အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
တနင်္လာနေ့

၂၉ ဖေဖော်ဝါရီ ၂၀၁၆

၂၀:၂၆:၄၁
738068

အမေရိကန်တွင် ခိုလှုံခွင့်ရ ဒုက္ခသည်များ၌ မြန်မာအများဆုံးဖြစ်

အမေရိကန်ပြည်ထောင် စုတွင် ခိုလှုံခွင့်ရသည့် နိုင်ငံ တကာမှ ဒုက္ခသည်များအနက် အများစုသည် မြန်မာနိုင်ငံမှလာ ရောက်သူများဖြစ်ကြောင်း အမေရိကန်ရွှေ့ပြောင်းမူဝါဒအင်စတီ ကျု့ဒ်(MPI)နှင့် ဒုက္ခသည်ကိုင် တွယ်ရေးစင်တာ (RPC)တို့က ထုတ်ပြန်သော အစီရင်ခံစာအ သစ်တွင် ဖော်ပြထားသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသော မြန်မာဒုက္ခသည် မိသားစုတစ်စု (Chad Nelson/World Relief)

အမေရိကန်နိုင်ငံသို့ ဒုက္ခ သည်များ  အထူးသဖြင့် ဆီးရီးယား မှလာသူများ ၀င်ရောက်မှုအပေါ်  ပိုမိုတင်းတင်းကျပ်ကျပ်ကန့်သတ်မှုများလုပ်ဆောင်ရန် ရီပက်ဘလေကန် ဥပဒေပြုလွှတ်တော်အမတ်များက တောင်းဆိုနေချိန်တွင် ဤအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၀၂မှ ၂၀၁၁အထိ ဆယ်နှစ်အတွင်း မြန်မာရွှေ့ပြောင်း ၈၈,၃၈၄ဦးကို အမေရိကန်ပြည်ထောင်စုသို့ ၀င်ရောက်ခွင့်လက်ခံပေးခဲ့သည်ဟု အာရှနှင့်ပစိဖိတ်ကျွန်းသား အမေရိကန်ပညာသင်ဆု ရန်ပုံငွေအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။

အမ်ပီအိုင်၏ စာရင်းအရ  ၂၀၁၅အတွင်း မြန်မာနိုင်ငံမှလာ ရောက်သူ ၁၈,၃၈၆ ဦး အမေရိကန်တွင် ခိုလှုံခဲ့ကြပြီး ထိုပမာဏမှာ အမေရိကန်သို့ ၀င်ရောက်သော နိုင်ငံတကာဒုက္ခသည်များ၏ ၂၆ ဒသမ ၃ ရာခိုင်နှုန်း ရှိနေသည်။ ၂၀၁၃နှင့် ၂၀၁၄ ခုနှစ်များက မြန်မာရွှေ့ပြောင်း အရေအတွက်သည် ဒုတိယနေရာ ဆက်တိုက်ချိတ်ခဲ့ရာမှ ၂၀၁၅ တွင် အီရတ်မှလာသူများကို ဖြတ်ကျော်၍ ပထမနေရာချိတ်ခဲ့သည်။ မြန်မာနိုင်ငံမှလာရောက်သူအများစုသည် အစိုးရ၏ ဖိနှိပ်မှုဒဏ်ကြောင့်တိမ်းရှောင် ထွက်ပြေးလာကြသည့် တိုင်းရင်းသားလူနည်းစုများ ဖြစ်ကြကြောင်း အစီရင်ခံစာက ဖော်ပြသည်။

အီရတ်မှ တစ်နှစ်အတွင်း နိုင်ငံရေးခိုလှုံခွင့်ရသော ဒုက္ခသည် ၁၂,၆၇၆ ဦးရှိသည်။ တတိယ အများဆုံးမှာ ဆိုမာလီယာဖြစ်ပြီး ၈,၈၅၈ဦးရှိသည်။ ကွန်ဂိုနိုင်ငံမှာ ၇,၈၇၆ဖြင့် စတုတ္ထအများဆုံးဖြစ် ပြီး ဘူတန်နိုင်ငံမှာ ၅,၇၇၅ဦးဖြင့် ပဉ္စမအများဆုံးဖြစ်သည်။

‘‘တိုတိုပြောရရင်တော့ ပို များပြီး ပိုကောင်းတဲ့အခွင့်အရေး အတွက်ပေါ့’’ဟု အမေရိကန်သို့ ရောက်ရှိနေသည်မှာ ဆယ်စုနှစ် များချီပြီး အင်ဒီယားနား ပြည်နယ်၌ အခြေချနေသူ ကရင်တိုင်းရင်းသူတစ်ဦးက မြန်မာများအမေရိကန်ပြည်ထောင်စုတွင် ခိုလှုံမှုရရှိခြင်းနှင့် ပတ်သက်၍ ပြောသည်။

ဆီးရီးယားမှနေ၍ အမေရိ ကန်သို့ ခိုလှုံသူအရေအတွက်မှာပြီးခဲ့သည့်နှစ်တွင် ၁,၆၈၂ဦးဖြစ်၍ မြန်မာမှ လေ့လာသူများ၏ ဆယ် ပုံတစ်ပုံပင် မရှိကြောင်း တွေ့ရ သည်။ အမေရိကန်သမ္မတရွေး ကောက်ပွဲတွင် ရီပက်ဘလေကန် ကိုယ်စားပြုခွင့်ရရန် ကြိုးစားနေ သူ ဘီလျံနာသူဌေးဒေါ်နယ်လ်ထရန့်သည် အမေရိကန်တွင် နိုင်ငံရေး ခိုလှုံခွင့်ရရေးရှာဖွေနေသူမွတ်စ လင်ရွှေ့ပြောင်းအားလုံးကို တား မြစ်ရေး အကြီးအကျယ်တောင်း ဆိုခဲ့ပြီး ဒါဇင်နှင့်ချီသည့် ပြည်နယ် အုပ်ချုပ်ရေးမှူးများကလည်း ၎င်း တို့နိုင်ငံအတွင်း ဆီးရီးယားရွှေ့ ပြောင်းများကို ၀င်ခွင့်မပြုဟု သ စ္စာဆိုထားကြသည်။ သို့သော် ယ ခုအစီရင်ခံစာများအရ ဆီးရီးယား မှ ရွှေ့ပြောင်းခိုလှုံသူမှာ လွန်ခဲ့ သည် ၁၀နှစ်ကျော်အတွင်း ၂,၆၀၀ ဦးခန့်သာ ဒုက္ခသည်အဆင့်ရရှိ ထားကြောင်းတွေ့ရသည်။

အမေရိကန်ပြည်ထောင်စု သည် ဒုက္ခသည်များကို ပြန်လည် နေရာချထားခြင်းနှင့် နိုင်ငံရေးခိုလှုံခွင့်ပေးခြင်းဆိုသည့် လမ်း ကြောင်းနှစ်မျိုးဖြင့် လူသားချင်း စာနာထောက်ထားမှု အကာအ ကွယ်ပေးထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၁၅ ဒုက္ခသည်ရောက်ရှိမှုကိန်းဂဏန်းများ၊ အမိမြေလုံခြုံရေးဌာန၏ ၂၀၁၃ လူဝင်မှုကိန်းဂဏန်းစာရင်းအင်း၊ အမေရိကန် ပြည်ထောင်စုနိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုဝန်ဆောင်မှုဌာန(USCIS)နှင့် တရားရေးရာဌာန၏ လူဝင်မှုဆန်းစစ်ရေးဆိုင်ရာအလုပ်အမှုဆောင်ရုံးမှ စီမံခန့်ခွဲရေးဆိုင်ရာအချက်အလက်များ အစရှိသည်တို့အပါအ၀င် လောလောလတ်လတ်အရှိ ဆုံး အချက်အလက်များကို အသုံး ပြုခြင်းအားဖြင့် ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံသူများဦးရေ၏သွင် ပြင်လက္ခဏာကို ဆန်းစစ်သည်။

ယင်း၌ ၀င်ခွင့်ပြုသည့်ဦးရေ အမြင့်ဆုံး သတ်မှတ်ချက်များ၊ လာ ရောက်ရာမူရင်းနိုင်ငံများ၊ နေရာ ချထားမှု အများဆုံးအမေရိကန် ပြည်ထောင်စု ပြည်နယ်များ စ သည်တို့ ပါဝင်သည်။ ထို့အပြင် ဥပဒေကြောင်းအရ တရားဝင်အ မြဲတမ်းနေထိုင်သူများ ဖြစ်လာ သည့် ဒုက္ခသည်များနှင့် ခိုလှုံသူ များအရေအတွက်ကိုလည်း ဆန်း စစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်ကျော် အတွင်း အမေရိကန်၏ ရွှေပြည် နယ်ဟုခေါ်သည့် ကယ်လီဖိုးနီး ယားသည် ဒုက္ခသည် ၁၁ ဒသမ ၃ ရာခိုင်နှုန်းခန့်ကို နေရာချထားပေး ပြီး တက္ကဆက်၊ နယူးယောက်၊ ဖ လော်ရီဒါတို့တွင်လည်း လက်ခံ ပေးထားကြောင်းသိရသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်များအ ရဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံ သူများဆိုသည်မှာ ဖိနှိပ်မှုများ ကြောင့်သော်လည်းကောင်း၊ ဖိနှိပ်ခံရမည်ကိုကြောက်ရွံ့ခြင်းကြောင့်သော်လည်းကောင်း ၎င်းတို့၏ မူလနိုင်ငံထံသို့(သို့မဟုတ်)နိုင်ငံသားအဖြစ် မပြန်နိုင်သူများ (သို့မဟုတ်) မပြန်လိုသူများ ဖြစ်ကြသည်။

အမေရိကန်ပြည်ထောင်စု တွင် ဒုက္ခသည်များနှင့် နိုင်ငံရေးခို လှုံသူများဆိုသည့်အကြားအဓိက ကွဲပြားချက်မှာ လျှောက်လွှာတင် ချိန် ထိုလူပုဂ္ဂိုလ်၏ တည်နေရာဖြစ်သည်။ ဒုက္ခသည်များမှာ ၎င်းတို့ကို ပြန်လည်နေရာချထားရေးအတွက်ဆောင်ရွက်ချိန်တွင် အမေရိကန်ပြည်ထောင်စုပြင်ပ၌  ရှိကြလေ့ရှိပြီး နိုင်ငံရေးခိုလှုံသူများမှာ ၎င်းတို့အမေရိကန်ပြည် ထောင်စုတွင် လူကိုယ်တိုင်လာရောက်ချိန်၌သော်လည်းကောင်း အမေရိကန်ပြည်ထောင်စုပြည်ဝင်ခွင့်ဂိတ်တစ်ခုခုတွင်သော်လည်းကောင်း လျှောက်လွှာတင်သူများဖြစ်ကြသည်။

ကိုးကား−၀ါရှင်တန်ပို့စ်၊ RPC