အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္လာနေ့

၁၁ ဧပြီ ၂၀၁၆

၁၉:၀၉:၁၁
746666

စပိန်ရှိ စာသင်ကျောင်းများတွင် အစ္စလာမ့်ရေးရာများ သင်ကြားပေးမည်

– နိုင်ငံတစ်ဝှမ်းက အစိုးရကျောင်းတွေမှာ အစ္စလာမ်အကြောင်း သင်ကြားပေးခြင်းဖြင့် အကြမ်းဖက်မှုကို တိုက်ထုတ်ဖို့ စပိန်အစိုးရက ရည်ရွယ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကျောင်းသားတွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေနဲ့ ထိတွေ့စေမှာဖြစ်ပြီး Gatestone တက္ကသိုလ်ကတော့ ဒါဟာ ၁၉၇၈ ခုနှစ် စပိန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၂၇ အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ” နိုင်ငံတော်အနေဖြင့် ကလေးငယ်များ၏ အယူဝါဒနှင့် လိုက်လျောညီထွေဖြစ်စေမည့် ဘာသာရေးနှင့် ကိုယ်ကျင့်တရား အဆုံးအမများအား သင်ကြားပေးရမည်” ဆိုတဲ့ ပြဌာန်းချက်နဲ့ ကိုက်ညီတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

– နိုင်ငံတစ်ဝှမ်းက အစိုးရကျောင်းတွေမှာ အစ္စလာမ်အကြောင်း သင်ကြားပေးခြင်းဖြင့်

အကြမ်းဖက်မှုကို တိုက်ထုတ်ဖို့ စပိန်အစိုးရက ရည်ရွယ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကျောင်းသားတွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေနဲ့ ထိတွေ့စေမှာဖြစ်ပြီး Gatestone

တက္ကသိုလ်ကတော့ ဒါဟာ ၁၉၇၈ ခုနှစ် စပိန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၂၇ အပိုဒ် ၃ မှာ

ဖော်ပြထားတဲ့ ” နိုင်ငံတော်အနေဖြင့် ကလေးငယ်များ၏ အယူဝါဒနှင့် လိုက်လျောညီထွေဖြစ်စေမည့်

ဘာသာရေးနှင့် ကိုယ်ကျင့်တရား အဆုံးအမများအား သင်ကြားပေးရမည်” ဆိုတဲ့ ပြဌာန်းချက်နဲ့

ကိုက်ညီတယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အစိုးရနဲ့ မွတ်စလင် လူ့အဖွဲ့အစည်းတွေကြား သဘောတူညီချက်တွေလည်း

ရှိနေပြီး လက်ရှိ အစ္စလာမ့်ရေးရာ သင်ကြားမှု လမ်းညွှန်ချက်တွေကို စပိန် အစ္စလာမ့်ရေးရာ ကော်မရှင်က

ရေးဆွဲထုတ်ပြန်တာ ဖြစ်ပါတယ်။

မူကြို၊ မူလတန်း၊ အလယ်တန်းတွေက ကျောင်းသားတွေကို အစ္စလာမ်အကြောင်းသင်ကြားပေးရမယ့် အဲဒီ

လမ်းညွှန်ချက်ကို ပညာရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်နဲ့ အစိုးရသတင်းစာမှာ မတ်လ ၁၈ ရက်နေ့က

ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။

အစ္စလာမ့်ရေးရာနဲ့ပတ်သက်ပြီး သင်ယူချင်တယ်ဆိုရင်တော့ ကျောင်းသားတွေဟာ ကျောင်းက တာဝန်ရှိသူတွေထံ

တောင်းဆိုရမှာဖြစ်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းက ဆရားတွနဲ့ ပြဌာန်းစာအုပ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

ဒီသင်ကြားမှုဟာ အသက် ၃ နှစ်ကနေ ၆ နှစ်အရွယ် မူကြိုကလေးငယ်တွေအထိ ပါဝင်မှာဖြစ်ပြီး အတန်းမြင့်လာတာနဲ့အမျှ

ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အကြောင်းတွေ၊ တမန်တော်မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတွေကို တစ်ဆင့်ချင်းဆီ

သင်ကြားပေးသွားမယ်လို့ သိရပါတယ်။


========================
251/End