အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၃ ဖေဖော်ဝါရီ ၂၀၁၆

၁၇:၄၀:၀၃
733265

တန်ဇန်းနီးယားတွင် မုဆိုးများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူကို သတ်ဖြတ်

တရားမ၀င်မုဆိုးများအား လိုက်လံ စောင့်ကြည့်စဉ် ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် လေယာမှူးဖြစ်သူ ဗြိတိန်နိုင်ငံသား သသဘာဝပတ်ဝန်းကျင် ထိမ်းသိန်းစောင့်ရှောက်သူ အသတ်ခံရမှုကို တန်ဇန်းနီးယားသမ္မတက ဂျွန် မာဂူဖူလီက ရှုတ်ချလိုက်ပြီး ထိုကိစ္စအတွက် လူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ယမန်နေ့က ပြောကြားလိုက်ပါတယ်။




အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

တရားမ၀င်မုဆိုးများအား လိုက်လံ စောင့်ကြည့်စဉ် ရဟတ်ယာဉ် ပစ်ချခံရပြီးနောက် လေယာမှူးဖြစ်သူ ဗြိတိန်နိုင်ငံသား သသဘာဝပတ်ဝန်းကျင် ထိမ်းသိန်းစောင့်ရှောက်သူ အသတ်ခံရမှုကို တန်ဇန်းနီးယားသမ္မတက ဂျွန် မာဂူဖူလီက ရှုတ်ချလိုက်ပြီး ထိုကိစ္စအတွက် လူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ ယမန်နေ့က ပြောကြားလိုက်ပါတယ်။

သေဆုံးခဲ့တဲ့ ဗြိတိန်နိုင်ငံသားဟာ အသက် ၃၇ နှစ်အရွယ် ရော်ဂျာ ဂိုဝါဖြစ်ပြီး ကမ္ဘာကျော် ဆီရန်ဂေတီ အမျိုးသားဥယျာဉ်နှင့်ကပ်လျက် တန်ဇန်နီးယားမြောက်ပိုင်းက မဆ်ဝါဘေးမဲ့တောမှာ ကင်းလှည့်နေစဉ်အတွင်း နယ်ကျော်မုဆိုးတွေက ၎င်းစီးနင်းလာတဲ့ ဟယ်လီကော်ပတာကို ပစ်ချကာ ၎င်းကို သတ်ပစ်ခဲ့တာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်တဲ့ Friedkin Conservation Fund အဖွဲ့မှာ အလုပ်လုပ်တဲ့ဂိုဝါဟာ မကြာမီက သတ်ဖြတ်ခံထားရတဲ့ ဆင်အလောင်းများကို တွေ့ရှိပြီးနောက် နယ်ကျော်မုဆိုးတွေကို ခြေရာခံရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

“ဒီကိစ္စဟာ ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချသင့်တဲ့ ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်” လို့ မာဂူဖူလီက ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပြီး ပါဝင်ကျူးလွန်ခဲ့သူအားလုံးကို တရားစွဲဆိုကာ ဥပဒေအတိုင်း လုပ်ဆောင်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မာဂူဖူလီက တောရိုင်းတိရစ္ဆာန်တွေကို ဒီထက်မက ပိုမိုစောင့်ရှောက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ဘေးမဲ့တောနဲ့ အမျိုးသားဥယျာဉ်ထဲမှာ အမဲလိုက်ခြင်းကို ကာကွယ်တိုက်ဖျက်သွားပါမယ်၊ နယ်ကျော်အမဲလိုက်သူတွေကို တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့ လက်တွေတွဲထားပါစို့”

အာဖရိကတိုက်တစ်ဝှမ်းမှာ ဆင်စွယ်ရယူလိုမှုနဲ့ ဆင်များကို သတ်ဖြတ်မှုဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေဆဲဖြစ်ပြီး တန်ဇန်းနီးယား တစ်နိုင်ငံတည်းမှာတင် နှစ်စဉ် ဆင်အကောင်ရေ သိန်းနဲ့ချီ သတ်ဖြတ်ခံနေရပါတယ်။

Ref: Al-jazeera

============================
251/End