အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
အင်္ဂါနေ့

၁ မတ် ၂၀၁၆

၁၈:၄၈:၁၈
738302

ဂျမေကာ ရွေးကောက်ပွဲရလဒ် မပြတ်မသားဖြစ်နေသည့်နောက် စစ်တပ်က လုံခြုံရေး ဖြန့်ကျက်ထားရ

ပီးခဲ့သည့် သီတင်းပတ်ကုန်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲမှ မဲများကို ရေတွက်နေစဉ် ရလဒ် ပြတ်သားမှု မရှိဘဲ ပြိုင်ဆိုင်နေဆဲ ဖြစ်သည့်နောက် အပြီးသတ် ရလဒ် ထွက်ပေါ်လာချိန်တွင် အုံကြွ ဝေဖန်မှုများ ပေါ်ပေါက်လာမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာသည်။ ထို့ကြောင့် ဂျမေကာ စစ်တပ်က မဲရုံများ ပတ်ဝန်းကျင်တွင် အရန်တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ထားခဲ့သည်။ အစောပိုင်းက အတိုက်အခံ ဂျမေကာ အလုပ်သမားပါတီ (JLP)က ရွေးကောက်ပွဲတွင် ၎င်းတို့အောင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည့်တိုင် ရွေးကောက်ပွဲတာဝန်ခံအရာရှိများက JLP ရရှိထားသော အမတ်တစ်နေရာကို ဖယ်ရှားခဲ့သည့်နောက် လွှတ်တော်အမတ် ၆၃ နေရာတွင် ၃၂ နေရာသာ ပိုင်ဆိုင်တော့သည့် အနေအထားဖြစ်သွားသည်။ ဖွဲ့စည်းပုံဥပဒေအရ JLP အနေဖြင့် အစိုးရဖွဲ့ရန် နောက်ထပ်အမတ်တစ်နေရာစာ လိုအပ်လျက် ရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲမှ မဲများကို ရေတွက်နေစဉ် ရလဒ် ပြတ်သားမှု မရှိဘဲ ပြိုင်ဆိုင်နေဆဲ ဖြစ်သည့်နောက် အပြီးသတ် ရလဒ် ထွက်ပေါ်လာချိန်တွင် အုံကြွ ဝေဖန်မှုများ ပေါ်ပေါက်လာမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်လာသည်။ ထို့ကြောင့် ဂျမေကာ စစ်တပ်က မဲရုံများ ပတ်ဝန်းကျင်တွင် အရန်တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ထားခဲ့သည်။

အစောပိုင်းက အတိုက်အခံ ဂျမေကာ အလုပ်သမားပါတီ (JLP)က ရွေးကောက်ပွဲတွင် ၎င်းတို့အောင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည့်တိုင် ရွေးကောက်ပွဲတာဝန်ခံအရာရှိများက JLP ရရှိထားသော အမတ်တစ်နေရာကို ဖယ်ရှားခဲ့သည့်နောက် လွှတ်တော်အမတ် ၆၃ နေရာတွင် ၃၂ နေရာသာ ပိုင်ဆိုင်တော့သည့် အနေအထားဖြစ်သွားသည်။ ဖွဲ့စည်းပုံဥပဒေအရ JLP အနေဖြင့် အစိုးရဖွဲ့ရန် နောက်ထပ်အမတ်တစ်နေရာစာ လိုအပ်လျက် ရှိသည်။

ရွေးကောက်ပွဲတွင် အဓိကအင်အားစုနှစ်ခု အကြိတ်အနယ်ပြိုင်ဆိုင်နေရခြင်းသည် ဂျမေကာ စီးပွားရေးပြိုကွဲမှုနှင့်ပတ်သက်၍ အမြင်ကွဲပြားမှုများ ကျယ်ပြန့်စွာရှိနေသည်ကို ပေါ်လွင်စေသည်။ JLP က ၎င်းတို့ အာဏာရလာပါက အခွန်အခများ လျှော့ချခြင်း၊ အလုပ်အကိုင်နေရာများ ဖန်တီးပေးခြင်းတို့အတွက် အာမခံကတိပေးထားသည်။ သို့သော် လက်ရှိအာဏာရ ပြည်သူ့အမျိုးသားပါတီ (PNP) က ကာရေဘီယန်ဒေသတွင်း ကျွန်းနိုင်ငံ၏ စီးပွားရေး တကျော့ပြန်ဦးမော့လာအောင် လက်တွေ့စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း အသိအမှတ်ပြုခံထားရသည့် နိုင်ငံရေးအဖွဲ့အစည်း ဖြစ်နေသည်။

ရွေးကောက်ပွဲကော်မရှင်က အမှန်တကယ်အောင်ပွဲခံသည့် ပါတီကိုအစောဆုံး မတ် ၂ ရက်တွင် ရွေးချယ်ပေးနိုင်ရန် မျှော်လင့်ကြောင်း ကြေညာထားသည်။ အစောပိုင်းကမူ JLP ခေါင်းဆောင် အန်ဒရူး ဟိုလ်နက်စ်သည် မတ် ၁ ရက်တွင် ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းကျိန်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

နိုင်ငံ၏စစ်တပ်ဖြစ်သည့် ဂျမေကာ ကာကွယ်ရေးအင်အားစု (JDF) က မိမိတို့အနေဖြင့် ရွေးကောက်ပွဲ အလွန်ကာလလုံခြုံရေးအတွက် ကြားဝင်တာဝန်ယူထားပြီး ယခုသီတင်းပတ်တစ်ခုလုံး လူနေဧရိယာများတွင် ဖြန့်ကျက်တပ်စွဲထားမည်ဟု ကြေညာသည်။

“ဂျမေကာနိုင်ငံသားအားလုံးလိုပဲ JDF အနေနဲ့လည်း ရွေးကောက်ပွဲရဲ့ လက်ရှိအနေအထားကို သတိနဲ့စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ လုံခြုံဘေးကင်းပြီး ငြိမ်းချမ်းတဲ့အဖြေတစ်ခု မြန်မြန်ဆန်ဆန်ထွက်ပေါ်လာဖို့ လိုလားပါတယ်” ဟု JDF ၏ ပြောရေးဆိုခွင့်ရအရာရှိ ဗိုလ်မှူး ဘာဆဲလ် ဂျာနတ်က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် JLP သာ အနိုင်ရပါက လက်ရှိအစိုးရ ကျင့်သုံးနေသည့် ခြိုးခြံရေးနှင့် အသုံးစရိတ်လျှော့ချရေး မူဝါဒများကို ပယ်ဖျက်သွားမည့် အလားအလာလည်း ရှိနေကြောင်း သိရသည်။


======================
251 / End