အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၉ ဧပြီ ၂၀၁၆

၁၉:၁၄:၂၂
746217

ကမ္ဘာ့နာမည်ကြီးများ၏ ငွေကြေးမသမာမှုများကို ဖွင့်ချသည့် ပနားမား ဥပဒေလုပ်ငန်းကို အလ်ဆာဗေဒိုး စီးနင်း

နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသူများ၏ ငွေကြေးမသမာမှုလုပ်ရပ်များကို ဖွင့်ချခဲ့သည့် ပနားမားအခြေစိုက် ဥပဒေရေးရာအဖွဲ့ Mossack Fonseca ၏ အယ်ဆာဗေးဒိုးရှိ ရုံးခွဲများကို အာဏာပိုင်များက ယမန်နေ့တွင် ၀င်ရောက်စီးနင်းကာ စာရွက်စာတမ်းများနှင့် ပစ္စည်းပစ္စယာများကို သိမ်းဆည်းခဲ့သည်ဟု သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြားသူများ၏ ငွေကြေးမသမာမှုလုပ်ရပ်များကို ဖွင့်ချခဲ့သည့် ပနားမားအခြေစိုက် ဥပဒေရေးရာအဖွဲ့ Mossack Fonseca ၏ အယ်ဆာဗေးဒိုးရှိ ရုံးခွဲများကို အာဏာပိုင်များက ယမန်နေ့တွင် ၀င်ရောက်စီးနင်းကာ စာရွက်စာတမ်းများနှင့် ပစ္စည်းပစ္စယာများကို သိမ်းဆည်းခဲ့သည်ဟု သိရသည်။

Panama Papers ဟုခေါ်ဆိုသည့် အဆိုပါဖွင့်ချမှု စာရွက်စာတမ်းများကြောင့် ကမ္ဘာပေါ်ရှိ ထင်ရှားကျော်ကြား သူများမှာ အရှက်ရခဲ့ကြသည်။

အလ်ဆာဗေဒိုး ရှေ့နေချုပ် ဒေါက်ဂလက်စ် မီလန်ဒက်ဇ်ကမူ Mossack Fonseca ရုံးမှာ ကြာသာပတေးနေ့ ညနေပိုင်းက ဆိုင်းဘုတ်ဖြုတ်ချခဲ့ပြီး ထိုကိစ္စအတွက် သံသယများ မြင့်တက်လာခဲ့သောကြောင့် နိုင်ငံအတွင်းရှိ ရုံးခွဲ များအားလုံးကို ၀င်ရောက်စီးနင်း သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Mossack Fonseca မှ ရုံးဝန်ထမ်းတစ်ဦးကမူ ၎င်းတို့မှာ ကုမ္ပဏီကို ပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ စီးနင်းမှုအတွင်း ကွန်ပျူတာ အလုံး ၂၀၊ စာရွက်စာတမ်းအချို့ကို သိမ်းဆည်းခဲ့ပြီး ၀န်ထမ်း ၇ ဦးအား မေးမြန်းခဲ့ကာ မည်သူ့ကိုမှ ဖမ်းဆီးခဲ့ခြင်းမရှိဟု မီလန်ဒက်ဇ်က ထပ်လောင်းပြောကြားခဲ့သည်။

Ref: Aljazeera

======================
251 / End