အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
အင်္ဂါနေ့

၃ မေ ၂၀၁၆

၁၉:၀၃:၃၆
751836

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအတွက် ဂျော်ဒန်နှင့် ဖင်လန် ပူးပေါင်းဆောင်ရွက်မည်

လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးနယ်ပယ်များတွင် မိမိတို့နှင့် ဖင်လန်နိုင်ငံမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်သွားရန် သဘောတူညီခဲ့သည်ဟု ဂျော်ဒန် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ရာအင်မ် အဘူ ဟာဆန်က ပြောကြားလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးနယ်ပယ်များတွင် မိမိတို့နှင့် ဖင်လန်နိုင်ငံမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်သွားရန် သဘောတူညီခဲ့သည်ဟု ဂျော်ဒန် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ရာအင်မ် အဘူ ဟာဆန်က ပြောကြားလိုက်သည်။

ဖင်လန် လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီး ဟန်နာ မန်တိုင်လာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဂျော်ဒန်နိုင်ငံသို့ ၃ ရက်တာ အလည်အပတ် ရောက်ရှိစဉ်အတွင်း ယမန်နေ့က အဘူဟာဆန်နှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။

အဘူဟာဆန်ကမူ မိမိတို့နိုင်ငံသားများနှင့် နိုင်ငံအတွင်းနေထိုင်သော နိုင်ငံခြားသားများအား ပေးအပ်နေသော ၀န်ဆောင်မှုများကို အဆင့်မြှင့်တင်ရေး ထိရောက်ပြီး အရည်အသွေးပြည့်ဝသည့် စီမံကိန်းများကို ဆောင်ရွက်ရန်အတွက် ဖင်လန်အာဏာပိုင်များနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်သွားရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။

မန်တိုင်လာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကလည်း လူမှုဝန်ဆောင်မှုလုပ်ငန်းများ၊ နယ်ပယ်အသီးသီးရှိ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ စသည်တို့တွင် ဂျော်ဒန်နိုင်ငံက ဒေသအတွင်း ရှေ့ဆောင်လမ်းပြ ဖြစ်နေမှုအတွက် ချီးကျူးခဲ့သည်။

Ref: IINA
=====================

251 / End