အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : The Voice Weekly
ကြာသပတေးနေ့

၅ မေ ၂၀၁၆

၀၅:၅၇:၀၁
752135

ဦးနေမျိုးဝေနှင့် တွေ့ခွင့်ရရန် အစ်မဖြစ်သူ တောင်းဆို

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ဖမ်းဆီးခြင်း ခံထားရသော Nay Myo Wai အကောင့်ပိုင်ရှင်ဟုဆိုသူ ဦးနေမျိုးဝေကို ၎င်း၏ အစ်မဆိုသူက တွေ့ရှိလိုကြောင်း တောင်းဆိုရာ ထိန်းသိမ်းထားသည့်နေရာကို ပြောမပြနိုင်ကြောင်း၊ တွေ့ဆုံရန် ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ကြောင်း ပုသိမ်ခရိုင် ဒုတိယရဲမှူးကြီး ဝင်းမြင့်ထူးက ဖြေကြားလိုက်သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ဖမ်းဆီးခြင်း ခံထားရသော Nay Myo Wai အကောင့်ပိုင်ရှင်ဟုဆိုသူ ဦးနေမျိုးဝေကို ၎င်း၏ အစ်မဆိုသူက တွေ့ရှိလိုကြောင်း တောင်းဆိုရာ ထိန်းသိမ်းထားသည့်နေရာကို ပြောမပြနိုင်ကြောင်း၊ တွေ့ဆုံရန် ပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ကြောင်း ပုသိမ်ခရိုင် ဒုတိယရဲမှူးကြီး ဝင်းမြင့်ထူးက ဖြေကြားလိုက်သည်။


 ဦးနေမျိုးဝေ၏ အစ်မတော်စပ်သည်ဟု ဆိုသူ ဒေါ်စန္ဒာဦးနှင့် ဧရာဝတီတိုင်းဒေသကြီး မ.ဘ.သအဖွဲ့မှ ဦးညီသုတ အပါအဝင် အင်အား ၅၀ ကျော် ဝန်းရံ၍ ဦးနေမျိုးဝေကို မည်သည့်နေရာတွင် ရှိကြောင်း သိလိုသည်ဟု မေးမြန်းခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးနေမျိုးဝေတွင် အသက်ရှူကျပ်သည့် ဝေဒနာရှိ၍ တွေ့ရှိလိုကြောင်း ဒေါ်စန္ဒာဦးက ပြောရာတွင် ပုသိမ်ခရိုင် ရဲမှူးကြီးက "ဘယ်မှာဆိုတာ မပြောနိုင်ပါဘူး။ သူက Request လုပ်လို့ အသက်ရှူဆေးဘူး သုံးဘူး ဝယ်ပေးထားပါတယ်။ လိုအပ်ရင် ထပ်ပြောဖို့လည်း ပြောထားပါတယ်။ တွေ့ဆုံဖို့ကိုတော့ ကျွန်တော်တို့ ပြန်ဆက်သွယ်ပါ့မယ်" ဟု ပြန်လည်ဖြေကြားသည်။

ဦးနေမျိုးဝေကို အမြန်လမ်း မိုင်အမှတ် ၂၂ အနီးတွင် ယမန်နေ့ (မေ ၄ ရက်) မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

(ပုံစာအညွှန်း - ဦးနေမျိုးဝေ၏ အစ်မတော်စပ်သည်ဟုဆိုသူ ဒေါ်စန္ဒာဦးနှင့် ဧရာဝတီတိုင်းဒေသကြီး မ.ဘ.သ အဖွဲ့မှ ဦးညီသုတနှင့် မ.ဘ.သ တံဆိပ်ပါ တီရှပ်အင်္ကျီ ဝတ်ဆင်ထားသူအချို့ ပါသော လူငါးဆယ်ကျော်ကို မေ ၄ ရက် ည ၁၁ နာရီခန့်က ကန်ကြီးထောင့် မြို့အဝင်ဂိတ်တွင် တွေ့ရစဉ်။) ဓာတ်ပုံ - မောင်မျိုးထက် (ပုသိမ်)



=========================
251