အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၅ ဖေဖော်ဝါရီ ၂၀၁၆

၁၅:၄၇:၃၈
733500

“ရှင်တို့ပေါ့ Deash (IS) ကို ဖန်တီးခဲ့တာ”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး ပါအိုလို ဂျန်တီလိုနီတို့ ဒီတစ်ပတ်အတွင်း ရောမမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပရိတ်သတ်ထဲက အီတလီအမျိုးသမီးတစ်ဦး ဟစ်အော် ပြောကြားခဲ့တဲ့ စကားဖြစ်ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲဟာ ဆီးရီးယားနဲ့ အီရတ်တို့မှာ IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ မဟာမိတ်တွေရဲ့ ဆွေးနွေးပွဲအပြီးမှာ ပြုလုပ်ခဲ့တာပါ။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ အီတလီနိုင်ငံခြားရေးဝန်ကြီး ပါအိုလို ဂျန်တီလိုနီတို့ ဒီတစ်ပတ်အတွင်း ရောမမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပရိတ်သတ်ထဲက အီတလီအမျိုးသမီးတစ်ဦး ဟစ်အော် ပြောကြားခဲ့တဲ့ စကားဖြစ်ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲဟာ ဆီးရီးယားနဲ့ အီရတ်တို့မှာ IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ မဟာမိတ်တွေရဲ့ ဆွေးနွေးပွဲအပြီးမှာ ပြုလုပ်ခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲ ပြီးဆုံးကာနီးအချိန်မှာ ပရိတ်သတ်ထဲက မျက်နှာကို အ၀တ်နက်နဲ့ စည်းထားတဲ့ အမျိုးသမီးတစ်ဦးက ဒီလို ထအော်ခဲ့တာဖြစ်ပြီး၊ လုံခြုံရေးတွေကတော့ သူ့ကို ဆွဲထုတ်သွားခဲ့ပါတယ်။

ဂျန်တီလိုနီနဲ့ ဆွေးနွေးပွဲအပြီးမှာ ဂျွန်ကယ်ရီက အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ မဟာမိတ်အဖွဲ့တွေဟာ IS အဖွဲ့ကို ချေမှုန်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး အီတလီနိုင်ငံခြားရေးဝန်ကြီးကလည်း ပိုမိုသတိ ထားရမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး IS ကို ချေမှုန်းရာမှာ အရေးပါတဲ့ တိုးတက်မှုတွေ လုပ်နိုင်နေပေမယ့် မိမိတို့ဟာ အင်မတန် ခုခံနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းကို ရင်ဆိုင်နေရတာဖြစ်တဲ့အတွက် လျှော့တွက်လို့မရဘူးလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

IS ဟာ အမေရိကန်ရဲ့စနက်နဲ့ မကင်းဘူးလို့ အီတလီမှာ ဒီလိုပြောဆိုတာဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အမေရိကန် မရိန်းတပ်သားဟောင်းတစ်ဦးကလည်း IS ပေါ်ထွက်လာမှုဟာ အမေရိကန်ရဲ့ အီရတ်ကို ၂၀၀၃ ခုနှစ် ကျူးကျော်တိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ဒီဇင်ဘာလမှာ ပြစ်တင်ပြောဆိုခဲ့ဖူးပါတယ်။

IS ထွက်ပေါ်လာမှုကို အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အီရတ် ကျူးကျော်တိုက်ခိုက်မှုနဲ့ ချိတ်ဆက်ပြောဆိုတာမျိုး ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

အီရတ်စစ်ပွဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ပြီး အမေရိကန်ရဲ့ လက်ရုံးမဟာမိတ် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက မိမိတို့ အီရတ်ကို ကျူးကျော်တိုက်ခိုက်တာဟာ ထောက်လှမ်းရေးသတင်းမှားကြောင့်ဖြစ်ပြီး IS ပေါ်ထွက်လာမှုကလည်း ဒီစစ်ပွဲနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ၀န်ခံပြောကြားခဲ့ပါတယ်။

Ref: RT

=====================


251/End