အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၄ မေ ၂၀၁၆

၁၉:၂၅:၅၂
752072

ဗြိတိန်မွတ်စလင်အမျိုးသမီးတစ်ဦး အမျိုးသားကျောင်းသားသမဂ္ဂအဖြစ် ရွေးချယ်တင်မြှောက်ခံရ

ဗြိတိန်၏ အမျိုးသားကျောင်းသားသမဂ္ဂ (NUS) မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် ၎င်းတို့၏ နှစ်ပတ်လည် ညီလာခံတွင် ဥက္ကဌအဖြစ် လူမည်းမွတ်စလင် အမျိုးသမီးတစ်ဦးကို ခန့်အပ်ခဲ့သည်ဟု သိရသည်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

 
ဗြိတိန်၏ အမျိုးသားကျောင်းသားသမဂ္ဂ (NUS) မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် ၎င်းတို့၏ နှစ်ပတ်လည် ညီလာခံတွင် ဥက္ကဌအဖြစ် လူမည်းမွတ်စလင် အမျိုးသမီးတစ်ဦးကို ခန့်အပ်ခဲ့သည်ဟု သိရသည်။

မာလီယာ ဘူအက်တီယာဖြစ်ပြီး မဲအရေအတွက် ၃၇၂ မဲတွင် ထောက်ခံမဲ ၃၂၈ မဲဖြင့် လက်ရှိ ဥက္ကဌ မီဂန်ဒွန်းအပါအ၀င် ပြိုင်ဘက်များကို အပြတ်အသတ်ကျော်ဖြတ်ကာ ရွေးချယ်ခံရခြင်းဖြစ်သည်။

“ဒီအနိုင်ရမှုက ကျွန်မအတွက်သာ မဟုတ်ပါဘူး။ ဒီအောင်ပွဲအတွက် လမ်းခင်းပေးခဲ့တဲ့ ထောင်ပေါင်းများစွာသော ကျောင်းသူ၊ ကျောင်းသားတွေအတွက် အောင်ပွဲပါပဲ။ ယူကေတစ်ဝှမ်းက ကျောင်းသားတွေဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ကျွန်မတို့သမဂ္ဂဟာ သူတို့နဲ့အတူ ရပ်တည်ဖို့ အရင်ကထက် ပိုပြီးတော့ အရေးကြီးလာပါပြီ” ဟု ဘူအက်တီယာက ပြောကြားခဲ့သည်။

သူမမှာ ယူကေအစိုးရ၏ လူအခွင့်အရေးချိုးဖောက်သော အကြမ်းဖက် ဆန့်ကျင်ရေး မဟာဗျူဟာကို ဆန့်ကျင်သည့် ထင်ရှားသူများထဲမှ တစ်ဦးလည်းဖြစ်သည်။ ထို့ပြင် Students not Suspects လှုပ်ရှားမှုကို စတင်ခဲ့ကာ အစိုးရ၏ ထိုဗျူဟာတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ယူကေရှိ အဆင့်မြင့် ပညာရေးအသင်းအဖွဲ့များကို တိုက်တွန်းလျက် ရှိနေသည်။

ဘူအက်တီယာမှာ ယခုကဲ့သို့ ယူကေ အမျိုးသားကျောင်းသားသမဂ္ဂအဖြစ် ရွေးချယ်ခံရမှုနှင့်ပတ်သက်၍ သမဂ္ဂ၏ အမှုဆောင်ကောင်စီဝင်ဟောင်းဖြစ်ပြီး လူငယ်အလုပ်သမားများဆိုင်ရာ နိုင်ငံတကာအရာရှိဖြစ်သော အဘ်ဒီ အဇစ် ဆူလေမန်က အစ္စလာမ်ကြောက်ရောဂါကြောင့် ဘ၀များကို နစ်နာဆုံးရှုံးစေကာ ပြည်သူ့ကိုယ်စားပြုနေရာများတွင် တာဝန်ထမ်းဆောင်ရန် ခြိမ်းခြောက်မှုများရှိနေသော မွတ်စလင်လူငယ်အမျိုးသမီးမျာအတွက် ဘူအက်တီယာ၏ အဖြစ်အပျက်က မျှော်လင့်ချက်နှင့် သတ္တိကို ဖြစ်ပေါ်စေသည်ဟု ပြောကြားခဲ့သည်။

Ref: IINA

========================
251 /End