အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၁၃ မေ ၂၀၁၆

၀၇:၄၂:၃၀
753889

ရှေ့ဆောင်အီမာမ်တစ်ဦးအား စွပ်စွဲပြောဆိုခဲ့မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ပြန်လည်တောင်းပန်

ယူကေရှိ ရှေ့ဆောင်အီမာမ်ဟောင်းတစ်ဦးဖြစ်သော ဆူလိုင်မန်ဂနီအား IS အကြမ်းဖက်အဖွဲ့ကို ထောက်ခံသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။




ယူကေရှိ ရှေ့ဆောင်အီမာမ်ဟောင်းတစ်ဦးဖြစ်သော ဆူလိုင်မန်ဂနီအား IS အကြမ်းဖက်အဖွဲ့ကို ထောက်ခံသည်ဟု စွပ်စွဲပြောဆိုခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

လွန်ခဲ့သည့် ၂ ပတ်က ပြုလုပ်ခဲ့သည့် လွှတ်တော် အထူးအစည်းဝေးတွင် ၀န်ကြီးချုပ်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၀န်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူကမူ မစ္စတာ ဂနီမှာ ‘အစ္စလာမ့်မစ်နိုင်ငံ’ ထောက်ခံသည်ဟု ၀န်ကြီးချုပ်က ပြောခြင်းဖြစ်ပြီး IS အဖွဲ့ကို ထောက်ခံသည်ဟု မဆိုလိုကြောင်း ပြောကြားခဲ့သည်။

“ဆူလိုင်မန်ဂနီနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်ရဲ့ မှတ်ချက်အတွက် ပြောရရင် ၀န်ကြီးချုပ်က ဂနီဟာ အစ္စလာမ့်မစ်နိုင်ငံတော်အယူအဆကို ထောက်ခံတယ်လို့ ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ မစ္စတာဂနီဟာ IS အဖွဲ့ကို ထောက်ခံတယ်လို့ ပြောတာ မဟုတ်ဘူးဆိုတာတော့ ထင်ရှားပါတယ်။ ဒီလို နားလည်မှုလွဲတာမျိုးအတွက် သူက မစ္စတာဂနီကို တောင်းပန်လိုက်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ပြီးခဲ့သည့်တစ်ပတ်က ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် ထိုစွပ်စွဲချက်ကို ကာကွယ်ရေးဝန်ကြီး မီခေးလ် ဖော်လန်က ထပ်မံပြောကြားခဲ့ပြီး နောက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးကလည်း ပြန်လည်တောင်းပန်ခဲ့သည်။ ထိုကဲ့သို့ စွပ်စွဲပြောဆိုမှုအတွက် မစ္စတာဂနီက ကာကွယ်ရေးဝန်ကြီးအား တရားစွဲဆိုခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍ မစ္စတာဂနီ၏ မိတ်ဆွေများက ထုတ်ပြန်သော ကြေငြာချက်တွင် ထိုကဲ့သို့ ပြောကြားမှုများမှာ ‘အလွန်အမင်း ကြမ်းကြုတ်၊ တာဝန်မဲ့မှု’ ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် ၀န်ကြီးချုပ်အနေဖြင့် ပြန်လည် တောင်းပန်ရန် တောင်းဆိုစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ကြသည်။

Ref: independent