အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
သောကြာနေ့

၂၀ မေ ၂၀၁၆

၁၅:၂၁:၅၃
755362

ထရမ့်သည် အမေရိကန် သမ္မတ ရာထူးအတွက် အရည်အချင်း ပြည့်မီသူ မဟုတ်ဟု ကလင်တန် ဝေဖန်

ဒေါ်နယ်လ်ထရမ့်သည် အမေရိကန် သမ္မတ တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသူ တစ်ဦးမဟုတ်ဟု ဟီလာရီ ကလင်တန်က တိုက်ခိုက် ပြောကြားလိုက်သည်။

 





ဒေါ်နယ်လ်ထရမ့်သည် အမေရိကန် သမ္မတ တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီသူ တစ်ဦးမဟုတ်ဟု ဟီလာရီ ကလင်တန်က တိုက်ခိုက် ပြောကြားလိုက်သည်။


ကလင်တန်က ဒီမိုကရက် ပါတီ၏ သမ္မတလောင်းအဖြစ် ရေပန်းစားနေသလို ရီပတ်ဘလစ်ကန်ဘက် အားပြိုင်မှုများတွင် ထရမ့်က ဦးဆောင်နေသည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးသည် နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ အဓိက ပြိုင်ဘက်များ ဖြစ်လာရန် သေချာသလောက် ရှိနေသည်။

ကလင်တန်သည် နိုင်ငံရေး လောကတွင် ကာလရှည်ကြာ ကျင်လည်နေသူဖြစ်ပြီး မီဒီယာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီး ထရမ့်ကမူ ယခုနှစ် ရွေးကောက်ပွဲတွင်မှ ရုတ်တရက် လူကြိုက်များလာသူ ဖြစ်သည်။ သို့သော် ၎င်း၏ စည်းလွတ်ဝါးလွတ် ပြောဆိုမှုများနှင့် မှတ်ချက်များက အငြင်းပွားဖွယ် အခြေအနေများ ပေါ်ပေါက်စေခဲ့သည်။

CNNနှင့် အင်တာဗျူးတွင် ကလင်တန်က ထရမ့်နှင့် ပတ်သက်ပြီး “ဒီလူက သူ့ရဲ့ မဲဆွယ်စည်းရုံးမှု ကာလတလျှောက် လက်လွတ်စပယ်နဲ့ အထိန်းအကွပ်မရှိဘဲ အန္တရာယ် အရမ်းများတဲ့ စကားတွေ ပြောခဲ့တာပါ”ဟု မှတ်ချက်ပေးခဲ့သည်။ ထရမ့်သည် အမေရိကန်၏ အရင်းနှီးဆုံး မဟာမိတ် ဗြိတိန်ကို ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် လူချင်းတွေ့ကာ ဆွေးနွေးရန် ဆန္ဒရှိကြောင်းလည်း ပြောဆိုခဲ့ရာ ယင်းသို့သော စကားများသည် ကြောက်စရာ ကောင်းလွန်းကြောင်း ကလင်တန်က ဆိုသည်။

“ဒီတော့ ကျွန်မက ကောက်ချက်ချရရင် ဒီလူဟာ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတအဖြစ် တာဝန်ယူဖို့ အရည်အချင်း မပြည့်မီပါဘူး”ဟု သူမက CNNသို့ ပြောကြားခဲ့သည်။ အမေရိကန်၏ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဆောင်ရွက်ဖူးသော ကလင်တန်က ထရမ့်သာ သမ္မတ ဖြစ်လာပါက အမေရိကန်၏ အမျိုးသား လုံခြုံရေးအတွက် စိုးရိမ်စရာများ ကြုံလာမည်ဟုလည်း သတိပေးခဲ့သည်။

“တကယ်တော့ ဒီလူရဲ့ လုပ်ရပ်တွေက ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ တည်ဆောက်ခဲ့တဲ့ ဒီမိုကရေစီ၊ ကျွန်မတို့ရဲ့ စီးပွားရေးအတွက် အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်”ဟုလည်း ကလင်တန်က စွပ်စွဲ ပြောကြားသွားသည်။

Ref: CNN

===============================

251 / End