အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၁၃ ဧပြီ ၂၀၁၆

၁၉:၁၄:၄၄
747135

ကင်ညာက ပြန်ပို့ခံ ထိုင်ဝမ်များ တရုတ်ပြည်မတွင် တရားရင်ဆိုင်ရမည်

ကင်ညာကနေ ပြည်နှင်ဒဏ်ပေးခံရတဲ့ ထိုင်ဝမ်က နေထိုင်သူတွေဟာ တရုတ်နိုင်ငံ ပြည်မမှာ တရားရင်ဆိုင်ရမယ်လို့ နိုင်ငံတော်အစိုးရ ကောင်စီရဲ့ ထိုင်ဝမ်းရေးရာ ရုံး အကြီးအကဲက ဇန်ဇီဂျွန်းက ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



ကင်ညာကနေ ပြည်နှင်ဒဏ်ပေးခံရတဲ့ ထိုင်ဝမ်က နေထိုင်သူတွေဟာ တရုတ်နိုင်ငံ ပြည်မမှာ တရားရင်ဆိုင်ရမယ်လို့ နိုင်ငံတော်အစိုးရ ကောင်စီရဲ့ ထိုင်ဝမ်းရေးရာ ရုံး အကြီးအကဲက ဇန်ဇီဂျွန်းက   ဧပြီ ၁၂ ရက်မှာ ပြောပါတယ်။

ကင်ညာက တရုတ်ပြည်မက လူ ၃၂ ဦးနဲ့ ထိုင်ဝမ်က ၄၅ ဦးကို ပြန်ပို့ဖို့ ရှိနေပြီး ၁၀ ဦးက ရောက်ရှိလာပြီဖြစ်သလို ၆၇ ဦးကတော့ ဧပြီ ၁၃ ရက်မှာ ရောက်ရှိမယ်လို့ ဆိုပါတယ်။

ပြန်ပို့လိုက်တဲ့ အုပ်စုဟာ ဆိုင်ဘာ ရာဇ၀တ်မှုနဲ့ ပတ်သက်ပြီး စွဲဆိုဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ပြည်မကို ပြစ်မှတ်ထားတဲ့ အင်တာနက်နဲ့ တယ်လီဖုန်းဆိုင်ရာ လိမ်လည်မှုတွေမှာ ထိုင်ဝမ်က လူတွေက ပါဝင်ပတ်သက်နေတယ်လို့  ဇန်က ဆိုပါတယ်။

ပြည်ပကနေ ကျူးလွန်တဲ့ လိမ်လည်မှုတွေကြောင့် ပြည်မက လူတွေက ဓားစာခံဖြစ်ရတဲ့ အတွက် သူတို့ကို တရားရုံးကို ပို့ဆောင်ရမယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်အာဏာပိုင်တွေကိုလည်း ဖမ်းဆီးထားတဲ့အကြောင်း အသိပေးထားတယ်လို့ ဆိုပါတယ်။

ကင်ညာကတော့ တရားမ၀င်နေထိုင်နေတဲ့ ထိုင်ဝမ်က အုပ်စုကို သူတို့လာတဲ့ နေရာ ပြန်ပို့တာ ဖြစ်တယ်လို့ နယ်နှင်ဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုပါတယ်။

နိုင်ရိုဘီမှာ အခြေစိုက်တဲ့သူတွေက တရုတ်နိုင်ငံတ၀န်က သန်းနဲ့ချီတဲ့ ယွမ်တွေကို လိမ်လည်ခဲ့ပြီး အများစုက တရုတ်ပြည်မက ဖြစ်တဲ့အတွက် ခံရသူတွေက တရားစွဲဆိုမှာ ဖြစ်ပါတယ်။

==============================

251 / End