အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၃၀ ဇန်နဝါရီ ၂၀၁၆

၁၉:၃၅:၀၅
732658

ဆော်ဒီရှိ ရှီအာဗလီဗုံးခွဲမှုကို အလ်-အဇ်ဟာရ်နှင့် ကုလတို့ ရှုတ်ချ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) နဲ့ စွန်နီကမ္ဘာမှာ အမြင့်ဆုံး အစ္စလာမ်ဓမ္မတက္ကသိုလ်ဖြစ်တဲ့ အီဂျစ်နိုင်ငံက အလ်-အဇ်ဟာရ်တို့က ဆော်ဒီနိုင်ငံအရှေ့ပိုင်းပြည်နယ်မှာ ရှီအာဗလီတစ်လုံးကို အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ရှုတ်ချလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) နဲ့ စွန်နီကမ္ဘာမှာ အမြင့်ဆုံး အစ္စလာမ်ဓမ္မတက္ကသိုလ်ဖြစ်တဲ့ အီဂျစ်နိုင်ငံက အလ်-အဇ်ဟာရ်တို့က ဆော်ဒီနိုင်ငံအရှေ့ပိုင်းပြည်နယ်မှာ ရှီအာဗလီတစ်လုံးကို အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ရှုတ်ချလိုက်ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဆော်ဒီက ရှီအာအများစုနေထိုင်တဲ့ အလ်-အဆ်ဟာ ပြည်နယ် မဟာဆန်မြို့က ရီဇာဗလီဝတ်ကျောင်းတော်မှာ သောကြာနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ ၄ ဦးသေဆုံးခဲ့ကာ ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုမှာပါဝင်တဲ့ တရားခံတွေ၊ စီစဉ်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေ အားလုံးကို တရားဥပဒေရှေ့မှောက် အရောက်ပို့ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ ထိခိုက်သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် အလွန်ဝမ်းနည်းကြေကွဲရကြောင်း ပြောဆိုခဲ့ပါတယ်။

“အကြမ်းဖက်မှု ဘယ်လိုပုံစံမျိုးမဆို ရာဇ၀တ်မှုဖြစ်ပြီး၊ ဘယ်လိုဆင်ခြေမှ ပေးလို့မရပါဘူး။ ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ဒီကျူးလွန်မှုကို အသိအမှတ်မပြုနိုင်ပါဘူး” လို့ လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အလ်-အဇ်ဟာရ်တက္ကသိုလ်ကလည်း အဆိုပါတိုက်ခိုက်မှုဟာ ၀တ်ပြုဆုတောင်းရာ ကျောင်းတော်ရဲ့ မြင့်မြတ်မှုကို ဖျက်လိုဖျက်ဆီးပြုတာဖြစ်တယ်လို့ ပြောဆိုကာ ဝေဖန်ရှုတ်ချခဲ့ပါတယ်။ အဲဒီဗုံးခွဲမှုဟာ ဘယ်သူ့လက်ချက်မှန်း မသိသေးပေမယ့် အရင်က IS အဖွဲ့ဟာ ဒီလိုတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ဖူးတာကြောင့် အခုလုပ်ရပ်ဟာလည်း သူတို့အဖွဲ့ပဲဖြစ်မယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ဆော်ဒီက ရှီအာလူနည်းစုကို ပစ်မှတ်ထားပြုလုပ်တဲ့ တိုက်ခိုက်မှုတွေထဲက နောက်ဆုံးပေါ်ထွက်လာတဲ့ တိုက်ခိုက်မှုလည်းဖြစ်ပါတယ်။

Ref: Presstv