အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
ဗုဒ္ဓဟူးနေ့

၁၈ မေ ၂၀၁၆

၁၈:၂၆:၁၅
755092

ယူအေအီး အစ္စလာမ့်မစ်ဘဏ်က ပြင်သစ်ဘဏ်တစ်ခုနှင့် သဘောတူစာချုပ်ချုပ်

ယူအေအီးက ထိပ်တန်းအစ္စလာမ်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီမရိတ်အစ္စလာမ့်ဘဏ် (EIB) နဲ့ ပြင်သစ်က နာမည်ကြီး Natixis ဘဏ်တို့ဟာ ဒေါ်လာ သန်း ၅၀ တန် သဘောတူညီစာချုပ်တစ်ခုကို တနင်္ဂနွေနေ့မှာ အောင်မြင်စွာ လတ်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) ( အလိုင်ဟေမွတ်စ်စလာမ် ) သတင်းဌာန ၊ အဗ်နာ


ယူအေအီးက ထိပ်တန်းအစ္စလာမ်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီမရိတ်အစ္စလာမ့်ဘဏ် (EIB) နဲ့ ပြင်သစ်က နာမည်ကြီး Natixis ဘဏ်တို့ဟာ ဒေါ်လာ သန်း ၅၀ တန် သဘောတူညီစာချုပ်တစ်ခုကို တနင်္ဂနွေနေ့မှာ အောင်မြင်စွာ လတ်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

EIB ရဲ့ အမှုဆောင်အရာရှိချုပ် ဂျမားလ် ဘင် ဂါလိုက်တာက “Natixis ဘဏ်နဲ့ ဒေါ်လာ သန်း ၅၀ တန် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာဟာ EIB ရဲ့ မှတ်တိုင်သစ် စိုက်ထူနိုင်ခြင်းကို ကိုယ်စားပြုတာဖြစ်ပြီး၊ ရှရီအာနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ဘဏ္ဍာရေးစနစ်ကို ကျင့်သုံးဖို့ စဉ်စားနေတဲ့ အခြားသော ဘဏ္ဍာရေးအသင်းအဖွဲ့တွေအတွက် ရှေ့ပြေးလမ်းကြောင်းတစ်ခုကို ဖောက်ပေးလိုက်တာလည်း ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“EIB အနေနဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေ အများအပြားကို ဆက်လက်ရှာဖွေသွားမှာပါ၊ ရှရီအာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ ကျင့်ဝတ်တွေ၊ စီးပွားရေးအမြင်စူးရှမှုတွေ၊ နည်းပညာတွေ ပေါင်းစပ်ချဉ်းကပ်ခြင်းဖြင့် အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍမှာ ခေါင်းဆောင်နိုင်သူအဖြစ် ဖော်ဆောင်သွားပါမယ်”

Natixis ဘဏ်ရဲ့ မန်းနေးဂျင်းဒါရိုက်တာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အကြီးအကဲဖြစ်တဲ့ ဆီမွန် အဒ်လီကတော့ EIB နဲ့ ဒီလို စာချုပ်ချုပ်ဆိုနိုင်တဲ့အတွက် ၀မ်းမြောက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

“Natixis ဘဏ်ဟာ EIB နဲ့အတူ ပထမဆုံး ရှရီအာနည်းကျ ဘဏ္ဍာရေးစနစ်ကို စတင်လမ်းဖောက်ပြီး လုပ်ကိုင်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ တော်တော်လေး ၀မ်းသာရပါတယ်”

နောက်ပြီး အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းဟာ လက်ရှိအချိန်မှာ အရေးပါလာပြီး အစ္စလာမ့်မစ် ဘဏ်တွေကလည်း ခေတ်ပေါ် နည်းပညာတွေကို အောင်မြင်စွာ ပေါင်းစပ်အသုံးပြုနိုင်လာကြောင်း၊ မိမိတို့အနေနဲ့ EIB နဲ့ အနာဂတ်မှာလည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အဒ်လီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

Ref: IINA


=====================
251/End