပေါ် တိုက် ရိုက် အမှီသဟဲမရှိဘဲ ကျရောက်လေသည်။ အလ္လာဟိုအရှင်မြတ်သခင်သည်

 

မိမိ၏ နေအ်မသ်တော်များကို လူထုအပေါ်၊ မနုဿပုထုဇဉ်များအပေါ် ချပေးတော်မူမည်ဆို လျှင် အဟ်လေ့ဘိုက်(သ်)(အ.စ)အား ၀ဇီလာ(ခ)အမှီသဟဲ မပြုဘဲ ကျတော်မူလိမ့်မည် မဟုတ်ချေ။