အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၁၈ မတ် ၂၀၁၆

၂၀:၁၆:၄၆
741928

အစ္စလာမ်မှာ အစွန်းရောက်မှုကို လက်မခံဟု နိုက်ဂျီးရီးယားသမ္မတ ပြော

အစ္စလာမ်သာသနာမှာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူမှုကို တားမြစ်ထားပြီး သာမန် ၀တ်ပြုဆုတောင်းမှုမှာပင် အယူသီးမှုကို လက်မခံဟု နိုက်ဂျီးယားသမ္မတ မူဟာမာဒူ ဘူဟာရီက ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အစ္စလာမ်သာသနာမှာ မင်းမဲ့စရိုက်ဆန်ဆန် ပြုမူမှုကို တားမြစ်ထားပြီး သာမန် ၀တ်ပြုဆုတောင်းမှုမှာပင် အယူသီးမှုကို လက်မခံဟု နိုက်ဂျီးယားသမ္မတ မူဟာမာဒူ ဘူဟာရီက ပြောကြားလိုက်သည်။

မြို့တော်အဘူဂျာတွင် ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အစ္စလာမ့်ညီလာခံ အဖွင့်မိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထိုသွန်သင်ချက်နှင့် ဆန့်ကျင်ကာ ပြောဆိုသော မည်သည့်အဖွဲ့အစည်းမဆို အစ္စလာမ်နှင့် မညီညွတ်ဘဲ လက်မခံနိုင်စရာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် သူပုန်များကို လှုံ့ဆော်ပေးနေသည့် ဆိုးရွားသော အတွေးအခေါ်များကို တန်ပြန်ချေမှုန်းနိုင်ရေးအတွက် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအနေဖြင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများကို ပိုမိုဖြန့်ဖြူးပေးရန်လည်း သမ္မတက တိုက်တွန်းခဲ့သည်။

“ကမ္ဘာတစ်ဝှမ်း သူပုန်အဖွဲ့အမျိုးမျိုးကနေ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေဟာ မွတ်စလင်အမည်ခံတွေရဲ့လက်ချက်ပါ။ ဒါပေမယ့် သားကောင်ဖြစ်ရသူတွေ၊ သေကြေပျက်ဆီးရသူ အများစုကတော့ မွတ်စလင်တွေပါပဲ။ သူတို့ရဲ့ရက်စက်မှု၊ ဘုရားမဲ့မှုကို ထင်ရှားစေဖို့အတွက် သူတို့ဟာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေလို လူ့အဖွဲ့အစည်းအတွင်းက အားနွဲ့သူအများစုကို ပစ်မှတ်ထားကြပါတယ်။ လူသားထုအပေါ်ကျူးလွန်တဲ့ ဒီလို စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုတွေကို ဘယ်ဘာသာတရားမှ ခွင့်မပြုပါဘူး။ နိုက်ဂျီးရီးယားပြည်သူအများစု ယုံကြည်ကြတဲ့ အစ္စလာမ်နဲ့ ခရစ်ယာန်ကလည်း ဒီလိုပါပဲ” ဟု ဘူဟာရီက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ကိုယ်ကျင့်တရားပျက်ပြားမှုများနှင့် မည်သည့်ရာဇ၀တ်မှုမျိုးကို မဆို နောက်လိုက်များက ရှောင်ကျဉ်ရေး ဘာသာရေး၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးခေါင်းဆောင်များက လှုံ့ဆောင်ပေးရန်၊ ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့် တစ်ဦး သည်းခံခွင့်လွှတ်ကြရန်၊ တစ်ဦး၏အခွင့်အရေးကို တစ်ဦးက အသိအမှတ်ပြုကြရန်လည်း သမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

Ref: Allafrica.com

====================
251/End