အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
အင်္ဂါနေ့

၁ မတ် ၂၀၁၆

၁၈:၃၄:၁၅
738300

အီရတ်ရှိ အိုင်အက်စ် ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထား ချေမှုန်းရန် အမေရိကန် အထူးတပ်ဖွဲ့များ ပြင်ဆင်

အမေရိကန် စစ်တပ်၏ Delta Force အထူးတပ်ဖွဲ့များသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အိုင်အက်စ်မှ ခေါင်းဆောင်ပိုင်းများကို သုတ်သင်ရန်၊ သို့မဟုတ် လက်ရဖမ်းဆီးရန် အီရတ်တွင် ကွန်မန်ဒိုဆန်ဆန် စီးနင်း တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် လေ့ကျင့်ပြင်ဆင်မှုများ သီတင်းပတ် အတော်ကြာ လုပ်ဆောင်နေသည်။ ၎င်းတို့၏ စစ်ရေး ရည်မှန်းချက်များကို အမေရိကန် စစ်တပ်၏ အဆင့်အမြင့်ဆုံး ထိပ်သီးပိုင်းကသာ သိရှိပြီး အထူးလျှို့ဝှက် ပြင်ဆင်နေခြင်းဟု စစ်ဘက် တာဝန်ရှိသူ တစ်ဦးက CNNသို့ ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

Delta Forceများသည် ပြင်ဆင်လေ့ကျင့်ချိန် ကာလအတွင်း စစ်ဆင်ရေးမှ ရုတ်တရက် ဆုတ်ခွာရသည့်အခါ ပုန်းခိုရမည့် လျှို့ဝှက်စခန်းများ တည်ဆောက်ခြင်း၊ အီရတ်ရှိ သတင်းပေး ကွန်ရက်များနှင့် ချိတ်ဆက်ကာ သတင်းအချက်အလက် စိစစ်ခြင်းများကိပါ ဆောင်ရွက်နေကြောင်း သိရသည်။ အမေရိကန်သည် အိုင်အက်စ်တို့ကို တိုက်ခိုက်သည့် စစ်ပွဲတွင် မြေပြင်တပ်များ စေလွှတ်ခြင်း မရှိသော်လည်း အထူးကွန်မန်ဒို တပ်ဖွဲ့များကိုမူ အရေးပါသည့် လျှို့ဝှက်စစ်ဆင်ရေးများတွင် အသုံးပြုနေခဲ့သည်။

ပင်တဂွန် စစ်ဌာနချုပ်နှင့် အခြားစစ်ဘက် အရာရှိ အချို့က အိုင်အက်စ် ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားမည့် Delta Force တပ်ဖွဲ့များကို Expeditionary Targeting Forceဟု အမည်သတ်မှတ် ခေါ်ဝေါ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာ ကိုယ်တိုင်ကလည်း အီရတ်တွင် အမေရိကန် အထူးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများ စတင်လုပ်ဆောင်မည့် အစီအစဉ်ကို အတည်ပြုခဲ့သည်။ “ကျွန်တော် ပြောချင်တာ တစ်ခုတည်းက Expeditionary Targeting Force တပ်ဖွဲ့ဝင်တွေဟာ အသင့်အနေအထား ဖြစ်နေပြီ။ စစ်ဆင်ရေးတွေ အချိန်မရွေး စတင်နိုင်စွမ်း ရှိနေပြီ။ အကြမ်းဖက်သမားတွေကို တိုက်ခိုက်တဲ့ စစ်ပွဲမှာ သူတို့ရဲ့ အခန်းကဏ္ဍဟာ အရမ်း အရေးပါ ထိရောက်လာမယ်လို့ ကျွန်တော် ယုံတယ်”ဟု ကာတာက ဆိုသည်။

ယင်းတပ်ဖွဲ့များသည် အိုင်အက်စ် ခေါင်းဆောင်ပိုင်းများကို ရှာဖွေ ချေမှုန်းသည့် စစ်ဆင်ရေးများအပြင် အိုင်အက်စ်တို့ ပိုင်ဆိုင်သော စီးပွားရေး ရင်းမြစ်များကို စီးနင်းဖျက်ဆီးခြင်း၊ ဓားစာခံများနှင့် အကျဉ်းသားများကို ကယ်တင်ခြင်း အစရှိသည်တို့ကိုပါ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။ “ဒီတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေနားမှာ အချိန်မရွေး၊ နေရာမရွေး ပေါ်လာပြီး ချေမှုန်းသွားနိုင်စွမ်း ရှိပါတယ်”ဟုလည်း ကာတာက ပြောကြားသွားသည်။

======================
251 / End