အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ကြာသပတေးနေ့

၂၅ ဖေဖော်ဝါရီ ၂၀၁၆

၁၈:၅၄:၁၀
737144

မန်စီးတီးအသင်း၏ ချန်ပီယံလိဂ် တိုးတက်မှုအတွက် နည်းပြ ပယ်လီဂရီနီ ချီးကျူး

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဒိုနမိုကိဗ်အား အနိုင်ကစားနိုင်ပြီးနောက် အသင်း၏ တိုးတက်မှုကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ချီးကျူးပြောဆိုလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ဒိုနမိုကိဗ်အား အနိုင်ကစားနိုင်ပြီးနောက် အသင်း၏ တိုးတက်မှုကို မန်စီးတီးနည်းပြ ပယ်လီဂရီနီက ချီးကျူးပြောဆိုလိုက်သည်။

ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် မန်စီးတီးမှာ အဝေးကွင်း၌ ကစားခဲ့ရသော်လည်း ဆာဂျီယိုအဂူရို၊ ဒေးဗစ်ဆေးလ်ဗားနှင့် ယာယာတိုးရေးတို့၏ ဂိုးများကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရပြီး နောက်တစ်ဆင့်တက်ရေးအတွက် အခြေအနေ ကောင်းလာခဲ့သည်။ ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ပါက မန်စီးတီးမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ ရောက်ရှိမည်ဖြစ်သည်။

“ရလဒ်ကောင်းဖြစ်တဲ့အတွက် ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ ကံသေကံမ ပြောလို့မရသေးပေမယ့် ၂ ဂိုးအသာနဲ့ အဝေးကွင်းနိုင်ပွဲဟာ ကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ကျွန်တော်တို့ဟာ အခွင့်အရေးအများကြီး လွဲချော်ခဲ့တယ်။ ၂ ဂိုး ၁ ဂိုးနဲ့ နိုင်နေတဲ့အချိန်မှာ သံသယနည်းနည်း ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့အသင်းအနေဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ကြောင်း၊ ကွာတားဖိုင်နယ်သို့ ရောက်ရှိပါက ဥရောပရှိ အကောင်းဆုံး ၈ သင်းစာရင်းတွင် ပါဝင်မည်ဖြစ်ကာ မည်သည့်အရာမဆို ဖြစ်နိုင်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

Ref: Goal

========================
251/End