အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
အင်္ဂါနေ့

၁၂ ဇန်နဝါရီ ၂၀၁၆

၁၈:၁၁:၃၇
730224

မြန်မာနိုင်ငံ အင်္ဂလိကန် ခရစ်ယာန်အသင်းတော်၏ တွေ့ဆုံပွဲသို့ နယူးဇီလန်မှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး တက်ရောက်

မြန်မာနိုင်ငံရှိ ခရစ်ယာန် အင်္ဂလိကန်အသင်းတော်က ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်သော အင်္ဂလိကန်မိသားစု တွေ့ဆုံပွဲသို့ နယူးဇီလန်နှင့် ပိုလီနီးရှား အင်္ဂလိကန်အသင်းတော်၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီးများထဲမှ တစ်ဦးဖြစ်သူ ဘုန်းတော်ကြီး ဖိလစ် ရစ်ချက်ဆန် တက်ရောက်ခဲ့သည်ဟု သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

christianရန်ကုန်မြို့ရှိ အင်္ဂလိကန်ဘုရားကျောင်းမှ ၀တ်ပြုဆုတောင်းမှု ပုံရိပ်တစ်ခု



 မြန်မာနိုင်ငံရှိ ခရစ်ယာန် အင်္ဂလိကန်အသင်းတော်က ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်သော အင်္ဂလိကန်မိသားစု တွေ့ဆုံပွဲသို့ နယူးဇီလန်နှင့် ပိုလီနီးရှား အင်္ဂလိကန်အသင်းတော်၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီးများထဲမှ တစ်ဦးဖြစ်သူ ဘုန်းတော်ကြီး ဖိလစ် ရစ်ချက်ဆန် တက်ရောက်ခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၃၀ ရက်နေ့မှ ဇန်န၀ါရီ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည် တတိယအကြိမ်မြောက် အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံတစ်ဝှမ်းမှ အင်္ဂလိကန်အသင်းဝင် ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပြီး အာရှပစိဖိတ်ဒေသမှ အသင်းတော် ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

ဘုန်းတော်ကြီး ဖိလစ်ကမူ နိုဝင်ဘာရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြို အနိုင်ရမှုက အကောင်းမြင်စရာဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ စစ်တပ်မှာ ဆက်လက်အာဏာရှိနေပြီး မြန်မာ့လူ့အဖွဲ့အစည်းတွင် အမြဲတမ်းပါဝင်မည်ဖြစ်သော်လည်း ဘုန်းတော်ကြီးကမူ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခရီးရောက်နေပြီး ထိုတိုးတက်မှုများမှာလည်း နောက်ပြန်သွားတော့မည်မဟုတ်ဆိုသော မျှော်လင့်ချက်များမှာ ပြည်သူများအကြားတွင် ရှိလာစေခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကြံ့ခိုင်မှုနှင့် ရွေးကောက်ပွဲ အောင်နိုင်မှုတို့က မြန်မာအမျိုးသမီးများအတွက် အားဖြစ်စေသည်ဟု ဆိုသည်။

ဘုန်းတော်ကြီးဖိလစ်မှာ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီးနောက်ပိုင်း တောင်ငူမြို့ရှိ အသင်းတော်၏ ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး၊ ကရင်လူ့အဖွဲ့အစည်းနှင့် တွေ့ဆုံခဲ့သည်။

Ref: Anglicannews

==========================
251/End