အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၃၀ ဧပြီ ၂၀၁၆

၁၉:၀၁:၄၈
751113

ဂျာမနီတွင် လက်ယာစွန်းရောက်များ၏ ညီလာခံကို တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင် လက်ယာစွန်းရောက် Alternative for Germany (AfD) ပါတီ၏ ညီလာခံကျင်းပပြုလုပ်မှုကို လက်ဝဲ၀ါဒီ တက်ကြွလှုပ်ရှားသူများက တားဆီးမှုကြောင့် ရုန်းရင်းဆန်ခန်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်ဟု သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင် လက်ယာစွန်းရောက် Alternative for Germany (AfD) ပါတီ၏ ညီလာခံကျင်းပပြုလုပ်မှုကို လက်ဝဲ၀ါဒီ တက်ကြွလှုပ်ရှားသူများက တားဆီးမှုကြောင့် ရုန်းရင်းဆန်ခန်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်ဟု သိရသည်။

ယနေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်အတွင်း လက်ဝဲယိမ်းဆန္ဒပြသူများမှာ AfD ကိုယ်စားလှယ်များ အစည်းအဝေးခန်းမထဲသို့ ၀င်ရောက်ခွင့်မရရန် တားဆီးမှုများ ပြုလုပ်ခဲ့ပြီး တာယာများမီးရှို့ခြင်း၊ ဂျာနယ်လစ်များ၊ ရဲတပ်ဖွဲ့များထံသို့ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် “နာဇီ ၀ါဒဖြန့်ခွင့်မရှိ” ဟု လည်း ကျွေးကြော်ခဲ့ကြသည်။

ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံမှုတွင် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ဘဲ လူပေါင်း ၄၀၀ ၀န်းကျင်ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထို့ပြင် လက်ယာစွန်းရောက်များ၏ ညီလာခံကိုလည်း စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ကြသည်။

လွန်ခဲ့သည့် ၃ နှစ်က ဖွဲ့စည်းခဲ့သည့် AfD ပါတီမှာ နောက်ပိုင်းတွင် အစ္စလာမ်ဆန့်ကျင်ရေပါတီအသွင် ဆောင်လာခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ပါတီ၏ လက်ထောက်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဥရောပပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘီယာထရစ် ဗွန် စတော့ခ်ျက အစ္စလာမ်သာသနာမှာ ဂျာမနီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဟု ပြောဆိုခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ပါတီ၏ အခြားသောပေါ်လစီများတွင် ရာဇ၀တ်မှုကျူးလွန်သော နိုင်ငံခြာသားများအား နိုင်ငံမှ နှင်ထုတ်ရေး၊ လူငယ်များ စစ်မှုထမ်းမှုစနစ်ကို ပြန်လည်ပြဌာန်းရေးတို့ဖြစ်ကြပြီး နိုင်ငံခြားရေးမူဝါဒမှာ ရုရှားနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်ဖြစ်သည်။

Ref : Aljazeera

============================
251 / End