အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : SM/IINA
ကြာသပတေးနေ့

၂၈ ဧပြီ ၂၀၁၆

၁၉:၀၀:၄၆
750640

ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးရဲ့ လှုံဆော်မှုအပေါ်မှာ စိတ်အေးအေးထားကြဖို့ မြန်မာမွတ်စလင်ခေါင်းဆောင်တိုက်တွန်းပြောကြား

အစွန်းရောက်ဘုန်းတော်ကြီးတစ်ပါးနဲ့သူ့ရဲ့နောက်လိုက်တွေဟာ နိုင်ငံအရှေ့တောင်ပိုင်းက ဗလီနားမှာ ခွင့်ပြုချက်မရပဲ ဘုရားတည်ခြင်းဖြင့် အကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်လှုံ့ဆော်မှုတွေ ပြုလုပ်နေတဲ့အပေါ်မှာ စိတ်အေးအေးထားကြဖို့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမွတ်စလင်ခေါင်းဆောင်တစ်ယောက်က တိုက်တွန်းထားတယ်လို့ Anadolu Agency (AA) သတင်းဌာနကဖော်ပြခဲ့ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အစွန်းရောက်ဘုန်းတော်ကြီးတစ်ပါးနဲ့သူ့ရဲ့နောက်လိုက်တွေဟာ နိုင်ငံအရှေ့တောင်ပိုင်းက ဗလီနားမှာ ခွင့်ပြုချက်မရပဲ ဘုရားတည်ခြင်းဖြင့် အကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်လှုံ့ဆော်မှုတွေ ပြုလုပ်နေတဲ့အပေါ်မှာ စိတ်အေးအေးထားကြဖို့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမွတ်စလင်ခေါင်းဆောင်တစ်ယောက်က တိုက်တွန်းထားတယ်လို့ Anadolu Agency (AA) သတင်းဌာနကဖော်ပြခဲ့ပါတယ်။

“ဗုဒ္ဓဘာသာ ခရစ်ယာန်တွေ နဲ့ မွတ်စလင်တွေကြားမှာ တည်ငြိမ်မှုမရှိတဲ့အခြေအနေကိုဖန်တီးချင်တဲ့သူတွေရှိနေတယ်”လို့ မြန်မာနိုင်ငံအစ္စလာမ်ရေးရာကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ Tin Maung Than က AA ကိုတယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။

“သူတို့နဲ့အချင်းမများဖို့ ကျွန်တော်တို့လူတွေကိုတောင်းဆိုထားပါတယ်။ ကျွန်တော်တို့နောက်ထပ်အကြမ်းဖက်မှုတွေ မမြင်ချင်တော့ဘူး။” တနင်္လာနေ့ညနေက မြိုင်ကြီးငူဆရာတော်လို့ ထင်ရှားတဲ့ ဆရာတော်သုဇနနဲ့သူ့ရဲ့နောက်လိုက်တပည့်တွေဟာ ဗလီတာဝန်ရှိသူတွေနဲ့ အစိုးရတာဝန်ရှိသူတို့ရဲ့ တောင်းဆိုပန်ကြားချက်တွေကို ပယ်ချပြီး ကရင်ပြည်နယ် ရွှေဂုံရွာဗလီဘေးမှာ ဘုရားတည်ခဲ့တာဖြစ်ပါတယ်။

ဒါဟာတစ်ပတ်အတွင်းဒုတိယအကြိမ် အတင်းအဓ္ဓမဘုရားတည်ခဲ့တာဖြစ်ပါတယ်။ အရှင်သုဇနဟာ ကရင်ဗုဒ္ဓဘာသာဒီမိုကရက်တစ်လက်နက်ကိုင်တပ်ဖွဲ့ (DKBA) မှာအရေးပါအရာရောက်ဆုံးဖြစ်ပြီး ခရစ်ယာန်ဘုရားကျောင်းဝင်းထဲမှာလည်း ခွင့်ပြုချက်မရပဲ စေတီတည်ခဲ့တာဖြစ်ပါတယ်။

“နိုင်ငံကိုစစ်တပ်အုပ်ချုပ်တဲ့ကာလတုန်းကလည်း ကရင်ပြည်နယ်ထဲက Thakhutkone ရွာမှာ မွတ်စလင်တွေထွက်သွားဖို့ငြင်းပယ်တာကြောင့် ဆရာတော်ဟာ ဗလီကိုဒိုင်းနမိုက်နဲ့ဖြိုချဖို့ သူ့ရဲ့နောက်လိုက်တပည့်တွေကိုအမိန့်ပေးစေခိုင်းခဲ့ပါတယ်။ သူတို့ဟာဗုဒ္ဓဘာသာအဖွဲ့အစည်းကို ကိုယ်စားမပြုဘူးဆိုတာ ကျွန်တော်တို့ယုံကြည်ပါတယ်”လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

“ကရင်ပြည်နယ်အာဏာပိုင်တွေဟာ တစ်ခြားသူတွေရဲ့ဘာသာရေးဧရိယာတွေအတွင်းမှာ နောက်ထပ်ကျူးကျော်တဲ့စေတီတွေ ထပ်တည်တာမျိုး ခွင့်ပြုမှာမဟုတ်ဘူး”လို့ ပြောကြားချက်ကို Myanmar Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ပြည်နယ်ဘာသာရေးဝန်ကြီး ဦးမင်းတင်ဝင်းက သူ့ရဲ့စိတ်မကောင်းချက်ကိုဖော်ပြပြီး “ဒီလိုလုပ်ဆောင်ချက်တွေက ဘာသာရေးအဖွဲ့တွေကြားပဋိပက္ခတွေဖြစ်ပေါ်စေနိုင်တယ်”လို့ ပြောဆိုပါတယ်။ “ဗုဒ္ဓဘာသာပုံရိပ်ကိုထိခိုက်တာမျိုးကျွန်တော်တို့ခွင့်မပြုနိုင်ဘူး ဒီအရေးကိစ္စဟာချက်ချင်းအဆုံးသတ်ဖို့လိုပြီး ကျွန်တော်တို့ဒါမျိုး ထပ်မမြင်ချင်တော့ဘူး”လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

အရှင်သုဇနဟာ DKBA အဖွဲ့ထဲမှာအင်အားအကြီးဆုံးပုဂ္ဂိုလ်တစ်ယောက်လို့ယုံကြည်ရပါတယ်။ KNUရဲ့ဌာနချုပ်တည်နေရာမှာအပါအ၀င် ကရင်ပြည်နယ်အတွင်း စေတီအမြောက်အများတည်ဖို့စီစဉ်ပြောဆိုပြီးနောက်မှာ DKBA ဟာ ကရင်အမျိုးသားအဖွဲ့ KNU ကနေ ၁၉၉၅ခုနှစ်မှာခွဲထွက်ခဲ့ပါတယ်။ အစိုးရဆီက ငွေကြေးနဲ့လက်နက်အကူအညီရယူပြီး ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ KNU ကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့နေရာမှာ ထောက်ပံ့မှုတွေပြုလုပ်ပေးဖို့ ပါဝင်ပါတယ်။

ဘာသာပြန် : ညောင်နီရွက်

===================
251 / End