အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၁၉ မေ ၂၀၁၆

၁၄:၀၈:၅၄
755227

တရုတ်တိုက်လေယာဉ်များ နှောင့်ယှက်ပျံသန်းမှုကို အမေရိကန် ဝေဖန်

တောင်တရုတ်ပင်လယ်အထက်တွင် တရုတ်တိုက်လေယာဉ်များက အမေရိကန်ရေတပ်၏ ကင်းလှည့်လေယာဉ်တစ်စီးကို နှောင့်ယှက်ပျံသန်းမှုနှင့် ပတ်သက်ပြီး အမေရိကန်စစ်ဘက်က ဝေဖန်ပြောကြားလိုက်သည်။



တောင်တရုတ်ပင်လယ်အထက်တွင် တရုတ်တိုက်လေယာဉ်များက အမေရိကန်ရေတပ်၏ ကင်းလှည့်လေယာဉ်တစ်စီးကို နှောင့်ယှက်ပျံသန်းမှုနှင့် ပတ်သက်ပြီး အမေရိကန်စစ်ဘက်က ဝေဖန်ပြောကြားလိုက်သည်။

တရုတ်၏ J-11 တိုက်လေယာဉ် အနည်းဆုံးနှစ်စီးသည် အမေရိကန်၏ EP-3 ကင်းထောက်လေယာဉ်တစ်စီး ပုံမှန်ကင်းလှည့်တာဝန်ထမ်းဆောင်ချိန်တွင် ဘေးမကင်းသည့် အခြေအနေမျိုးဖြင့် နှောင့်ယှက်ပျံသန်းခဲ့ကြောင်း သိရသည်။ တောင်တရုတ်ပင်လယ်သည် နိုင်ငံတကာ လေပိုင်နက်အတွင်း ရှိနေသည်ဟု အမေရိကန်က ယူဆသော်လည်း တရုတ်က ၎င်းတို့ ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။

တရုတ် ဂျက်တိုက်လေယာဉ်များက အမေရိကန်ကင်းလှည့်လေယာဉ်ကို နှောင့်ယှက်ပျံသန်းမှုမှာ မေ ၁၇ ရက်က ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်သည် တောင်တရုတ်ပင်လယ်အတွင်း ၎င်းတို့ရေတပ်က ထိန်းသိမ်းထားရာ ကျွန်းများအနီး အမေရိကန် တိုက်သင်္ဘောများနှင့် တိုက်လေယာဉ်များ ဖြတ်သန်းမှုကို သတိပေးတားမြစ်ရန် ကြိုးစားခဲ့ဖူးသည်။

“ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေ ဘေးရန်ကင်းရှင်းရေးကို အရှိန်မြှင့် လုပ်ဆောင်ဖို့ လိုပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ နိုင်ငံတကာရေကြောင်းသွားလာမှု သဘောတူညီချက်တွေ၊ စံနှုန်းတွေကို လေ့လာဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း နိုင်ငံတကာ ရေပိုင်နက်မှာ တရုတ်ရဲ့လှုပ်ရှားမှုတွေ သိသိသာသာမြင့်တက်လာတာကို သတိထားမိပါတယ်။ တရုတ်ရဲ့လေယာဉ်တွေဟာ လုံခြုံရေးအရ ဘေးကင်းမှန်ကန်တဲ့ အနေအထားနဲ့ ပျံသန်းဖို့ လိုပါတယ်”ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှ ဗိုလ်ကြီး ဂျက်ဒေးဗစ်က ပြောကြားခဲ့သည်။

အမေရိကန်ရေတပ်သည် ယခင်က အဆိုပါဒေသတွင် ယခုလိုအဖြစ်မျိုး မကြုံဖူးသလောက် ရှားပါးကြောင်းလည်း အခြားစစ်ဘက်အရာရှိတစ်ဦးက မှတ်ချက်ပြုသွားသည်။

Ref: CNN


=========================

251 /End