အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၃ မေ ၂၀၁၆

၁၉:၂၃:၁၄
751837

ဟဇရသ် အေမာမ် မူစာယေ ကာစင်မ် (အ.စ) ၏ ဘဝ သမိုင်းအကျဉ်းချုပ်

ဟဇရသ် အေမာမ် မူစာယေ ကာစင်မ် (အ.စ) ၏ ဘဝ သမိုင်းအကျဉ်းချုပ် ကိုအနည်းငယ်တင်ပြအပ်ပါတယ်။ အနည်းဆုံး ကျနော်တို့ ၏ အေမာမ် နှင့် ပတ်သက်ပြီး ဤ အချက်လေးတွေတော့ သိထား မှတ်ထား ရမည်ဟု အကြုံပြု အပ်ပါတယ်။

ဟဇရသ် အေမာမ် မူစာယေ ကာစင်မ် (အ.စ) ၏ ဘဝ သမိုင်းအကျဉ်းချုပ်

အမည် = မူစာ (အ.စ)

ထင်ရှားသည့် အလ်ကာဗ် = အဗ်ဒေဆွာလေဟ် ၊ ကာစင်မ် ၊ ဗါဗိုလ်ဟဝါဟေဂ်ျ

ဖခမည်းတော်အမည် = အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ)

မယ်တော် အမည် = ဟမီဒါဟ်ခါသွန် (န)

ဖွားမြင်တော်မူ သည့် နေ့ရက်ခုနှစ် = စိုဗေဆွာဒစ်က် အချိန် တနင်္ဂနွေနေ့ ဆဖရ်လ ၇ ရက်နေ့ ဟစ်ဂျရီ သက္ကရာဇ် ၁၂၈ခုနှစ်

ဖွားမြင်တော်မူ သည့် နေရာ = အဗ်ဝါ ( မက္ကာဟ်ရွှေမြို့တော် နှင့် မဒီနာ ရွှေမြို့တော် အကြား ရှိ နေရာတစ်ခု အမည် )

ရှဟာဒသ် ခံယူတော်မူသည့်ရက် = ရဂျဗ်လ ၂၅ ရက် ၊ ဟီဂျရီ ၁၈၃ ခုနှစ်

ရှဟာဒသ် ခံယူတော်မူသည့်နေရာ = ဟရွန်း၏ အကျဉ်းထောင် ၊ ဘဂဒတ် မြို့ (ဟရွန်း၏ အမိန့် ဖြင့် အဆိပ်ကျွေး လုပ်ကြံခံခဲ့ရပါသည်။)

သက်တော် = ၅၅ နှစ်

ရောင်ဇာတော် = ကာစမှိုင်း ၊အီရတ်

အေမာမ်မသ်တာဝန်ကို မထမ်းဆောင်ရခင် = နှစ် ၂၀ (ဟီဂျရီ ၁၂၈ ခုနှစ်မှ ၁၄၈ ခုနှစ်ထိ )

အေမာမ်မသ်တာဝန်ကို ထမ်းဆောင်ခဲ့ရသည့် နှစ် = ၃၅ နှစ်  (ဟီဂျရီ ၁၄၈ ခုနှစ်မှ ၁၈၃ ခုနှစ်ထိ )

အေမာမ်လက်ထက်ဘုရင်များ = မန်ဇူရ်ဒဝန်ကီ ၊ မဲဟ်ဒီ အဘာစ်စီ ၊ ဟာဒီ အဘာစ်စီ ၊ဟရွန်းရရှီးဒ်

မှတ်ချက် ။ အေမာမ် သခင်ကြီး (အ.စ) ၏ အေမာမ်မသ်တာဝန်ကို ထမ်းဆောင်ခဲ့ရ သည့် နှစ် အများစု (၂၃ နှစ် ၂လ နှင့် ၁၇ရက် ) မှာ ဟရွန်းရရှီးဒ် ၏ လက်ထက်တွင် ဖြစ် ပြီး ၊၎င်းအနေဖြင့် သခင်ကြီး ကို နှစ်ပေါင်းများစွာ မိမိ အကျဉ်းထောင်တွင်ရက်စက် စွာဖမ်းချုပ် ထားပြီး နှိပ်စက် ညဉ်းပန်းခဲ့ပါတယ်။ နောက်ဆုံး အဆိပ်ကျွေး လုပ်ကြံခဲ့ပါ တယ်။

==========================

251 / End