အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၁၅ ဧပြီ ၂၀၁၆

၁၉:၁၈:၅၅
747557

အိုက်ဗရီကို့စ်နိုင်ငံက အိုအိုင်စီနှင့် သဘောတူညီချက် ၆ ခု လက်မှတ်ရေးထိုး

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ်မြောက် အစ္စလာမ်မစ်ထိပ်သီးညီလာခံမှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ သဘောတူညီမှု ၆ ခုကို အိုင်ဗရီကို့စ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာ အလ်ဘတ် တိုကစ်ဆေး မာဘရီက အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ်မြောက် အစ္စလာမ်မစ်ထိပ်သီးညီလာခံမှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နဲ့ သဘောတူညီမှု ၆ ခုကို အိုင်ဗရီကို့စ် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာ အလ်ဘတ် တိုကစ်ဆေး မာဘရီက အင်္ဂါနေ့မှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလက်မှတ်ရေးထိုးမှုကို OIC ရဲ့ နိုင်ငံရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် အဗ္ဗဒူလာ အဘူရာဟ်မန်ရဲ့ ရှေ့မှောက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက်တွေထဲမှာ ကင်းလွတ်ခွင့်နဲ့ အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်၊ စားနပ်ရိက္ခာ ဖူလှုံရေး သဘောတူညီချက်၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး သဘောတူညီချက်၊ အစ္စလာမ့်မစ်နိုင်ငံများဆိုင်ရာ စံနှုန်းသတ်မှတ်ရေး သဘောတူညီချက်(SMIIC)၊ နိုင်ငံတကာ လခြမ်းနီအဖွဲ့ဆိုင်ရာ အစ္စလာမ်မစ်ကော်မရှင် သဘောတူညီချက်နဲ့ အစ္စလာမ့်နိုင်ငံများ ဆယ်သွယ်ရေးသမဂ္ဂဆိုင်ရာ သဘောတူညီချက်တို့ ပါဝင်ပါတယ်။

အစ္စတန်ဘူလ်က အဲဒီ ၁၃ ကြိမ်မြောက် အစ္စလာမ့်မစ် ထိပ်သီးညီလာခံမှာ အကြမ်းဖက်တိုက်ဖျက်ရေး၊ ပါလက်စတိုင်းအရေး၊ မွတ်စလင်ကမ္ဘာ တည်ငြိမ်အေးချမ်းရေးတို့ကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

AB/IINA


=====================
251 / End