အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၂၉ ဖေဖော်ဝါရီ ၂၀၁၆

၁၉:၃၉:၃၂
738042

ချက်အလှမယ်တစ်ဦး အစ္စလာမ်သို့ ကူးပြောင်း

ချက်စလိုဗက်ကီးယား ပြည်သူ့သမ္မတနိုင်ငံရဲ့ အလှမယ်ဟောင်းဖြစ်တဲ့ မာကီတာ ကိုရင်ကိုဗာဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ အစ္စလာမ်သာသနာကို လူသိရှင်ကြား ပြောင်းလဲသက်ဝင်ခဲ့တယ်လို့ သိရပါတယ်။


ချက်စလိုဗက်ကီးယား ပြည်သူ့သမ္မတနိုင်ငံရဲ့ အလှမယ်ဟောင်းဖြစ်တဲ့ မာကီတာ ကိုရင်ကိုဗာဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ အစ္စလာမ်သာသနာကို လူသိရှင်ကြား ပြောင်းလဲသက်ဝင်ခဲ့တယ်လို့ သိရပါတယ်။

ကိုရင်ကိုဗာဟာ အီတလီမှာ ပြုလုပ်ခဲ့တဲ့ မယ်စကြ၀ဠာပြိုင်ပွဲမှာ သရဖူရခဲ့သူဖြစ်ပြီး၊ နာမည်ကြီးဒီဇိုင်နာတစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ဒယ်လောကမှာလည်း သူမက နာမည်တစ်လုံးရခဲ့ကာ ရုပ်ရှင်ရိုက်ကူးမှုတွေလည်းပြုလုပ်ခဲ့ပါတယ်။

အစ္စလာမ်ကိုပြောင်းလဲသက်ဝင်ခဲ့ပြီးနောက်မှာတော့ အစ္စလာမ့်ဘွဲ့အမည်ကို မရ်ယမ်လို့ မှည့်ခေါ်ခဲ့ပြီး ဒူဘိုင်းနိုင်ငံမှာပဲ အခြေချနေထိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။ ကိုရင်ကိုဗာက သူမဟာ အစ္စလာမ့်သာသနာကို ၃ နှစ် ၃ မိုးကြာ လေ့လာခဲ့ပြီး အမျိုးသမီးတွေအပေါ်မှာ အစ္စလာမ်က ပေးထားတဲ့ အဆင့်အတန်းကို ကြိုက်နှစ်သက်တဲ့အတွက် အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ခဲ့တာဖြစ်တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

သူမကို ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ကြေငြာပေးဖို့ ကမ်းလှမ်းထားပြီး ဟောလီးဝုဒ်ကတောင် ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူမကတော့ အရာအားလုံးပြည့်စုံပေမယ့် ယုံကြည်မှုပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

စိတ်ငြိမ်းချမ်းရာကို နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေခဲ့တဲ့ ကိုရင်ကိုဗာဟာ နောက်ဆုံးမှာတော့ သူငယ်ချင်းတစ်ယောက်ရဲ့ အကြံပေးချက်နဲ့အတူ ဘာသာတရားတွေကို လေ့လာခဲ့ပါတော့တယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်ပေမယ့် ခရစ်ယာန်ဘာသာမှာလည်း သူ့ရဲ့ စိတ်ငြိမ်းချမ်းရာကို ရှာမတွေ့ခဲ့ဘဲ နောက်ဆုံးမှာတော့ အစ္စလာမ်ကို စတင်လေ့လာခဲ့ပါတယ်။

အစ္စလာမ်က အမျိုးသမီးတွေကိုပေးထားတဲ့ အခွင့်အရေးတွေ၊ ကာကွယ်မှုတွေကို လေ့လာမိခဲ့တဲ့အခါမှာတော့ ကိုရင်ကိုဗာတစ်ယောက် အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဒူဘိုင်းကို ပြောင်းရွှေ့ အခြေချဖို့အထိ ဖြစ်ခဲ့ပါတယ်။

အဆိုးမြင်ခဲ့

အစ္စလာမ်က အမျိုသမီးတွေကို နေရာမပေးဘူးလို့ သူမငယ်စဉ်ဘ၀မှာ နားသွင်းခံထားရကြောင်းကိုလည်း သူမက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမှန်တကယ် လေ့လာခဲ့တဲ့အချိန်မှာတော့ အစ္စလာမ်ဟာ အမျိုးသမီးတွေအတွက် အိနြေ္ဒသိက္ခာရှိတဲ့အခြေအနေကို ပေးအပ်ထားပြီး၊ အနောက်နိုင်ငံတွေကတော့ ‘လွပ်လပ်မှု’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးသမီးတွေကို ကစားနေကြတာဖြစ်တယ်လို့ ကိုရင်ကိုဗာက မှတ်ချက်ပြုခဲ့ပါတယ်။

ဒူဘိုင်းမှာ အခြေချခဲ့တဲ့အကြောင်းအရင်းကတော့ အစ္စလာမ့်ရဲ့သင်ကြားမှုတွေကို ထပ်မံလေ့လာနိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

သူမဘ၀တစ်လျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်မငြိမ်းချမ်းမှုဟာ ရှဟာဒသ် (အစ္စလာမ်ကို သက်ဝင်ကြောင်း သက်သေထွက်ဆိုချက်) ဖတ်ပြီးတဲ့နောက်ပိုင်းမှာတော့ အဆုံးသတ်သွားကြောင်း၊ မလုံ့တလုံ အ၀တ်အစားတွေ ၀တ်ဆင်မှုကို စွန့်လွှတ်ခဲ့ပြီး ဟီဂျဘ်ကို စတင်ဝတ်ဆင်ခဲ့ကြောင်း၊ ဟိဂျဘ်ဝတ်ဆင်ထားတဲ့ သူမရဲ့ပုံကို လွှင့်တင်ခဲ့တဲ့အခါမှာတော့ ပရိတ်သတ်တွေအားလုံး အံအားသင့်သွားခဲ့တယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

အစပိုင်းမှာတော့ ကိုရင်ကိုဗာဟာ ဖက်ရှင်ရှိုးတစ်ခုအတွက် ၀တ်ဆင်တာဖြစ်မယ်လို့ ပရိတ်သတ်တွေက ထင်ခဲ့ပေမယ့် သူမအမှန်တကယ် အစ္စလာမ်ကိုသက်ဝင်ကြောင်း ကြေငြာလိုက်တဲ့အခါမှာတော့ ပရိတ်သတ်တွေအားလုံးက အံ့သြမှင်သက်ခဲ့ကြပါတယ်။

Ref: IINA

=======================================
251/End

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ