အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : dvb
စနေနေ့

၇ မေ ၂၀၁၆

၁၉:၁၆:၀၇
752751

ပါကစ္စတန် ကားဒရိုင်ဘာသား မွတ်စလင်တဦး လန်ဒန်မြို့တော်ဝန် ဖြစ်လာ

ဗြိတိန် လေဘာပါတီ ကိုယ်စားပြု မွတ်စလင် အမတ်တဦး လန်ဒန်မြို့တော်ဝန် ဖြစ်လာပါတယ်။ ပါကစ္စတန် ကားဒရိုင်ဘာရဲ့သား အသက် ၄၅နှစ် ဆာဒစ်ခန်းဟာ မဲအရေအတွက် ၁.၃ သန်းကျော် ရရှိပြီး မဲအရေအတွက် ၉ သိန်းကျော်ရထားတဲ့ ကွန်ဆာဗေးတစ်က အမတ် ဇက်ဂိုးစမစ်ကို အနိုင်ရ ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဗြိတိန် လေဘာပါတီ ကိုယ်စားပြု  မွတ်စလင် အမတ်တဦး လန်ဒန်မြို့တော်ဝန် ဖြစ်လာပါတယ်။

ပါကစ္စတန် ကားဒရိုင်ဘာရဲ့သား အသက် ၄၅နှစ် ဆာဒစ်ခန်းဟာ မဲအရေအတွက် ၁.၃ သန်းကျော် ရရှိပြီး မဲအရေအတွက် ၉ သိန်းကျော်ရထားတဲ့ ကွန်ဆာဗေးတစ်က အမတ် ဇက်ဂိုးစမစ်ကို အနိုင်ရ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအနိုင်ကြောင့် ၈ နှစ်ကျော် ကွန်ဆာဗေးတစ်တွေ သိမ်းပိုက်ထားတဲ့ ရာထူးကို လေဘာပါတီက ပြန်လည် ရယူလိုက်နိုင်တာ ဖြစ်ပါတယ်။

မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ပေးသွားတဲ့ လန်ဒန်မြို့ခံတွေကို ကျေးဇူးတင်တယ်လို့ ခန်းက အောင်ပွဲခံမိန့်ခွန်းမှာ ပြောပါတယ်။

စိုးရွံမှုတွေ ကွဲပြားမှုတွေ လွမ်းမိုးထားပေမယ့် မျှောင်လင့်ချက်နဲ့ စည်းရုံးမှုကို ရွေးချယ်တဲ့

လန်ဒန်မြို့ခံတွေအတွက် ဂုဏ်ယူတယ်လို့လည်း သူက ဆိုပါတယ်။

ခန်းဟာ မောင်နှမ ၈ ဦးအနက် ၅ ဦးမြောက်ဖြစ်ပြီး လန်ဒန်ရဲ့ ပဋိပက္ခဖြစ်နေတဲ့ အိမ်ယာကိစ္စကို ဦးစားပေး ဖြေရှင်းမယ်လို့ ကတိပေးထားပါတယ်။

မဲဆွယ်စည်းရုံးစဉ်မှာ ကောင်ဆာဗေးတစ်တွေက ခန်းကို အန္တရယ်ရှိသူ အစွန်းရောက်တွေရဲ့ ဆန္ဒရိုင်းကို ဖြည့်စီးသူအဖြစ် စွပ်စွဲထားသလို လေဘာပါတီက ဂိုးစမစ်ရဲ့ လှုပ်ရှားမှုဟာ မွတ်စလင်တွေ စိုးရွံတဲ့ ရောဂါ စွဲကပ်နေတယ်လို့ စွပ်စွဲထားပါတယ်

==========================

251 / End