အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
အင်္ဂါနေ့

၁၉ ဧပြီ ၂၀၁၆

၁၉:၁၄:၂၄
748561

မြန်မာနှင့် မလေးရှား ဘောလုံးခြေစမ်းပွဲ ရန်ကုန်တွင် ကစားမည်

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနဲ့ မလေးရှား အသင်းတို့ လာမယ့် မေလ ၂၈ရက်နေ့ ရန်ကုန်သုဝဏ္ဏကွင်းမှာ ချစ်ကြည်ရေးခြေစမ်းပွဲကစားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနဲ့  မလေးရှား အသင်းတို့ လာမယ့် မေလ ၂၈ရက်နေ့ ရန်ကုန်သုဝဏ္ဏကွင်းမှာ ချစ်ကြည်ရေးခြေစမ်းပွဲကစားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

မလေးရှား လက်ရွေးစင်အသင်းကလည်း မြန်မာနိုင်ငံမှာ ခြေစမ်းပွဲ လာရောက်ကစားမှာဖြစ်တဲ့အကြောင်း ဧပြီ ၁၂ ရက်က မြန်မာဘောလုံးအဖွဲ့ချုပ်ထံ လက်ခံ အကြောင်းပြန်ကြားခဲ့ပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲမှာ  အောင်မြင်မှုရဖို့  ကြိုတင်ပြင်ဆင်တဲ့အနေနဲ့  ပြည်ပလက်ရွေးစင် အသင်းတွေကို ဖိတ်ခေါ် ခြေစမ်းပွဲ တွေကစားနေသလို  မြန်မာအသင်း ပြည်ပကိုထွက် သွားရောက်လေ့ကျင့်တာတွေလည်း ပြုလုပ်နေတာပါ။

ဒါ့အပြင် လာမယ့် ဇွန်လအတွင်းမှာ ၄ နိုင်ငံ ပါဝင်ယှဉ်ပြိုင်မယ့်  ဖိတ်ခေါ်ဖလားဘောလုံး ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံမှာ လက်ခံကျင်းပဖို့ အစီအစဉ်ရှိနေတယ်လို့လည်းသိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေပြီး ဘောလုံးအဆင့်အတန်းဟာလည်း ဆက်တိုက်ကျဆင်းနေရာမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဧပြီ ၇ ရက်နေ့ နောက်ဆုံးထုတ်ပြန်တဲ့ နိုင်ငံအလိုက်ဘောလုံးအဆင့်သတ်မှတ်ချက်မှာ အရင်လကထက် ၁၂ ဆင့်ထိ ကျဆင်းပြီး အဆင့် ၁၆၆ မှာရပ်တည်နေပါတယ်။

==============================================

251/End