အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၇ ဖေဖော်ဝါရီ ၂၀၁၆

၁၈:၄၈:၁၄
733856

နမ့်ဆန်မီးဘေးသင့်ပြည်သူများအတွက် ပြင်ဦးလွင်နှင့် ကျောက်မဲမှ မွတ်စလင်များက အကူအညီများ ပေးပို့ လှူဒါန်း

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ မီးဘေးသင့်ပြည်သူများအတွက် ပြင်ဦးလွင်နှင့် ကျောက်မဲမြို့မှ အစ္စလာမ်ဘာသာဝင်များက စားသောက်ကုန်များ၊ အ၀တ်အစားများနှင့် လူသုံးကုန်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ မီးဘေးသင့်ပြည်သူများအတွက် ပြင်ဦးလွင်နှင့် ကျောက်မဲမြို့မှ အစ္စလာမ်ဘာသာဝင်များက စားသောက်ကုန်များ၊ အ၀တ်အစားများနှင့် လူသုံးကုန်ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်ဟု သိရသည်။

ပြင်ဦးလွင်မြို့ အိုလမာ အစ္စလာမ်သာသနာ့ညာရှင်များအဖွဲ့ခွဲက အအေးဒဏ်ခံ အ၀တ်အထည်များ၊ စောင်၊ ခြင်ထောင်နှင့် အိပ်ယာများကို ၁၄ ပေ ကုန်တင်ကားအပြည့် တင်ဆောင်ကာ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် နမ့်ဆန်မြို့သို့ သွားရောက်၍ မီးဘေးသင့်ပြည်သူများကို လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။


အိုလမာ၏ ပညာရေးနှင့် လူမှုရေးအကျိုးဆောင်ကော်မတီမှ ဦးစည်းကာ မွတ်စလင်များ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ဆောင်ရွက်သည့် အဆိုပါ ထောက်ပံ့ကူညီမှုတွင် အ၀တ်အထည်အမျိုးမျိုး ဆာလာအိတ် ၅ ထုတ်၊ အသင့်စားခေါက်ဆွဲခြောက် ၁၀ ဖာနှင့် ငွေကျပ် ၁၅ သိန်းကျော်လည်း ပါဝင်ခဲ့သည်။

“အတိဒုက္ခရောက်နေကြတဲ့ မီးဘေးသင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ပြင်ဦးလွင်က မွတ်စလင်တွေက တတ်နိုင်သလောက် ဖြည့်ဆည်းပေးတာပါ။ သူတို့ လိုအပ်နေတာတွေကို အမြန်ဆုံးရရှိနိုင်အောင် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ကော်မတီမှ တွဲဘက်အတွင်းရေးမှူး ဟာဂျီ ဦးဝင်းကိုကိုမောင်က M-Media သို့ ပြောကြားခဲ့သည်။

ထို့ပြင် မီးဘေးသင့်ပြည်သူများ၏ ဆုံးရှုံးသွားသော အိမ်ယာများ ဆောက်လုပ်မှုအပါအ၀င် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ပြင်ဦးလွင်မြို့ရှိ မွတ်စလင်များက ထပ်မံ ကူညီ ထောက်ပံ့ပေးသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။


ကျောက်မဲမြို့မှ မွတ်စလင်များကလည်း မီးဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများ လှူဒါန်းခဲ့သည်ဟု သိရသည်။ ကျောက်မဲမြို့ အစ္စလာမ်ဘာသာရေးအဖွဲ့ ဥက္ကဌ ဒေါက်တာမြတ်သူအောင် ဦးဆောင်သည့် အဖွဲ့မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ၅ သိန်း၊ ဆန် ၅ အိတ်၊ ပဲဆီ ၁၂၀ လီတာ၊ ခေါက်ဆွဲခြောက်နှင့် မုန့်ခြောက်များ၊ အ၀တ်အအထည် ဆာလာအိတ် ၂၀ တို့ကို ကျောက်မဲမြို့ပေါ်ရှိ နမ့်ဆန် မီးဘေးသင့်ပြည်သူများအား အကူအညီပေးရေးအဖွဲ့သို့ ပေးအပ်ခဲ့သည်။

ကျောက်မဲမြို့မှ အစ္စလာမ်ဘာသာဝင်များမှာ မီးလောင်မှုဖြစ်ပွားသည့် ဖေဖော်ဝါရီ ၄ ရက်နေ့ကလည်း နမ့်ဆန်မြို့သို့ အစားအသောက်အများ အ၀တ်အထည်များကို သွားရောက်လှူဒါန်းခဲ့ကြသည်။


========================================
251/End