အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
တနင်္ဂနွေနေ့

၂၄ ဧပြီ ၂၀၁၆

၁၉:၁၁:၂၄
749671

မိုးသက်လေပြင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင် အနည်းဆုံး လူ ၈ ဦးသေဆုံး

မြန်မာနိုင်ငံတစ်ဝှမ်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုနှင့် မိုးသီးများ ကြွေကျမှုတို့ကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး စေတီပုထိုးများ ပြိုကျခြင်းနှင့် အဆောက်အဦးများစွား ပျက်ဆီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု အစိုးရ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။

 

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



 မြန်မာနိုင်ငံတစ်ဝှမ်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုနှင့် မိုးသီးများ ကြွေကျမှုတို့ကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး စေတီပုထိုးများ ပြိုကျခြင်းနှင့် အဆောက်အဦးများစွား ပျက်ဆီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု အစိုးရ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားလိုက်သည်။

ပြီးခဲ့သည့် သောကြာနှင့် စနေနေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု၊ မိုးသည်းထန်ပြီး ရေကြီးမှုနှင့် မိုးသီးကြွေကျမှုဒဏ်ကို နိုင်ငံတစ်ဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခုတွင် ခံစားခဲ့ရသည်။

“အခုအချိန်အထိ ကျွန်မတို့ သိရသလောက်ကတော့ ဒီရက်တွေအတွင်းမှာ လူ ၈ ဦးသေဆုံးပြီး နေအိမ် ၇၅၀၀ လောက် ထိခိုက်ပျက်ဆီးခဲ့တယ် ဆိုတာပါပဲ” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလီလီထွန်းက ပြောကြားခဲ့ပြီး သတင်းအချက်အလက်များ ထပ်မံရရှိရန်ရှိသောကြောင့် သေဆုံးဒဏ်ရာရမှုအရေအတွက်မှာ တိုးလာနိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

သေဆုံးသူများထဲမှ ၆ ဦးမှာ မန္တလေးတိုင်းဒေသကြီးရှိ ရေတံယောက်ရွာမှဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင်လည်း မိုးသက်လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကြွေကျမှုဒဏ်ကို ခံစားခဲ့ရသည်။

နိုင်ငံပိုင် New Light of Myanmar သတင်းစာ၏ ဖော်ပြမှုအရ သောကြာနေ့ညပိုင်း လေပြင်းဒဏ်ကြောင့် ရှမ်းပြည်နယ်ရှိ စေတီပုထိုးပေါင်း ၁၇၀၀ ကျော် ထိခိုက်ပျက်ဆီးခဲ့သည်ဟု သိရသည်။

Ref: The Star

============================
251 / End