အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၁၁ ဇန်နဝါရီ ၂၀၁၆

၁၈:၂၄:၃၂
730054

ကိုရီးယားနှစ်နိုင်ငံ နယ်နိမိတ်အနီးတွင် အမေရိကန်က B-52 ဗုံးကြဲလေယာဉ် ပျံသန်းပြ

မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်က တောင်ကိုရီးယား လေပိုင်နက်ထဲတွင် B-52 ဗုံးကြဲလေယာဉ်တစ်စီးကို ပျံသန်းပြခဲ့ကြောင်း သိရသည်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

လေတပ်စခန်း အထက်တွင် တောင်ကိုရီးယားနှင့် အမေရိကန် တိုက်လေယာဉ်များ ခြံရံပျံသန်းနေသည့် B-52 ဗုံးကြဲလေယာဉ်ကို တွေ့ရစဉ်။



မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်က တောင်ကိုရီးယား လေပိုင်နက်ထဲတွင် B-52 ဗုံးကြဲလေယာဉ်တစ်စီးကို ပျံသန်းပြခဲ့ကြောင်း သိရသည်။


အမေရိကန်၏ မဟာဗျူဟာ ဗုံးကြဲတိုက်လေယာဉ်ကြီးသည် ကိုရီးယား နှစ်နိုင်ငံ နယ်နိမိတ်အနီးရှိ တောင်ကိုရီးယား လေတပ်စခန်းအထက်တွင် အနိမ့်ပျံသန်းပြခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာက ပိတ်ပင်အရေးယူမှုများ ရှိနေသည့်တိုင် မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ၎င်းတို့၏ ဟိုက်ဒရိုဂျင် ဗုံးလက်နက်ကို မြေအောက်တွင် စမ်းသပ် ဖောက်ခွဲခဲ့သည်။ ထို့နောက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အဆိုပါ စမ်းသပ်မှုသည် အမေရိကန်က နျူကလီးယား စစ်ပွဲတစ်ရပ် ဆင်နွှဲလာလျှင် မိမိကိုယ်ကို ကာကွယ်ရန် ပြင်ဆင်ထားခြင်းဟု ကြေညာခဲ့သည်။

“ဒါဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ လုပ်ပိုင်ခွင့်အတိုင်း မျှမျှတတ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ ဘယ်သူမှ ဝေဖန်ခွင့် မရှိဘူး”ဟု ကင်မ်က ပြောကြားခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ် စစ်ပွဲအပြီးတွင် အပစ်အခတ် ရပ်ဆိုင်းထားသော်လည်း ငြိမ်းချမ်းရေး စာချုပ်မှု မရှိသည့်အတွက် နှစ်နိုင်ငံ စစ်ဖြစ်နေဆဲဟု ယူဆနိုင်သည်။ တောင်ကိုရီးယား၏ အဓိက မဟာမိတ်ဖြစ်သည့် အမေရိကန်က B-52တစ်စီး ပျံသန်းအင်အားပြခဲ့ခြင်းသည် မြောက်ကိုရီးယား၏ ရန်စသော အပြုအမူကို တုံ့ပြန်ခြင်းဟု ကြေညာထားသည်။

==========================================
251 /End