အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၄ မေ ၂၀၁၆

၁၉:၂၆:၅၂
752074

အေမာမ် ကာစင်မ် (အ.စ) ၏ ရှဟာဒသ် အချိန်အခါတွင် အလာမာ ဆယက်ဒ် အကီးလွလ်ဂရ်ရဝီး ၏ ရင်ဖွင့် သံ

အေမာမ် ကာစင်မ် (အ.စ) ၏ ရှဟာဒသ် အချိန်အခါတွင် အလာမာ ဆယက်ဒ် အကီးလွလ်ဂရ်ရဝီး ၏ ရင်ဖွင့် သံ ကို ၎င်း၏ fb စာမျက်နှာ မှ ဘာသာပြန် ဖော်ပြလိုက် ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ကလေးဘဝတွင် အေမာမ် မူစာယေကာစင်မ် (အ.စ) ၏ ရှဟာဒသ် အကြောင်း ကြားရ လျှင် အလွန်တရာ ပူဆွေးသောက ရောက်ရပါတယ်။ ပြီးနောက် အံ့လည်းသြမိပါ တယ်။ နောက်ဘယ်လို ဖြစ်နိုင်မလဲဆိုပြီးတော့လည်း စဉ်းစားမိတယ် ။ အေမာမ်မူစာ ယေကာ စင်မ် (အ.စ) ဟာ အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ သားတော် ဖြစ်ပြီး အေမာမ်ဂျအ် ဖရ်ဆွာဒစ် (အ.စ) ခေတ်ကာလ တွင် ရှီအာ အရမ်းပျံ့ နှံ့ပြီး ထောင်ပေါင်းများစွာ ဟာ အာလေမိုဟမ္မဒ် (အ.စ) ၏ ဖေရ်ကာ ရှီအာ ကို လက်ခံယုံကြည် ခဲ့ကြတဲ့ အချိန် ဖြစ်ပါ တယ်။ ကူဖာမြို့ နှင့် နဂျာဖ် မြို့ ဆိုတာ ရှီအာ တို့၏ အချက်အချာ ကြ သည့် မြို့ များ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါသလဲ … နှစ်အနည်းငယ် ကျော်ပြီး နောက်အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) ၏ သားတော် အလွန်တရာရက်ရက်စက်စက် ရှဟာဒသ် ဖြစ်ခဲ့ ရပါတယ်။ ကိုယ်တော် ၏ ဂျနဇာ ကို ဘဂ္ဂဒတ် တံတားပေါ် တွင် ထားပြီး ဒီအလောင်းဟာ ရဖေဇီ (ရှီအာ)တွေ ရဲ့အေမာမ် အလောင်းပါလို့ အော်ပြောပြီး ထားခဲ့ခြင်း ကိုခံရပါ တယ်။ ရက်ပေါင်းအချို့ အေမာမ်၏ ဂျနဇာ ကဖန် မဝတ်ဆင်ရပဲ ဒီအတိုင်း ရှိခဲ့ပါတယ် ။ ပြီးတော့ အယောက် ၂၀ အီရန် ကနေလာပြီး အေမာမ် (အ.စ) ကဖန်ဝတ်ပေးခြင်း ဒဖ်နာခြင်းကို ပြုခဲ့ပါတယ်။ ဘာလဲ ဒီကိစ္စ ကျနော်တို့ အတွက် ကြီးမားတဲ့ စဉ်းစားမှု ကို မဖြစ်ပေါ်စေပါသလော ? ကျနော်တို့ စဉ်းစားဖို့ မလိုဘူးလား ? အဲဒီအချိန် မှာ အေမာမ် (အ.စ) ကို အချစ်ထားတဲ့ သူတွေ ဘာဖြစ်သွားကြတာလဲ ? ဒီမေးခွန်းဘယ်သူ တစ်ဦး တစ်ယောက်မှ လူထု၏ ပြဿနာ ရှာခံရမှု ကိုခံရမှာ ကြောက်ပြီး မေးခွန်း မထုတ် ခံကြပဲ နေခဲ့ကြပါတယ်။

ဒါပေမဲ့ ယနေ့ ကျနော်တို့အနေဖြင့် ယနေ့မိမိ လူမျိုးများ မဇ်ဟဗ်တူများကို ၏ အခြေ အနေ ကို ကြည့်ပြီး တစ်ချို့ တစ်ချို့ အဖြေလေးတွေစရလာပါတယ်။ နောက်ဆုံး ဘာ အကြောင်း တွေ ကြောင့် ရှီအာတွေ ၏ အချက်အချာ ကြသည့် နေရာမှာ အေမာမ် (အ.စ) ၏ ဂျနဇာ ကဖန်မဲ့ ဖြစ်ခဲ့ရတယ်ဆိုတာပါ။ထိုအချိန်က လူတွေလည်း ကိုယ် အလုပ်နဲ့ကိုယ် ရှုပ်နေကြမှာပေါ့ ဗျား ။ အချို့ ကမဒဲရ်ဆာများ ဆောက်လုပ်ရာတွင် အလုပ်များ နေကြမှာပေါ့၊ အချို့က၊ ကစီဒါ ၊ နောင်ဟာ ၊စပ်ဆိုရာတွင် အလုပ်များနေကြမှာပေါ့ ။အချို့ ကလယ်ယာ လုပ်ငန်း တွင် ၊ အချို့က စာပေလေ့လာ ရာတွင် အချို့က ဖေက်၏ ဥပဒေများ ကို သင်ကြားရာတွင် ၊တစ်ချို့ က စာမေးပွဲ ဖြေဆိုဖို့ အသင့်ဖြစ်နေရန် အလုပ်တွေ များ နေကြပါ မှာပေါ့ …

စသည်ဖြင့်အလုပ်တွေရှုပ်နေကြပါတယ်။ ထိုအချိန် အလွန်တရာပျံ့နှံ့ သွားသည့် ကိစ္စ​တစ်ခု မှာ အေမာမ်များ (အ.စ) ၏ အမည်ကို ယူကြသူများ ၊ အေမာမ် ၏ အမည်ဖြင့်ရီဝါရတ် အတုများ ကို ပြုလုပ်သူများ အခြား အုပ်စု အမြောက်အများ ဖြစ် ပေါ်နေချိန် ဖြစ်ပါတယ်။ဤအချက်တွေ ကြောင့် ရှီအာ များအကြား စိတ်ဝမ်းကွဲမှုတွေ မစည်းလုံးမှုတွေ လည်း စနေချိန်ဖြစ်ပါတယ်။ အုပ်စု အသီးသီး ဖြစ်သွားပြီး ဖြစ်ပါတယ်။ ဘာကြောင့်ဆို ထိုအချိန် က အေမာမ် ထက် လူထု ၏ အမြင်ကို ပိုအလေး ပေးနေချိန် ဖြစ်ပါတယ်။

ဤအဖြစ်အပျက်အကြောင်းအရာများနောက်ကွယ် တွင်ထိုခေတ်ထိုကာလ က လူယုတ် မာ နိုင်ငံရေး သမားများ ၏ မြောက်များစွာ သော ချုပ်ကိုင်မှု လည်း ရှိခဲ့ပါတယ်။ ဒီ လူယုတ်မာ နိုင်ငံရေး သမားတွေ ရှီအာ အရေအတွက် တွင် ဘယ်လောက် နည်းနည်း သူတို့တွေ စည်းလုံး ညီညွတ်သွားမည် လျှင် မိမိတို့ အတွက် အခက်အခဲများ ကို ဖန်တီး နိုင်လာကြောင်း သိရှိထားပြီး ဖြစ်ပါတယ်။ပြီးတော့ ထိုခေတ်ကာလ က မင်းစိုးမင်းညစ် လူယုတ်မာ အစိုးရ များ ကို ရှီအာများ သာလျှင် တော်လှန် ခဲ့ကြတာ ဖြစ်ပါတယ်။ စွန်နီ အေမာမ်များ အနေဖြင့် ဘုရင်များ နှင့် ဆက်ဆံရေး ကောင်းအောင် ၊အဆင်ပြေအောင် နေထိုင် ခဲ့ကြပါတယ်။

ယနေ့ ကျနော်တို့ အနေဖြင့် အေမာမ်၏ ကိုယ်စားလှယ်တော် ကိုယ်ချင်း စာ တရားရှိသည့် ခေါင်းဆောင် သာသနာ့ပညာရှင် အာယာသွလ္လာဟ် အလ်အွဇ်မာ အေမာမ် ခါမေနာအီ မှ လူထု ကို တားမြစ် ချိန် တွင် မလိုက်နာပဲ နေကြသည် ကိုတွေ ရလျှင် ပူဆွေးသောက ဖြစ်ဖို့ မလိုတော့ ချေ။

အကြောင်းမှာ ကျနော်တို့ သမိုင်းကိုက ပြနေပါတယ် ။ မိမိတို့၏ လုပ်ထုံးလုပ်နည်း မိမိတို့၏ လုပ်ရပ်များ ၊ ကိုယ် ပိုင် ယုံကြည်ချက်တွေ ပေါ်မှာသာ လိုက်နာပြီး မိမိ၏ အေမာမ် သခင်များ (အ.စ) ၊ မိမိတို့၏ ခေါင်းဆောင် (နိုက်ဗေအေမာမ် များ ) ၏ ဆိုဆုံးမ စကားကို မလိုက်နာ ခြင်း ဖြစ်ပါတယ်။

ဆယက်ဒ် အကီးလွလ်ဂရ်ရဝီး