အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ကြာသပတေးနေ့

၂၅ ဖေဖော်ဝါရီ ၂၀၁၆

၁၉:၂၂:၅၃
737154

ကမ္ဘာ့စီးပွားရေး အန္တရာယ်ရှိနေသည်ဟု IMF ပြော

ကမ္ဘာ့စီးပွားရေးမှာ အလွန်အမင်း အားနည်းလာနေပြီး အမေရိကန်နှင့် အခြားသော နိုင်ငံကြီးများအနေဖြင့် ထိုပြဿနာကို ရင်ဆိုင်နိုင်မည့် အစီအစဉ်များကို အလျင်အမြန် ပြင်ဆင်ထားရန် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ IMF က သတိပေး ပြောကြားလိုက်သည်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ကမ္ဘာ့စီးပွားရေးမှာ အလွန်အမင်း အားနည်းလာနေပြီး အမေရိကန်နှင့် အခြားသော နိုင်ငံကြီးများအနေဖြင့် ထိုပြဿနာကို ရင်ဆိုင်နိုင်မည့် အစီအစဉ်များကို အလျင်အမြန် ပြင်ဆင်ထားရန် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ IMF က သတိပေး ပြောကြားလိုက်သည်။

အဆိုပါ သတိပေးချက်မှာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဂျီ ၂၀ နိုင်ငံများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် တင်သွင်းရန် ပြင်ဆင်နေသည့် အစီရင်ခံစာဖြစ်သည်။ လက်ရှိအချိန်တွင် စတော့ဈေးကွက်များ ကျဆင်းမှု၊ ငွေကြေးဈေးကွက်များ မတည်ငြိမ်မှုနှင့် စီးပွားရေးအားနည်းလာမှု လက္ခဏာများကို ကြုံတွေ့နေရပြီး ထိုကိစ္စအတွက် ဖြေရှင်းရန် ဂျီ ၂၀ နိုင်ငံများက ဆွေးနွေးခြင်းဖြစ်သည်။

IMF ၏ အစီရင်ခံစာတွင် ကမောက်ကမဖြစ်နေသည့် စီးပွားရေးမှာ ရေနံဈေးနှုန်းများ ကျဆင်းမှု၊ တရုတ်နိုင်ငံနှင့် အခြားသော စီးပွားရေးကြီးမားသည့် နိုင်ငံများ၏ စီးပွားရေးတိုးတက်မှု ကျဆင်းလာမှုကြောင့် ပိုဆိုးလာသည်ဟု ဖော်ပြထားသည်။

“ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ပေးဖို့ ရနိုင်သမျှ ဘဏ္ဍာရေးအခွင့်အလမ်းတွေကို အသုံးချပြီး တောင်းဆိုမှုတွေအတွက် ဂျီ ၂၀ နိုင်ငံတွဟာ အခုကတည်းက အစီအစဉ်တွေ လုပ်ထားရပါမယ်” ဟု အစီရင်ခံစာက ဆိုသည်။

ထို့ပြင် စီးပွားရေးတိုးတက်မှု ဆက်လက်အားနည်းနေပါက ထပ်ဆောင်းဆောင်ရွက်မှုများကို အလျင်အမြန် ဆောင်ရွက်သင့်သည်ဟုလည်း IMF က ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် တို့တွင် ၀.၂ ရာခိုင်နှုန်းသာ ရှိမည်ဟု IMF က ပြီးခဲ့သည့်လက ခန့်မှန်းခဲ့သည်။ ထိုခန်မှန်းချက်မှာ ယခင်က ထုတ်ပြန်ထားခဲ့သော ၃.၄ ရာခိုင်နှုန်းနှင့် ၃.၆ ရာခိုင်နှုန်းထက် ပိုမိုလျော့နည်းသွားခြင်းဖြစ်သည်။

Ref: Aljazeera
--------------------------
251/End