အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
စနေနေ့

၁၃ ဖေဖော်ဝါရီ ၂၀၁၆

၂၀:၂၇:၅၉
734793

မြန်မာပြည်၏ အကြီးမြတ်ဆုံးပုဂ္ဂိုလ်

‘‘ဖေဖော်ဝါရီ ၁၃ ရက်နေ့က နာမည်ကျော် နက္ခတ်ဗေဒင်ဆရာ ကြီး ကီရို(ကိုင်ရို)၏ ဟောပြော ချက်အရဆိုလျှင် တိုင်းပြည်တစ် ပြည်၏ အစိုးရထီးနန်းတို့ကို ဖြို ဖျက်နိုင်စွမ်းသောသူများကို မွေး ဖွားတတ်သော ဇာတာဟုဟော ထားလေသည်။ ထိုနေ့တွင် မွေး ဖွားသော ကျွန်တော်မှာသူပုန် လောင်းလေးဖြစ်သည်ကို ထိုအခါ က မည်သူမျှထူးထူးခြားခြားထည့် သွင်းစဉ်းစားခြင်းမပြုကြချေ’’

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



‘‘ဖေဖော်ဝါရီ ၁၃ ရက်နေ့က နာမည်ကျော် နက္ခတ်ဗေဒင်ဆရာ ကြီး ကီရို(ကိုင်ရို)၏ ဟောပြော ချက်အရဆိုလျှင် တိုင်းပြည်တစ် ပြည်၏ အစိုးရထီးနန်းတို့ကို ဖြို ဖျက်နိုင်စွမ်းသောသူများကို မွေး ဖွားတတ်သော ဇာတာဟုဟော ထားလေသည်။ ထိုနေ့တွင် မွေး ဖွားသော ကျွန်တော်မှာသူပုန် လောင်းလေးဖြစ်သည်ကို ထိုအခါ က မည်သူမျှထူးထူးခြားခြားထည့် သွင်းစဉ်းစားခြင်းမပြုကြချေ’’

အထက်ပါစကားကို ဆိုခဲ့သူ မှာ ယနေ့တွင်သာ သက်ရှိထင်ရှား ရှိနေသေးလျှင် အသက် (၁၀၁) ရှိ နေမည်ဖြစ်သည်။ တစ်နည်းအား ဖြင့် ဆိုရလျှင် ယနေ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့သည် သူ၏(၁၀၁) နှစ်ပြည့် မွေးနေ့လည်းဖြစ် သည်။ အသက် (၃၀) စွန်းစွန်းသာ လူ့လောကထဲ၌ နေထိုင်ခဲ့ရသော သူသည် နယ်ချဲ့တို့ကိုပုန်ကန်ပြီး နှစ်ပေါင်း (၁၀၀) ကျော် သူ့ကျွန် ဘ၀ရောက်နေခဲ့ရသော မြန်မာ နိုင်ငံကို လွတ်လပ်ရေးရရန် ကြိုး ပမ်းခဲ့သည်။ သူနှင့်ပတ်သက်သည့် ကိန်းဂဏန်းအချို့ကို ချပြရုံမျှဖြင့် နာမည်ကို ပြောစရာမလိုဘဲ မြန်မာတစ်နိုင်ငံလုံးက သိကြပါသည်။

  သမိုင်းသည် အံ့သြစရာ ကောင်းလောက်အောင်ပင် တစ် ကျော့ပြန်တတ်လေသည်။ ယနေ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နေ့သည် စနေနေ့ဖြစ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရက် မွေးလမွေးနေ့တို့ တိုက်ဆိုင်သည်ဟု ဆို ရပေမည်။ သို့ဆိုလျှင် လက်ရှိပစ္စုပ္ပန်အခြေအနေသည် အသို့နည်း။


တိုင်းပြည်တစ်ပြည်၏ အစိုး ရထီးနန်းတို့ကို ဖြိုဖျက်နိုင်စွမ်း သော ဇာတာရှင်၏ မျိုးဆက်သည် မိဂုဏ်၊ ဖဂုဏ်၊ မျိုးရိုးဂုဏ်ကို ထိန်းသိမ်းလိုက်နိုင်သော အခြေ အနေဖြစ်သည်။ နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်သို့ ရောက်ရှိခဲ့ပြီး နိမ့်ကျခဲ့သော မြန်မာ ပြည်ကို ပြန်လည်ဆွဲတင်ရန် နှစ် ပေါင်းများစွာ ကြိုးစားခဲ့သူများ သည် သူတို့ရှိရမည့်နေရာတစ်ခု သို့ ရောက်ရှိနေပြီဖြစ်သည်။

‘‘ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက် ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရပြီး လွှတ်တော်ထဲရောက်လာသည်။ မကြာခင်မှာပဲ အစိုးတစ်ရပ်လည်း ဖွဲ့ရမှာဆိုတော့ ဒီနှစ်ဟာ အင်မ တန်မှ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ဗိုလ်ချုပ်အောင် ဆန်းမျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီပန်း တိုင်နဲ့ ဒီမိုကရေစီနိုင်ငံကိုထူ ထောင်ဖို့ ကျွန်မတို့တွေရဲ့ ပခုံးပေါ် မှာ အင်မတန်မှ ကြီးလေးတဲ့တာ ၀န်ကြီးရောက်နေပါတယ်လို့ နား လည်ပါတယ်။ တိုင်းရင်းသားအား လုံး ချစ်ကြည်စည်းလုံးစွာနဲ့ အမျိုး သားပြန်လည်ရင်ကြားစေ့ရေးဆို တဲ့ မူအပေါ် ရပ်တည်ကြရမယ်။ ဒီအခြေအနေကို ဗိုလ်ချုပ်ကိုလည်း မြင်စေချင်တယ်။ ဗိုလ်ချုပ်ရဲ့စေ တနာ၊ ဗိုလ်ချုပ်ရဲ့မေတ္တာ၊ ဗိုလ် ချုပ်ရဲ့ဆောင်ရွက်ချက်တွေအား လုံးကို လေးစားဂုဏ်ယူစွာနဲ့ ဗိုလ် ချုပ်ရဲ့ (၁၀၁)နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုပါတယ်’’ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဒေါ် ခင်စန်းလှိုင်က ပြောသည်။

ဖခင်ကဲ့သို့ပင် နိုင်ငံအတွက် နှစ်ပေါင်းများစွာရုန်းကန်ခဲ့ရသည့် သမီးဖြစ်သူသည် ဖခင်၏ (၁၀၁) နှစ်မြောက်မွေးနေ့အခါသမယ တွင် လူမှန်နေရာမှန်သို့ ရောက်ရှိ နေပြီဖြစ်သည်။

‘‘စွမ်းဆောင်ရည်ရှိတဲ့အဖေ နဲ့သမီးကို ကျွန်မတို့မျိုးဆက်တွေ လက်ဆင့်ကမ်း ပိုင်ဆိုင်ခဲ့ကြ တယ်။ အခုတော့ လူမှန်နေရာမှန်  ဖြစ်လာပြီလို့ ယူဆပါတယ်။ အ ပြောင်းအလဲကို လိုချင်တဲ့ပြည်သူ တွေကိုယ်စား ဒီနေရာရောက်လာ ရတာဖြစ်တဲ့တွက် ပြည်သူတွေ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ကြိုး ပမ်းသွားကြရမှာပါ’’ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိ ကွန်ချမ်းကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ရှင်သန်နေချိန်၌ အချိန် တော်တော်များများကို နိုင်ငံ့လွတ် လပ်ရေးအတွက် စွမ်းဆောင်ခဲ့ရုံ မျှမက  နှစ်ပေါင်းတစ်ရာကျော် တိုင်ခဲ့သည့်တိုင် တိုင်းပြည်ကို အ လုပ်အကျွေးပြုဆဲဖြစ်သည်။ ဗိုလ် ချုပ်နှစ်(၁၀၀)ပြည့်မွေးနေ့သည် ၂၀၁၅ရွေးကောက်ပွဲနှင့် တိုက် ဆိုင်ခဲ့ပြီး နိုင်ငံအနှံ့ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်အ ထိမ်းအမှတ်ပွဲများသည် ပြည်သူ တို့၏ နိုင်ငံရေးအသိအမြင်ကို နိုးကြားစေခဲ့ပြီး ရွေးကောက်ပွဲ၌ ဆုံးဖြတ်ချက်များမှန်ကန်ရန် အ ထောက်အကူပြုခဲ့သည်။

‘‘ကျွန်တော်တို့က ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပြိုင်ခဲ့ကြရတာ’’ဟု ရွေးကောက်ပွဲရှုံးသည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေက တစ်ပြည်လုံး၏ ရှုံး နိမ့်မှုကို    တင်စားပြောကြားခဲ့ သည်။

  တကယ်တမ်းပြောရလျှင် ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့ သည့် နတ်မောက်မြို့မှ မူလအိမ် သည်မရှိတော့ပြီ။ သို့သော်မြန်မာ ပြည်၏ အိမ်တိုင်းလိုလိုတွင် သူ၏ ဓာတ်ပုံရှိသည်။ သုံးမရသောပိုက် ဆံကို တခုတ်တရတန်ဖိုးထား သိမ်းဆည်းသောလူမျိုးအနည်း ငယ်တွင် မြန်မာတို့ပါဝင်သည်။ မြန်မာလူထုသည် ဗိုလ်ချုပ်အောင် ဆန်းပုံရိုက်နှိပ်ထားသော ငွေစက္ကူ များကို အမြတ်တနိုးသိမ်းထားကြ ဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အမျိုးမျိုးသော ကန့်သတ်ပိတ်ပင် မှုများရှိလင့်ကစား မြန်မာတို့ရင် ထဲ ကိန်းအောင်းနေသည့် ဗိုလ် ချုပ်၏ မွန်မြတ်သောလုပ်ရပ်များ ကို မည်သို့မျှမဖျောက်ဖျက်နိုင်ခဲ့။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကို ကလေးများနေ့အဖြစ်သတ် မှတ်ခြင်းကလည်း ဗိုလ်ချုပ်၏ စံန မူနာယူထိုက်ဖွယ်များကို မျိုးဆက် သစ်တို့ လက်ဆင့်ကမ်းအတုယူ ကြစေရန်ဖြစ်သည်။

‘‘နောက်လာမယ့် ကလေး တွေ ဗိုလ်ချုပ်ကို အတုယူတတ် အောင်ပြောပြကြတယ်။ ရှင်းပြ ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့လုပ်ကြတာဟာ သူ့ရဲ့ ကောင်းမွန်တဲ့လုပ်ရပ်တွေကို စံပြ အနေနဲ့ မီးမောင်းထိုးပြတာပါပဲ’’ ဟု ရှမ်းတိုင်းရင်းသားများဒီမိုက ရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦး စိုင်းညွန့်လွင်ကပြောသည်။

သို့သော် ဗိုလ်ချုပ်အောင် ဆန်းကဲ့သို့ ကျင့်ကြံနိုင်သူမှာနှစ် တစ်ရာအတွင်း ဗိုလ်ချုပ်အောင် ဆန်းတစ်ဦးတည်းသာပေါ်ပေါက် သဖြင့် လူကြီးများမှာကလေးများ ကို ဗိုလ်ချုပ်အောင်ဆန်းကိုသာ အတုယူရန် ဆုံးမကြရရှာသည်။

‘‘လူကြီးတွေက သူတို့ကိုယ် တိုင်စံပြမလုပ်နိုင်တော့ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ လက်ညှိုးထိုးပြရတာပေါ့။ ဗိုလ် ချုပ်အောင်ဆန်းလုပ်သလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ပေါ့’’ဟု ဦး စိုင်းညွန့်လွင်က ပြောသည်။

ဘုရားသခင်က မြန်မာအ တွက် အောင်ဆန်း၊အမေရိကန်အ တွက် လင်ကွန်းနှင့် အိန္ဒိယအတွက် ဂန္ဒီတို့ကို ဖန်တီးပေးခဲ့ကြောင်း စာရေးဆရာနန္ဒမင်းနိုင်က တင် စားပြောကြားခဲ့သည်။

‘‘ဗိုလ်ချုပ်ကျတော့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် သူ့ရဲ့ အကောင်းဆုံးကိုယ်စားလှယ်ကို ချန်ထားခဲ့တာပဲ’’ဟု  နန္ဒမင်းနိုင် ကလောင်ရှင် အမျိုးသားလွှတ် တော်ကိုယ်စားလှယ်  ဦးဇော်မင်း က ဆိုသည်။