အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
ကြာသပတေးနေ့

၁၄ ဇန်နဝါရီ ၂၀၁၆

၁၉:၀၅:၃၂
730539

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ခန်ဟာ ဇန်န၀ါရီ ၁၇ ရက်ကနေ ၁၈ ရက်ထိ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ခန်ဟာ ဇန်န၀ါရီ ၁၇ ရက်ကနေ ၁၈ ရက်ထိ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ ခရီးစဉ်အတွင်း  မြန်မာအစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံပြီး ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးဆွေးနွေးမယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ဆက်ပြီးထောက်ခံအားပေးဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ လည်း ဇန်န၀ါရီလ ၁၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ခရီးစဉ်အပြီး ဇန်န၀ါရီ ၁၈ ရက် ညနေ နေပြည်တော်မှာ သတင်းစာရှင်းလင်းဖို့ အစီအစဉ်ရှိပါတယ်။
==============================
251/ End