အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၈ ဖေဖော်ဝါရီ ၂၀၁၆

၁၈:၅၆:၀၅
734053

ဆိုမာလီ ခရီးသည်တင်လေယာဉ် ကိုယ်ထည်ပေါက်ကွဲမှုမှာ လက်ပ်တော့ပ်ထဲမှ ဗုံးကြောင့်ဟု အတည်ပြု

ဆိုမာလီယာပိုင် ခရီးသည်တင် လေယာဉ်ပေါ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးကွဲမှု၌ ဗုံးကို လက်ပ်တော့ပ် ကွန်ပျူတာ တစ်လုံးထဲတွင် ထည့်ဝှက်ထားခြင်းဟု စုံစမ်းစစ်ဆေးရေး အရာရှိများက ပြောကြားခဲ့သည်။ ဆိုမာလီ ထောက်လှမ်းရေး အဖွဲ့များက ဖေဖော်ဝါရီ ၂ ရက်တွင် လေယာဉ်ကိုယ်ထည် ပေါက်ကွဲမှုတစ်ခု ပေါ်ပေါက်လာပြီး လူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်မှာ ဗုံးကြောင့်ဟု အတည်ပြုခဲ့သည်။ လုံခြုံရေး ကင်မရာ မှတ်တမ်းများအရ လေယာဉ်ပေါ် ပါသွားသည့် ခရီးသည် တစ်ဦးသည် လက်ပ်တော့ ကွန်ပျူတာ တစ်လုံးကို လက်လွှဲ ယူသွားခဲ့သည်ကို ဖော်ထုတ် တွေ့ရှိခဲ့ရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ဆိုမာလီယာပိုင် ခရီးသည်တင် လေယာဉ်ပေါ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးကွဲမှု၌ ဗုံးကို လက်ပ်တော့ပ် ကွန်ပျူတာ တစ်လုံးထဲတွင် ထည့်ဝှက်ထားခြင်းဟု စုံစမ်းစစ်ဆေးရေး အရာရှိများက ပြောကြားခဲ့သည်။


ဆိုမာလီ ထောက်လှမ်းရေး အဖွဲ့များက ဖေဖော်ဝါရီ ၂ ရက်တွင် လေယာဉ်ကိုယ်ထည် ပေါက်ကွဲမှုတစ်ခု ပေါ်ပေါက်လာပြီး လူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်မှာ ဗုံးကြောင့်ဟု အတည်ပြုခဲ့သည်။ လုံခြုံရေး ကင်မရာ မှတ်တမ်းများအရ လေယာဉ်ပေါ် ပါသွားသည့် ခရီးသည် တစ်ဦးသည် လက်ပ်တော့ ကွန်ပျူတာ တစ်လုံးကို လက်လွှဲ ယူသွားခဲ့သည်ကို ဖော်ထုတ် တွေ့ရှိခဲ့ရသည်။

Daallon လေကြောင်းလိုင်းပိုင် လေယာဉ်သည် ပေါက်ကွဲမှုကြောင့် လေယာဉ်တောင်ပံ အထက်နားတွင် ကိုယ်ထည် ပေါက်ထွက်သွားခဲ့ပြီး လေယာဉ်သည်လည်း မိုဂါဒစ်ရှူးသို့ နောက်ကြောင်းပြန်လှည့်ကာ အရေးပေါ် ဆင်းသက်ခဲ့ရသည်။ ကိုယ်ထည်အပေါက်မှ လူတစ်ဦး လွင့်စင်ထွက်သွားပြီး အသက်ဆုံးရှုံးခဲ့ကြောင်း ဆိုမာလီ ရဲတပ်ဖွဲ့က ဆိုသည်။

“အခု စုံစမ်းမှု ရလဒ်တွေနဲ့ ဆက်နွှယ်ပြီး မသင်္ကာသူ ၁၅ ဦးကို ဖမ်းဆီးထားပါတယ်”ဟု ဆိုမာလီ လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ၎င်းက “ကနဦး စစ်ဆေးမှုတွေအရ ဗုံးက လက်ပ်တော့ တစ်လုံးထဲမှာ ထည့်ဝှက်ပြီး လေယာဉ်ပေါ် ပါလာတာ ဖြစ်ပါတယ်။ ဒါဟာ လူတစ်ဦး တစ်ယောက်တည်းတင် မကဘဲ ကွန်ရက် ချိတ်ဆက် လှုပ်ရှားတဲ့ အကြမ်းဖက်မှုမျိုးလည်း ဖြစ်နိုင်တယ်။ ဒါ့ကြောင့် လူတချို့ကို ထိန်းသိမ်းပြီး စစ်ဆေးမှုတွေ လုပ်နေတာပါ”ဟုလည်း ပြောကြားခဲ့သည်။

အစောပိုင်းက လေယာဉ်ကိုယ်ထည် ကွဲထွက်သွားမှုသည် လေဖိအား ရုတ်တရက် ပြောင်းလဲ၍ ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် ဗုံးကွဲမှု တစ်ခုအဖြစ် ဖော်ထုတ် တွေ့ရှိခဲ့သည်။

ဗုံးကွဲမှုကြောင့် Airbus A321 လေယာဉ်၏ ကိုယ်ထည်တွင် သုံးပေအချင်းမျှ အပေါက်ကြီးတစ်ခု ဖြစ်လာပြီး အက်ဘ်ဒူလာဟီ အက်ဘ်ဒီဆာလမ် အမည်ရှိ ခရီးသည်မှာ လွင့်ထွက်သွားပြီး သေဆုံးခဲ့သည်။ ဖြစ်စဉ်တွင် အခြား ခရီးသည် နှစ်ဦးမှာလည်း အသေးစား ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။



======================
251 / End