အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၂၁ မတ် ၂၀၁၆

၁၈:၄၁:၄၂
742421

ယူကေနာမည်ကြီး ဖက်ရှင်ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံ ဖန်တီးရောင်းချ

ယူကေရှိ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်သော Marks & Spencer ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံကို တီထွင်ထုတ်လုပ်ကာ ရောင်းချပေးနေသည်ဟု သိရသည်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



 ယူကေရှိ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်သော Marks & Spencer ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံကို တီထွင်ထုတ်လုပ်ကာ ရောင်းချပေးနေသည်ဟု သိရသည်။

မွတ်စလင်အမျိုးသမီးများ၏ ကာအိနြေ္ဒကို ကာကွယ်ပေးနိုင်မည့် အဆိုပါ ရေကူးဝတ်စုံမှာ ဦးခေါင်းအား ဖုံးအုပ်သည့် ခေါင်းဆောင်ပုဝါလည်း ပါဝင်ပြီး မျက်နှာ၊ လက်ဖ၀ါးနှင့် ခြေဖ၀ါးတို့မှအပ တစ်ကိုယ်လုံးကို ဖုံးအုပ်ပေးထားမည်ဖြစ်သည်။

ရေကူးဝတ်စံများမှာ ပေါ့ပါးပြီး၊ အသားအရေအား နေလောင်ခြင်းမှ ကာကွယ်ပေးကာ အနက်နှင့် အပြာဟူ၍ အရောင် ၂ မျိုး ဖန်တီးထားသည်။ ၀တ်စုံများကို လန်ဒန်မြို့ရှိ Marks & Spencer ပင်ရင်းနှင့် ဆိုင်ခွဲများတွင် ၀ယ်ယူနိုင်ပြီး အွန်လိုင်းမှလည်း မှာယူနိုင်သည်။

အစ္စလာမ်ဘာသာဝင်များ မြင့်တက်လာခြင်းကြောင့် modest fashion ဟုခေါ်သည့် မွတ်စလင်အမျိုးသမီးများအတွက် သီးသန့်ဖက်ရှင်ဈေးကွက်မှာလည်း ကြီးထွားလာခဲ့သည်။ ယူကေရှိ ပထမဆုံး modest fashion စတိုးဆိုင်ကို ဘရက်ဖို့ဒ်ရှိ ရှော့ပင်းစင်တာတွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။

ထို့အပြင်အခြားသော ဖက်ရှင်ကုမ္ပဏီများဖြစ်သည့် Mango Uniqlo နှင့် DKNY တို့ကလည်း ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လမှ စတင်ကာ ထိုဖက်ရှင်များကို မိတ်ဆက်ပေးခဲ့ကြသည်။

Ref: Dailymail

================
251/End