အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
တနင်္လာနေ့

၂၅ ဇန်နဝါရီ ၂၀၁၆

၁၉:၀၆:၄၉
731994

ဘာသာရေး အလွဲသုံးစားလုပ်ခြင်းကို ဆန့်ကျင်ရန် တာဝန်ရှိသည်ဟု ကြေညာစာတမ်းဆို

ဘာသာရေးအား ခုတုံးလုပ် အလွဲသုံးစားပြုခြင်းကို ဆန့်ကျင်ကန့်ကွက်ရန် အားလုံးတွင် အချိန်တိုင်း တာဝန်ရှိနေသည်ဟု ကမ္ဘာ့ဘာသာပေါင်းစုံခေါင်းဆောင်များနှင့် ပညာရှင်များက ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေး ညီလာခံအပြီး ထုတ်ပြန်သည့် ငြိမ်းချမ်းရေးကြေညာစာတမ်း၌ ထည့်သွင်းရေသားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


 
ဘာသာရေးအား ခုတုံးလုပ် အလွဲသုံးစားပြုခြင်းကို ဆန့်ကျင်ကန့်ကွက်ရန် အားလုံးတွင် အချိန်တိုင်း တာဝန်ရှိနေသည်ဟု ကမ္ဘာ့ဘာသာပေါင်းစုံခေါင်းဆောင်များနှင့် ပညာရှင်များက ကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေး ညီလာခံအပြီး ထုတ်ပြန်သည့် ငြိမ်းချမ်းရေးကြေညာစာတမ်း၌ ထည့်သွင်းရေသားခဲ့သည်။

"မျက်မှောက်ခေတ်၌ အကြမ်းဖက်မှုများ၊ ဖိနှပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုမျိုးစုံကို ကာကွယ်ပြောဆိုရာတွင် ဘာသာရေးကို မကြာခဏ ခုတုံးလုပ် အသုံးပြုနေသည်မှာ အထူးစိုးရိမ်စရာကောင်းသည်။" ဟုလည်း ဖော်ပြသည်။

ဇန်နာဝါရီ ၂၂-၂၄ ထိ သီတဂူကမ္ဘာ့ဗုဒ္ဓဘာသာငြိမ်းချမ်းရေးညီလာခံ၌ နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ဘာသာပေါင်းစုံ ခေါင်းဆောင်များ၊ လေ့လာသူ ပညာရှင်များအပါ စုစုပေါင်း ၂၀၀ ကျော်နှင့် ပြည်တွင်းမှ ဆရာတော်ကြီးများနှင့် ဘာသာရေးပညာရှင်များ တက်ရောက်၍ ငြိမ်းချမ်းရေးစာတမ်းများနှင့် ငြိမ်းချမ်းရေးသ၀ဏ်လွှာများ ဖတ်ကြား ဆွေးနွေးကြသည်။

ဆွေးနွေးတိုင်ပင်ပြီးနောက် ထုတ်ပြန်လိုက်သည့် ၁၄ ချက်ပါ ငြိမ်းချမ်းရေးကြေညာစာတမ်း၌ "ယဉ်ကျေးမှုတစ်ခု၊ ဘာသာတရားတစ်ခု၊ လူမျိုးတစ်မျိုး (သို့) လူ့အဖွဲ့အစည်းတစ်ခုကို အခွင့်အရေပေးခြင်းသည် မုန်းတီးမှု၊ ကြောက်ရွံ့မှုနှင့် အယုံအကြည်ကင်းမဲ့မှုများကိုသာ လှုံ့ဆော်စေနိုင်ပါသည်။" ဟုလည်း ပါရှိသည်။

ထို့ပြင် စိတ်ဝမ်းကွဲမှုနှင့် အကြမ်းဖက်မှုများကို လှုံ့ဆော်နိုင်သော "အမုန်းစကားများနှင့် ကောလဟာများ" ကို မျက်စိ ကျယ်ကျယ်ဖွင့်၍ ဆန်းစစ်ဝေဖန်ခွဲခြားကြပါရန်လည်း ဆရာများ၊ ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် လူမှုရေးခေါင်းဆောင်များကို အထူးတိုက်တွန်းထားသည်။

မြတ်ဗုဒ္ဓ၏ အဆုံးအမဖြစ်သော သည်းခံခြင်း၊ ငြိမ်းချမ်းခြင်း၊ ဘာသာတရားတစ်ခုနှင့်တစ်ခု အပြန်လှန်ပို၍ နားလည်မှု ထားခြင်း၊ မေတ္တာကရုဏာတရားများပွားများခြင်းကို ငြိမ်းချမ်းရေးဆီ ဦးတည်သည့်လမ်းကြောင်းအဖြစ် ညီလာခံ တက်ရောက်သည့် ခေါင်းဆောင်များက သတ်မှတ်ကြသည်။

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့် စစ်ပွဲများ အဆုံးသတ်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး၊ မျှတမှုနှင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ငြိမ်းချမ်းသည့်နည်းဖြင့်သာလျှင် ရရှိနိုင်မည်ဟုလည်း သဘောတူကြသည်။

ညီလာခံတက်သည့် ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မတူညီမှုနှင့် ညွီတ်မှုကို ပေါင်းစည်းနိုင်ရန် ကြိုးပမ်းအားထုတ်နေသော အခြားနိုင်ငံများအတွက် မြန်မာနိုင်ငံသည် စံနမူနာကောင်းတစ်ခု ဖြစ်နိုင်သည်ဟု အသိအမှတ်ပြုကြကြောင်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။
======================================
251/End